ကွန်ပျူတာလုံခြုံရေး

  1. ကီးဘုတ်မှာစာရိုက်နေ

    အမေရိကန်ကုမ္ပဏီ ၂၀ဝ ကျော် ဆိုင်ဘာတိုက်ခိုက်ခံရပြီး ပြန်ပေးငွေ အတောင်းခံရနိုင်စရာ ရှိနေ

    အပြည့်အစုံ ဖတ်ရန်
    next
  2. သြစတြေးလျမှာ လူ ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရ

    ANOM အပ်ပလီကေးရှင်းကို အသုံးပြီးနောက် မက်ဆေ့ချ်တွေ စောင့်ကြည့်ခံရရာက ကမ္ဘာအနှံ့က လူပေါင်းရာချီပြီး အဖမ်းခံခဲ့ရပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  3. JBS logo

    ဒီတိုက်ခိုက်မှုကြောင့် အသားထုတ်လုပ်ငန်းကြီး JBS ရဲ့ အမေရိကန်၊ ကနေဒါနဲ့ သြစတေးလျက လုပ်ငန်းတွေ အကုန် ရပ်ဆိုင်းသွားခဲ့ရပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  4. ဝှိုက်လစ်စာရင်းနဲ့ အင်တာနက်ကန့်သတ်ဖို့ ခြေလှမ်းလာတဲ့ စစ်ကောင်စီ

    Whitelist လို့ ခေါ်တဲ့ ကင်းလွတ် စာရင်းတွေနဲ့ ကန့်သတ်ခြင်းဟာလည်း အင်တာနက် ပိတ်ပင်တားဆီးတဲ့ လုပ်ပုံလုပ်နည်း တစ်ခုပဲလို့ ရန်ကုန် အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

    မြန်မာပြည်ထဲ အာဏာသိမ်းစစ်ကောင်စီက အများသူငါတွေ ကြည့်ရှုရန်သင့်တဲ့ အွန်လိုင်း စာမျက်နှာတွေ၊ ဒိုမိန်းအမည်တွေ ဆိုပြီး သတ်မှတ်လာတဲ့ အပေါ် ရန်ကုန် အမေရိကန် သံရုံးက တုံ့ပြန်လာတာ ဖြစ်ပါတယ်။

    စစ်ကောင်စီရဲ့ ကင်းလွတ်ခွင့် စာရင်းထဲ ဖေ့စ်ဘုတ်နဲ့ တွစ်တာတို့လို တကမ္ဘာလုံးက သူတွေနဲ့ ထိတွေ့ဆက်ဆံ နိုင်တဲ့ လူမှုကွန်ရက် စာမျက်နှာတွေ မပါဝင်တာ သိသိသာသာကြီး တွေ့မြင် နေရတယ်လို့ ပြည်တွင်း ပြည်ပ အကဲခတ်တွေက ထောက်ပြ နေကြပါတယ်။

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ သဘောထားအမြင်တွေ၊ သတင်းအချက်အလက်တွေကို စစ်ကောင်စီက ထိန်းချုပ်နိုင်ရေး အတွက် အင်တာနက် ဖြတ်တောက်တာတွေ လုပ်ခဲ့အပြီး၊ အခုအခါ သူတို့ ကြည့်စေချင်တဲ့ ခွင့်ပြုတဲ့ အွန်လိုင်း စာမျက်နှာတွေကိုပဲ မြန်မာပြည်သူတွေ ကြည့်ရှုနိုင်မယ့် အခြေအနေမျိုးရောက်အောင် ခြေလှမ်းလာတာလို့ ဝေဖန်သူတွေက ဆိုပါတယ်။

    သတင်းတွေကို ရရှိပိုင်ခွင့်ဆိုတာ အခြေခံလူ့အခွင့်အရေး အဖြစ် နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းထဲမှာ ထည့်သွင်းကာကွယ်ထားတဲ့ အရာ ဖြစ်တယ်လို့ အမေရိကန် အစိုးရက ပြောထားပါတယ်။

    ဒါ့အပြင်၊ အင်တာနက် ပိတ်ပင်မှုကြောင့် မြန်မာပြည်ထဲ ရိုက်ခတ်ခံစားရတဲ့ ဆိုးကျိုးတွေ အကြောင်းလဲ အမေရိကန် အစိုးရ နိုင်ငံခြားရေး ဌာနရဲ့ ဝက်ဘ်ဆိုက် စာမျက်နှာ တစ်ခုဖြစ်တဲ့ ShareAmerica မှာ ရေးသားထားပါတယ်။

