ဗလာဒီမီယာ ပူတင်

  1. မြန်မာကို လေယာဉ်ကအစ စစ်သုံးပစ္စည်းတွေ ပေးမယ်လို့ ရုရှားလက်နက်ကုမ္ပဏီ အကြီးအကဲကပြော

    Rosoboronexport
    Image caption: ရုရှားလက်နက်တွေ ပြည်ပပို့ဖို့ သမ္မတပူတင်က Rosoboronexport ကုမ္ပဏီကို တာဝန်ပေးထား
    Rosoboronexport ရဲ့ အကြီးအကဲ အလက်ဇန်ဒါ မီခေးဗ်
    Image caption: Rosoboronexport ရဲ့ အကြီးအကဲ အလက်ဇန်ဒါ မီခေးဗ်

    မြန်မာကို လေယာဥ် အပါအဝင် စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ရုရှားက ပေးဖို့ရာ လုပ်ဆောင် နေတယ်လို့ မော်စကိုက လာတဲ့ သတင်းတွေက ဆိုပါတယ်။

    “စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ပေးဖို့ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်မှုမျိုးတွေ ရှိနေပါတယ်။ လေယာဥ်လည်း ပါဝင်ပါတယ်” ဆိုပြီး ရိုဆိုဘိုရိုနက်စပေါ့ Rosoboronexportလက်နက်ပွဲစား ကုမ္ပဏီရဲ့ အကြီးအကဲ အလက်ဇန်ဒါ မီခေးဗ်က ပြောကြောင်း ကြားသိရပါတယ်။

    အဲဒီ ကုမ္ပဏီဟာ ရုရှား အစိုးရအောက်မှာ ရှိပြီး ပြည်ပကို ရုရှားရဲ့ စစ်လက်နက်တွေနဲ့ စစ်သုံးပစ္စည်းတွေ တင်ပို့မှုအားလုံးကို တာဝန်ယူဖို့ရာ သမ္မတပူတင်က အမိန့်စာ ထုတ်ထားပါတယ်။

    အခုသီတင်းပတ်ထဲမှာပဲ ရုရှားမှာ နှစ်စဥ်လုပ်လေ့ရှိတဲ့ နိုင်ငံတကာ MAKS လေယာဥ်ပြပွဲ ရှိနေခဲ့တာမှာ ရုရှားကထုတ်တဲ့ နောက်ဆုံးပေါ် တိုက်လေယာဥ်ကအစ ထုတ်ပြခဲ့ပြီး သမ္မတပူတင်လည်း လာပြီးကြည့်ပါတယ်။

    အဲဒီ ပြပွဲမှာ လက်နက်တင်ပို့ရေး တာဝန်ခံ အလက်ဇန်ဒါ မီခေးဗ်က မြန်မာကို လေယာဥ်တွေ အပါအဝင် စစ်သုံးပစ္စည်းတွေ ပေးမယ်လို့ ပြောကြောင်း မော်စကို အခြေစိုက် အစိုးရနဲ့ မသက်ဆိုင်တဲ့ သတင်းဌာန အင်တာဖက်စ်က ရေးပါတယ်။

    ဒါဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံက နောက်ဆုံးချမှတ်ထားတဲ့ မြန်မာ့ အရေး ဆုံးဖြတ်ချက်တွေထဲ ပါဝင်တဲ့ မြန်မာပြည်ထဲ လက်နက်စီးဝင်မှု တားဆီးရေး ဆိုတဲ့ အချက်နဲ့ ဆန့်ကျင်နေတာ ဖြစ်ပါတယ်။

    အဲဒီ ရုရှားကုမ္ပဏီ ရိုဆိုဘိုရိုနက်စပေါ့ကို အီရန်ကို လက်နက်ရောင်းလို့ ဆိုပြီး အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြုလုပ်ဖူးပါတယ်။

