၂၀၂၀ အမေရိကန်ရွေးကောက်ပွဲ

  1. Photo 1. ၂၀၂၁ ခုနှစ် အစပိုင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သမ္မတအဖြစ် မကျိန်ဆိုခင်မှာ မြောက်ကိုရီးယားက ပြသခဲ့တဲ့ ဒုံးကျည်သစ်

    မြောက်ကိုရီးယားရဲ့ ဘယ်လို အမျိုးအစား ဒုံးကျည်နည်းပညာတွေက ဘယ်လောက်တိကျအောင် ပစ်ခတ်နိုင်တဲ့အထိ တိုးတက်လာတာလဲ

    အပြည့်အစုံ ဖတ်ရန်
    next
  2. Video content

    Video caption: အာဖဂန် နစ္စတန်အတွင်းက နိုင်ငံတကာ တပ်တွေ အပြီးသတ် ထွက်ခွာ

    အာဖဂန်နစ္စတန် နိုင်ငံတွင်းမှာ ဆယ်စုနှစ် နှစ်ခုကြာ ၀င်ရောက်ခဲ့တဲ့ နိုင်ငံတကာတပ်တွေ အပြီးသတ် ဆုတ်ခွာသွားပါပြီ။

  3. Video content

    Video caption: အာဖဂန်နစ္စတန်ကနေ အမေရိကန် တပ်တွေ ဆုတ်ခွာတဲ့အပေါ် ဂျိုးဘိုင်ဒန်က ကာကွယ်ပြောဆို

    တာလီဘန်က အစိုးရ အမှုထမ်းတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ် ဆိုပြီး လုပ်ငန်းခွင်ကို ပြန်လာကြဖို့ ကြေညာ

  4. အမေရိကန်ဩဇာကြီး ရှေ့နေအသင်းက စစ်ခေါင်းဆောင်ကို အိတ်ဖွင့်ပေးစာပို့

    ရူးအော့ဖ်လောကို ဖျက်သိမ်းတဲ့ မြန်မာစစ်တပ်ဆိုပြီး အေဘီအေ ဝေဖန်
    Image caption: ရူးအော့ဖ်လောကို ဖျက်သိမ်းတဲ့ မြန်မာစစ်တပ်ဆိုပြီး အေဘီအေ ဝေဖန်

    မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းပြီး နိုင်ငံတော် အတိုင်ပင်ခံနဲ့ သမ္မတတို့ကို ဖမ်းဆီးထားတာကို ရှုတ်ချကြောင်း အမေရိကန် ရှေ့နေများ ဘားအသင်း ABA က ထုတ်ပြန်ပါတယ်။

    အာဏာသိမ်း စစ်ခေါင်းဆောင်ကို လိပ်မူထားတဲ့ အိတ်ဖွင့်ပေးစာကို ABA ရဲ့ လက်ရှိ ဥက္ကဌ မစ္စ ပက်ထရစ်ရှာ လီရီဖိုက လက်မှတ်ထိုး ထုတ်ပြန်တာ ဖြစ်ပါတယ်။

    အဲဒီစာထဲမှာ ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် အပါအဝင် အစိုးရခေါင်းဆောင်တွေကို ဖမ်းဆီးခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေး ရူးလ်အော့ဖ်လောကို ဖျက်သိမ်းလိုက်တဲ့ လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချတယ် ဆိုပြီး ရေးသားထားပါတယ်။

    စစ်တပ်ရဲ့လုပ်ရပ်တွေဟာ ဥပဒေစိုးမိုးရေး၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှု ဖော်ဆောင်ရေး။ ဒီမိုကရေစီ အခြေခံမူတွေနဲ့ အခြေခံဥပဒေနဲ့ညီတဲ့ အစိုးရတွေ ထူထောင်ထားရှိရေး ဆိုတဲ့ အာဆီယံ ပဋိညာဥ်ပါ အချက်တွေကို ချိုးဖောက် ရာရောက်နေတယ်လို့ အမေရိကန် ရှေ့နေများ ဘားအသင်းရဲ့ ဥက္ကဌက ထောက်ပြထားပါတယ်။

    အရပ်သားအုပ်ချုပ်ရေးကို ဖယ်ရှားတဲ့ လုပ်ရပ်၊ ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ်တွေကို မလေးစား မလိုက်နာတဲ့ လုပ်ရပ်တွေ အပေါ်မှာလည်း မစ္စ လီရီဖိုက ရှုတ်ချပါတယ်။

    စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ မြန်မာ တရားရေးစနစ်တစ်ခုလုံးကို ပစ်ပယ်လိုက်တာ ဖြစ်ပြီး၊ ရှေ့နေနဲ့ တရားသူကြီးတွေဟာ အမှီအခိုကင်း သီးသန့်လွတ်လပ်ဖို့ လိုတယ် ဆိုတဲ့ အခြေခံမူကိုပါ ပျက်စီးသွားစေတယ်လို့ ဆိုပါတယ်။

    သီးသန့်လွတ်လပ်တဲ့ တရား စီရင်ရေး အာဏာကို ပျက်ပျယ်စေတဲ့ မြို့နယ်တချို့မှာ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ လုပ်ရပ်တွေ အပါအဝင် နိုင်ငံရေး အကျဥ်းသားတွေရဲ့ ရှေ့နေတွေကိုပါ မရှောင် ပစ်မှတ်ထား ဖမ်းဆီးခံနေရတဲ့ အခြေအနေတွေဟာလည်း အင်မတန် စိုးရိမ်စရာ ကောင်းလှတယ်လို့ ရေးသားထားပါတယ်။

    စစ်ခေါင်းဆောင်တွေ အနေနဲ့ ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲကို လေးစားပြီး အရပ်သား အစိုးရနဲ့ CRPH အဖွဲ့ဝင်တွေ အပါအဝင် ရွေးကောက်ခံ လွှတ်တော်ထံ အာဏာပြန်အပ်ဖို့ အေဘီအေ အဖွဲ့က တောင်းဆိုပါတယ်။

    ဒါ့အပြင် တရားစီရင်ရေး လွတ်လပ်မှု ရှိဖို့၊ ရှေ့နေတွေကို အန္တရာယ်မပြုဖို့၊ ဥပဒေမဲ့ သတ်ဖြတ်ဖမ်းဆီးနေတာတွေ ရပ်ဖို့နဲ့ ကျုးလွန်တဲ့ စစ်အရာရှိတွေကို နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနဲ့ အညီ အပြစ်ပေး အရေးယူ ဖို့ ဆိုတာတွေလည်း အေဘီအေ အဖွဲ့က အကြံပြုပါတယ်။

    အမေရိကန် ရှေ့နေများ ဘားအသင်းဟာ အမေရိကန်ပြည်ထောင်စုမှာ တရားလွှတ်တော်ရှေ့နေတွေ အပါအဝင် ဥပဒေ ပညာရှင်တွေ ပေါင်းစုထားတဲ့အင်အားအကြီးဆုံး ရှေ့နေအဖွဲ့ဖြစ်ပါတယ်။

    ဥပဒေကျောင်းတွေမှာ ပညာရပ်ပိုင်းဆိုင်ရာ စံနှုန်းတွေ သတ်မှတ်တဲ့ အခါမျိုး၊ ဥပဒေနဲ့ အသက်မွေးဝမ်းကျောင်းရင် ထားရှိရမယ့် ကျင့်ဝတ်တွေကို အဓိပ္ပာယ်ဖွင့် ဖော်ဆောင် သတ်မှတ်တဲ့ အခါမျိုးတွေမှာ ဩဇာရှိ လွှမ်းမိုးတဲ့ အဖွဲ့ကြီး ဖြစ်ပါတယ်။

    အေဘီအေရုံးချုပ်ဟာ ရှီကာဂိုမြို့၊ အီလီနွိုင်းပြည်နယ်မှာ ရှိပြီး ဝါရှင်တန်ဒီစီမြို့ ရုံးခွဲကလည်း နာမည်ကျော်ထင်ရှားတဲ့ အေဘီအေရုံးပဲ ဖြစ်ပါတယ်။

    ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲကို လေးစားဖို့လည်း အေဘီအေ တောင်းဆို
    Image caption: ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲကို လေးစားဖို့လည်း အေဘီအေ တောင်းဆို
  5. ထိုင်ဝမ်သားတွေကတော့ တရားဝင် လွတ်လပ်ရေး ကြေညာထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေ ထိုင်ဝမ်ကို သီးခြား နိုင်ငံတရပ်ဖြစ်နေပြီးသား ဖြစ်တယ်လို့ ယူဆထားကြ