    အင်တာနက် ပိတ်ပင် ကန့်သတ်တာဟာ နိုင်ငံရေး သက်သက် အပေါ်မှာသာမက ကိုဗစ် ကမ္ဘာ့ကပ်ရောဂါ ကာလ၊ လူတွေ သိသင့်သိထိုက်တဲ့ သတင်း အချက်အလက်တွေ မရနိုင်တော့တဲ့ အန္တရာယ်မျိုးလည်း ဖြစ်လာစေခဲ့တယ်လို့ ထောက်ပြကြသူတွေ ရှိပါတယ်။

    ဒါ့အပြင်၊ မိုဘိုင်း အင်တာနက်တွေကို စစ်ကောင်စီက ဖြတ်တောက်ခဲ့ချိန်မှာ ဒစ်ဂျစ်တယ် စီးပွားရေး တစ်ခုလုံး ပြိုလဲသွားကြောင်း ရန်ကုန် အခြေစိုက် စီးပွားရေး အသိုင်းအဝိုင်းက ပြောကြပါတယ်။

    အဓိပ္ပာယ်ကတော့ မြန်မာပြည် စီးပွားရေးမှာ တစ်နေ့ကို အမေရိကန် ဒေါ်လာ ၂၄ သန်းကျော် ထိခိုက် နစ်နာသွားစေခဲ့တာ ဖြစ်တယ်လို့ အင်တာနက် သုံးစွဲမှုနဲ့ လုံခြုံရေးဆိုင်ရာ စောင့်ကြည့် လေ့လာရေး အဖွဲ့ NetBlocks က ဆိုထားပါတယ်။

    စစ်ကောင်စီ ကင်းလွတ်စာရင်းထဲ ဖေ့စ်ဘုတ်၊ တွစ်တာမပါဝင်
    Image caption: စစ်ကောင်စီ ကင်းလွတ်စာရင်းထဲ ဖေ့စ်ဘုတ်၊ တွစ်တာမပါဝင်
  5. ကြာသပတေးနေ့မှာ ဒီပိတ်ဆို့မှုတွေကို ကြေညာမယ်လို့ ခန့်မှန်းထားကြပါတယ်

    ၂၀၂၀ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ခြေရှုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပါအဝင် အမေရိကန်ပြည်ထောင်စုကို ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ် ဆိုတာနဲ့ ပတ်သက်လို့ တုံ့ပြန်တဲ့သဘော ဖြစ်ပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  6. Video content

    Video caption: ၂၀၂၁ နည်းပညာ လောကမှာ ဘာအသစ်အဆန်းတွ မြင်လာရမလဲ

    နှစ်သစ်မှာရော ဘယ်လို ဖန်တီးတီထွင်မှုတွေကို မြင်လာရဖို့ ရှိသလဲ

  7. ကိုယ့်သဘောထားကို ကိုယ်မသိလိုက်ပဲ ပုံအဖော်ခံရတာမျိုးဆိုရင်တော့ ဒါမျိုးကို လက်ခံချင်ကြသူ ရှားနိုင်ပါတယ်

    ယူကေက နိုင်ငံရေးပါတီတွေရဲ့ တစ်ကိုယ်ရေ အချက်အလက် အသုံးပြုမှု၊ အချက်အလက် ပွဲစားလုပ်နေတဲ့ ကုမ္ပဏီတွေရဲ့ အခန်းကဏ္ဍနဲ့ အများပြည်သူက တန်ပြန်နိုင်ခြေ အလားအလာ

    အပြည့်အစုံ ဖတ်ရန်
    next
  8. Video content

    Video caption: ၂၀၂၀ အမေရိကန်ရွေးကောက်ပွဲ ဘာထူးခြားသလဲ

    ကိုဗစ်ကြောင့် ခါတိုင်းနဲ့ မတူ

  9. ကိုယ်ရေးအချက်အလက်တွေ ပေါက်ကြားခဲ့တဲ့ကိစ္စ မစ္စတာ အက်ဘော့နဲ့ ဖုန်းပြောခဲ့တယ်လို့ ဟက်ကာက ပြော

    နိုင်ငံကူးလက်မှတ်နဲ့ ဖုန်းနံပါတ်တွေ ဟက်ကာက ရသွားပေမဲ့ ဒီအကြောင်း တာဝန်ရှိသူတွေကို သူက သတိပေးခဲ့ပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  10. Video content

    Video caption: အမေရိကန်ပြည်ထောင်စုနဲ့ တရုတ် အကြား ဘာကြောင့်တင်းမာ

    ကမ္ဘာ့အကြီးဆုံး စီးပွားရေး အင်အားကြီး နိုင်ငံနှစ်ခု ဖြစ်တဲ့ ဒီနှစ်နိုင်ငံအကြား ဘာတွေ ဖြစ်နေကြပါသလဲ

စာမျက်နှာ 1 ရဲ့ 2