    အခု မြန်မာပြည်ကို စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေ ပေးမယ်လို့ ရိုဆိုဘိုရိုနက်စပေါ့ရဲ့ အကြီးအကဲက ပြောလာတာ ဖြစ်ပြီး၊ လေယာဥ်ပါဝင်တယ်လို့ ပြောတာကလွဲပြီး ဘာအမျိုးစားလဲ၊ ဘယ်နှစ်စင်းလဲ၊ တခြား ဘာလက်နက်တွေ စစ်သုံးပစ္စည်းတွေ ပါသေးလဲ ဆိုတဲ့ အသေးစိတ် အချက်တွေကိုတော့ မသိရသေးပါဘူး။

    လုံခြုံရေးဆိုင်ရာ မော်စကို ကွန်ဖရင့်စ်ကို အာဏာသိမ်း စစ်ခေါင်းဆောင် ပြီးခဲ့တဲ့ လတုန်းက သွားခဲ့တုန်းကတော့ ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂေးရွိုင်ဂူးက မြန်မာနဲ့ကြား စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ဆက်လက်တိုးမြှင့်သွားမယ် ဆိုပြီး ပြောထားပါတယ်။

    အခုသီတင်းပတ်ထဲ MAKS ပြပွဲမှာ ထုတ်ပြခဲ့တဲ့ ရုရှားရဲ့ အင်္ဂျင်တစ်လုံးတပ် ဆုခွိုင်အမျိုးအစား နောက်ဆုံးထုတ် ဂျက်တိုက်လေယာဥ်။ “ပွဲသိမ်း” “Checkmate” ဆိုပြီး နာမည်ပေးထား
    Image caption: အခုသီတင်းပတ်ထဲ MAKS ပြပွဲမှာ ထုတ်ပြခဲ့တဲ့ ရုရှားရဲ့ အင်္ဂျင်တစ်လုံးတပ် ဆုခွိုင်အမျိုးအစား နောက်ဆုံးထုတ် အပေါ့စား ဂျက်တိုက်လေယာဉ်။ “ပွဲသိမ်း” “Checkmate” ဆိုပြီး နာမည်ပေးထား
    MAKS ပြပွဲမှာ ရုရှားရဲ့  Mikoyan MIG-31 မစ်-၃၁ နောက်ဆုံးပေါ် တိုက်လေယာဥ်ကိုလည်း တွေ့ခဲ့ရ
    Image caption: MAKS ပြပွဲမှာ ရုရှားရဲ့ Mikoyan MIG-31 မစ်-၃၁ နောက်ဆုံးပေါ် တိုက်လေယာဥ်ကိုလည်း တွေ့ခဲ့ရ
  2. မြန်မာနဲ့ စစ်ဘက်ဆက်ဆံရေး တိုးမြှင့်မယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးပြော

    MCIS
    Image caption: MCIS ဆွေးနွေးပွဲမှာ စကားပြောနေတဲ့ ကာကွယ်ရေးဝန် ရွှိုင်ဂူး

    ရုရှားနဲ့မြန်မာကြား စစ်ဘက် ဆက်ဆံရေး ပိုခိုင်မာ တိုးတက်အောင် ဆက်ပြီးလုပ်မယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီး ဆာဂေးရွှိုင်ဂူးက မော်စကိုမှာ ရောက်နေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြောခဲ့တယ်လို့ ရုရှားက လာတဲ့ သတင်းတွေက ဆိုပါတယ်။

    “ နှစ်နိုင်ငံကြား တည်ဆောက်နှင့်ပြီး ဖြစ်တဲ့ အပြန်အလှန် နားလည်မှု၊ လေးစား ယုံကြည်မှုတွေ အပေါ် အခြေခံလို့ ဆက်ဆံရေး ပိုခိုင်မာအောင် ဆက်လက် လုပ်ဆောင်ကြရေး စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်တယ်” လို့ ရုရှား ကာကွယ်ရေးဝန် ရွှိုင်ဂူးကို ကိုးကားပြီး ရုရှား သတင်းဌာန RIA က ရေးပါတယ်။

    မော်စကိုမှာ အခုသီတင်းပတ်ထဲ ကျင်းပနေတဲ့ နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ နှီးနှောပွဲ MCIS ကို မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင် တက်ရောက်နေပါတယ်။

    ဇွန်လ ၂၃ ရက်နေ့မှာ မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် MCIS အစည်းအဝေးမှာ စကားပြောတဲ့ သတင်း ဓာတ်ပုံတွေ ရရှိထားပါတယ်။

    အာဏာသိမ်း စစ်တပ်ချုပ်ကိုင်ထားတဲ့ မြန်မာပြည်နဲ့ကြား လက်နက် အရောင်းအဝယ် အပါအဝင် စစ်ဘက် ဆက်ဆံရေး ရုရှားက ဆက်လက် ထားရှိနေတာ၊ အပြန်အလှန် ခရီးတွေ သွားရောက် နေကြတာတွေ အပေါ်လူ့အခွင့် အရေးလှုပ်ရှားသူတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ဝေဖန် နေကြပါတယ်။

    အဓိကကတော့ အာဏာသိမ်း စစ်ကောင်စီကို တရားဝင် အစိုးရသဖွယ် ရုရှားက အသိအမှတ်ပြု ဆက်ဆံနေတဲ့ သဘောသက်ရောက်မှာကို စိုးရိမ် နေကြတာ ဖြစ်ပါတယ်။

    အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ လက်ရှိ မော်စကို ခရီးစဥ် အတွင်းမှာတော့ ရုရှား သမ္မတ ပူတင်နဲ့ တွေ့ဆုံဖို့ မရှိဘူးလို့ ကရင်မလင် ပြောခွင့်ရ ဒီမီထရီ ပက်ရှ်ကော့ဗ်ကို ကိုးကားပြီး နိုင်ငံတကာ သတင်းတွေက ရေးနေပါတယ်။

    မြန်မာပြည်မှာ ဒီမိုကရေစီ လမ်းကြောင်းကို ပြန်ပြီး အရောက်သွားဖို့၊ ဖမ်းဆီးခံထားရတဲ့ တရားဝင် ရွေးကောက်တင်မြှောက်ခံ အစိုးရ ခေါင်းဆောင်တွေကို ပြန်လွှတ်ဖို့ ဆိုတဲ့ အချက်တွေကို တရုတ်၊ ရုရှား အပါအဝင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကနေ သဘောထား ထုတ်ပြန် ထားပါတယ်။

    ဒါ့အပြင် မြန်မာပြည်မှာ အရပ်သားတွေ သေဆုံးနေရတာကို အင်မတန် စိုးရိမ်ပူပန်ကြောင်း သမ္မတပူတင်ရဲ့ ရုရှားအစိုးရက ပြီးခဲ့တဲ့ မတ်လတုန်းက ထုတ်ပြန်ခဲ့ပါတယ်။

    MCIS မော်စကို
    Image caption: MCIS မော်စကို အစည်းအဝေး ၂၀၂၁ ကို တက်ရောက်နေတဲ့ မြန်မာစစ်ခေါင်းဆောင်
  3. အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ ဒုတိယမြောက် နိုင်ငံခြားခရီး

    MCIS
    Image caption: MCIS ၈ ကြိမ်မြောက် ၂၀၁၉ အစည်းအဝေးမှာလည်း မြန်မာစစ်ခေါင်းဆောင် ရှိနေခဲ့

    မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံ မော်စကိုမြို့တော်ကို နိုင်ငံခြားခရီး သွားရောက် နေတယ်လို့ စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ ရုပ်သံဌာနတွေက ကြေညာပါတယ်။

    ဇွန်လ ၂၂ ရက်နေ့ ကနေ ၂၄ အထိ ၊ ၃ ရက်တာ ကျင်းပဖို့ စီစဥ်ထားတဲ့ နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ မော်စကိုကွန်ဖရင့်စ် ကို တက်ရောက်မှာ ဖြစ်တယ်လို့ နားလည် ရပါတယ်။

    ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ကမကထ ပြုလုပ်တဲ့ MCIS လို့ အတိုကောက် ခေါ်တဲ့ အဲဒီ မော်စကို နှီးနှော ဖလှယ်ပွဲ ကျင်းပလာခဲ့တာ အခုဆိုရင် ၉ ကြိမ် တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မနှစ်ကတော့ ကိုဗစ် ကပ်ရောဂါကြောင့် အစည်းအဝေးကို ဖျက်ခဲ့ပါတယ်။

    ၂၀၁၉၊ ဧပြီလတုန်းက ကျင်းပတဲ့ ၈ ကြိမ်မြောက် အစည်းအဝေးမှာလည်း မြန်မာ စစ်ခေါင်းဆောင် ရှိနေခဲ့ပါတယ်။

    ကမ္ဘာကြီးပေါ် လက်ရှိ ပေါ်ပေါက်နေတဲ့ လုံခြုံရေး ဆိုင်ရာ အရေးကြီးဆုံး ပြဿနာရပ်တွေကို ဒီ အစည်းအဝေး အတွင်း ဆွေးနွေးကြဖို့ ရှိတ​ယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီး ဆာဂေး ရွှိုင်ဂူက ပြောထားပါတယ်။

    ဒီမော်စကို ကွန်ဖရင့်စ်ကို ကာကွယ်ရေး ဝန်ကြီးတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ၊ အစိုးရမဟုတ်တဲ့ လုံခြုံရေးကဏ္ဍပိုင်း ကျွမ်းကျင်သူ ပညာရှင်တွေ တက်ရောက်လေ့ ရှိပါတယ်။

    မြန်မာ စစ်ခေါင်းဆောင်ရဲ့ ဒီ ခရီးစဥ်ဟာ စစ်အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာအရေး အာဆီယံ ဆွေးနွေးပွဲ ဂျကာတာ ခရီးနောက်၊ ဒုတိယမြောက် နိုင်ငံခြား ခရီးစဥ် ဖြစ်ပါတယ်။

    ဆာဂေး ရွှိုင်ဂူ
    Image caption: လုံခြုံရေး ပြဿနာတွေ ကိုင်တွယ်ရေး ကာကွယ်ရေးဌာနက အရေးအပါဆုံးဆိုပြီး ပြောတဲ့ ရုရှား ကာကွယ်ရေးဝန် ဆာဂေး ရွှိုင်ဂူ
  4. မြန်မာဟာ ဗျုဟာမြောက် မိတ်ဖက်နိုင်ငံလို့ ရုရှားကာကွယ်ရေး ဒု၀န်ကြီးပြော

    စစ်သင်္ဘောမုတ္တမ
    Image caption: မြန်မာကမ်းတက်စစ်သင်္ဘောမုတ္တမ ရုရှားအရှေ့ဖျား ဗလာဒီဗော့စတော့ကိုရောက်လာစဥ်၊ နို၀င်ဘာ ၂၀၁၉

    နိုင်ငံတ၀န်း ဆန္ဒပြ ပြည်သူတွေ နေ့စဥ်ရက်ဆက် သေဆုံး နေတဲ့အတွက် အမေရိကန်နဲ့ ဗြိတိန် တို့လို အနောက်အုပ်စု နိုင်ငံတွေက စစ်ကောင်စီ အပေါ် ပြင်းပြင်းထန်ထန် ၀ေဖန်ပြစ်တင်ပြီး ဒဏ်ခတ် ပိတ်ဆို့တာတွေ ပြုလုပ်နေပါတယ်။

    ဒီအချိန်မှာပဲ ရုရှားကတော့ မြန်မာနိုင်ငံနဲ့ကြား စစ်ရေးပူးပေါင်း ဆောင်ရွက်တာတွေ ပိုပြီး တိုးမြှင့်လိုတယ်လို့ ပြောလာပါတယ်။

    မြန်မာနိုင်ငံမှာ လက်ရှိရောက်နေတဲ့ ရုရှား ဒုတိယ ကာကွယ်ရေး ၀န်ကြီး အလက်ဇန်ဒါဖိုမင်က “မြန်မာဟာ အာရှတိုက်မှာ ရုရှားအတွက် စိတ်ချယုံကြည်ရပြီး မဟာဗျုဟာမြောက် အရေးပါတဲ့ မဟာမိတ် ဖြစ်တယ်” လို့ ပြောကြောင်း ရုရှား အစိုးရ သတင်းဌာန TASS က ရေးပါတယ်။

    ဆန္ဒပြသူတွေဆီက သိမ်းမိထားတဲ့ ပစ္စည်းတွေ ဆိုပြီး၊ လက်လုပ်ဒိုင်းတွေ၊ မော်တော်ဆိုင်ကယ်စီး ဟဲလ်မက်ဦးထုပ်တွေ၊ ရေနံဆီပုလင်း လက်လုပ် မီးလောင်ဗုံးတွေလို ပစ္စည်းတွေကို နေပြည်တော်ရောက် ရုရှား ကာကွယ်ရေး ဒု၀န်ကြီးကို မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြသခဲ့ပါတယ်။

    မြန်မာပြည်သူတွေကို အကာအကွယ်ပြုပေးဖို့ ကုလသမဂ္ဂတပ်တွေ ၀င်လာပေးပါ ဆိုပြီး နိုင်ငံရေး အင်အားစုတွေက တောင်းဆို နေချိန်မှာ၊ မြန်မာ စစ်ကောင်စီ မတ်လ ၂၇ ရက်နေ့ ပြုလုပ်မယ့် စစ်ရေးပြ အခမ်းအနားကို ရုရှား ကာကွယ်ရေးဌာနက အဆင့်မြင့်ကိုယ်စားလှယ် စေလွှတ်လာတာ ဖြစ်ပါတယ်။

    ရုရှား ကာကွယ်ရေး ဒု၀န်ကြီး ဖိုမင်ကတော့ ဒုတိယကမ္ဘာစစ် တုန်းက နာဇီဂျာမနီကို အောင်နိုင်ခဲ့တဲ့ ရုရှားတို့ရဲ့ မဟာမျိုးချစ် စစ်ပွဲကြီး ၇၅နှစ်ပြည့် စိန်ရတု စစ်ရေးပြပွဲတုန်းက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့လို့၊ အခု ရုရှားလည်း အပြန်အလှန် လာပြီး တက်ရောက်တာလို့ ဆိုပါတယ်။

    အခုနှစ်ပိုင်းတွေ အတွင်း ရုရှားနဲ့မြန်မာကြား စစ်ရေးဆက်ဆံမှုတွေ တိုးမြှင့် တည်ဆောက်လာနေတာ တွေ့ရပါတယ်။

    မြန်မာပြည်က စစ်ပညာတော်သင်တွေ ထောင်ပေါင်းများစွာကို မော်စကို အစိုးရက လက်ခံရုံမက၊ လက်နက်ရောင်းတာတွေ၊ စစ်ရေးပူးတွဲ လေ့ကျင့်တာမျိုးတွေလည်း ပြုလုပ်ပါတယ်။

    မြန်မာစစ်တပ်ကို လက်နက်မရောင်းဖို့ အနောက်အုပ်စုနိုင်ငံတွေက ပိတ်ထားချိန်၊ ၂၀၁၄ ကနေ ၂၀၁၉ အတွင်း မြန်မာစစ်တပ် ရရှိခဲ့တဲ့ စစ်လက်နက် ပစ္စည်းတွေထဲ ရုရှားဆီက တိုက်ရိုက်ရတာ အနည်းဆုံး ၁၆% ပါ၀င်တယ်ဆိုပြီး စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနအဖွဲ့က ပြောပါတယ်။

    ရုရှားက ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေမှာလည်း မြန်မာစစ်တပ် ပါ၀င်နေခဲ့ပါတယ်။

    ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလထဲမှာတင်၊ ရုရှားနိုင်ငံတောင်ပိုင်း ကာပူစတင်ယာ ဒုံးကျည်ပစ် အခြေစိုက်စခန်း ရှိရာမှာ ပြုလုပ်တဲ့ “ကော့ကေးဆပ် ၂၀၂၀” စစ်ရေးလေ့ကျင့်ခန်းထဲ တရုတ်၊ အီရန်၊ ပါကစ္စတန်တို့နဲ့အတူ မြန်မာလည်း ပူးတွဲ ပါ၀င်ခဲ့ပါတယ်။

    ဆန္ဒပြ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ရုရှားက တရား၀င် အစိုးရသဖွယ် ဆက်ဆံပြတာဟာ စစ်ကောင်စီ ကျုးလွန်နေတဲ့ အကြမ်းဖက်မှုတွေမှာ ရုရှားကိုယ်တိုင် ကြံရာပါ ဖြစ်သွားစေတယ်လို့ Justice For Myanamar အဖွဲ့က ၀ေဖန်ပါတယ်။

    ရုရှား
    Image caption: ရုရှားမှာ စစ်ရေးပူးပေါင်းလေ့ကျင့်တာတွေ အပါအ၀င် စစ်ဘက်ဆိုင်ရာ ပူးပေါင်းမှုတွေရှိ
  5. Video content

    Video caption: ဂျာမနီက ကျွမ်းကျင်သူတွေ ပြောဆိုခဲ့ပြီးနောက် နိုင်ငံတကာက ရှုတ်ချဝေဖန်မှုတွေ ပေါ်ထွက်လာ

    ဂျာမနီက ကျွမ်းကျင်သူတွေ ပြောဆိုခဲ့ပြီးနောက် နိုင်ငံတကာက ရှုတ်ချဝေဖန်မှုတွေ ပေါ်ထွက်လာ

  6. ဘယ်လာရုစ် သမ္မတ အလက်ဇန်းဒါး လူကာရှန်ကို

    ဘယ်လာရုစ် သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုဟာ နိုင်ငံကို ၂၆ နှစ်ကြာ တင်းတင်းကျပ်ကျပ် ချုပ်ကိုင်အုပ်စိုးခဲ့တဲ့အတွက် ဥရောပရဲ့ နောက်ဆုံး အာဏာရှင်အဖြစ် သူ့ကို ရည်ညွှန်း ပြောလေ့ရှိကြပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  7. ခန်တီမန်စီ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာလည်း ရုရှားဖွဲ့စည်းပုံအသစ် မဲပေးမှု အချိန်စော ပြုလုပ်နေ

    ပြီးခဲ့တဲ့ အနှစ်၂၀အတွင်း ဝန်ကြီးချုပ်နဲ့ သမ္မတ နေရာ တစ်ခုခုယူထားခဲ့တဲ့ လက်ရှိ ရုရှားသမ္မတ ပူတင်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကြောင့် ၂၀၃၆ အထိ အာဏာဆက်ရနေမှာလား

    အပြည့်အစုံ ဖတ်ရန်
    next
  8. Video content

    Video caption: ရုရှားသမ္မတက သူ့သက်တမ်းပိုရှည်မယ့် အစီအစဉ်တွေချပြ

    ရုရှား သမ္မတ ပူတင်က သူ့ရဲ့ အုပ်ချုပ်ရေး အာဏာ ပိုမို သက်တမ်း ရှည်ကြာစေမယ့် အစီအစဉ်တွေကို ချပြလိုက်

  9. Video content

    Video caption: ယူကရိန်း အရှေ့ပိုင်းက ပဋိပက္ခတအဆုံးသတ်စေရေး ယူကရိန်းနဲ့ ရုရှားခေါင်းဆောင် နှစ်ဦးဆွေးနွေးပွ

    ယူကရိန်း အရှေ့ပိုင်းက ပဋိပက္ခတွေကို အဆုံးသတ်စေရေး ရည်ရွယ်တဲ့ ယူကရိန်းနဲ့ ရုရှားခေါင်းဆောင် နှစ်ဦးဆွေးနွေးပွဲ