    တရုတ်-ထိုင်ဝမ် ခြားနားမှု သမိုင်းကြောင်း၊ ထိုင်ဝမ်လွတ်လပ်ရေး ဖြစ်နိုင်ခြေနဲ့ တရုတ်နဲ့ပေါင်းစည်းရေး ဖြစ်နိုင်ခြေ

    အပြည့်အစုံ ဖတ်ရန်
    next
  6. အသက်၇နှစ်အရွယ်ပါမချန် သတ်ဖြတ်နေတယ်လို့ စစ်ကောင်စီကို အမေရိကန်ရှုတ်ချ

    မခင်မျိုးချစ်
    Image caption: ဖခင်ရဲ့ရင်ခွင်ထဲ ရှိနေလျက်သား သေနတ်နဲ့ပစ်ခံခဲ့ရတဲ့ ကလေးငယ်

    မြန်မာ အာဏာသိမ်း စစ်ကောင်စီဟာ အသက် ၇ နှစ် အထိ ငယ်ရွယ်တဲ့ ကလေးငယ်ကိုပါ မချန် သတ်ဖြတ် နေတဲ့ အတွက် အင်မတန် တုန်လှုပ် ၀မ်းနည်းရတယ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဌာနက မတ်လ ၂၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

    မန္တလေး အောင်ပင်လယ်ရပ်ကွက် နေအိမ်မှာ ဖခင်ရဲ့ ရင်ခွင်ထဲ ရှိလျက်သား အချိန်၊ စစ်ကောင်စီ တပ်ဖွဲ့က အိမ်ထဲကို အဓမ္မ၀င်ရောက် ပစ်ခတ်တာ ခံရတဲ့အတွက် ၇ နှစ် သမီးငယ် မခင်မျိုးချစ် သေဆုံးခဲ့ရတာကို ကြည့်ရင်၊ မြန်မာပြည်သူတွေရဲ့ အသက်ကို နည်းနည်းမှ တန်ဖိုးမထားပဲ စစ်တပ်က ခြောက်ခြားဖွယ်ရာ ကျုးလွန်တိုက်ခိုက်နေတာ သိသာတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ နက်ဒ်ပရိုက်စ်က ဆိုပါတယ်။

    မြန်မာစစ်တပ်က ပစ်ခတ်သတ်ဖြတ်မှုတွေ ဆက်ပြီး ကျုးလွန်နေတာမှာ အခု သီတင်းပတ် အတွင်း ထပ်မံ သေဆုံးရသူ အနည်းဆုံး ၂၇ ယောက် ရှိပြီး၊ အဲဒီထဲမှာ ကလေးသူငယ်တွေလည်း ပါ၀င်နေတယ် ဆိုပြီးတော့လည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မစ္စတာပရိုက်စ်က ပြောပါတယ်။

    အမေရိကန် အနေနဲ့ ကျန်ရစ်သူ မိသားစုနဲ့ ထပ်တူ ၀မ်းနည်းပြီး၊ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေ အပေါ် အဆုံးစွန် ရှုတ်ချတယ်လို့ ပြောခွင့်ရ မစ္စတာ ပရိုက်စ်ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

    အကြမ်းဖက် ခြောက်လှန့်ပြီး တိုင်းပြည်ကို စီမံအုပ်ချုပ်လို့ မရဘူးလို့လည်း စစ်ကောင်စီကို အမေရိကန်က သတိပေးပါတယ်။

    အဲဒီ ထုတ်ပြန်ချက် ထွက်မလာခင် အစောပိုင်းတုန်းကလည်း မြန်မာ စစ်တပ်ပိုင် စီးပွားရေး ကုမ္ပဏီကြီးတွေကို နာမည်ပျက်စာရင်းသွင်းပြီး ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ကြောင်း မတ်လ ၂၅ ရက်နေ့မှာပဲ အမေရိကန်နဲ့ ဗြိတိန် အစိုးရတို့က ရှေ့ဆင့်နောက်ဆင့် ဆိုသလို ကြေညာပါတယ်။

    စစ်တပ်ပိုင် ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ ဦးပိုင်နဲ့ MEC လို့ အသိများတဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း တို့ နဲ့ ပတ်သက်နေတဲ့ အမေရိကန်နိုင်ငံထဲက ပိုင်ဆိုင်မှု အားလုံးကို အမေရိကန် ဘဏ္ဍာရေး၀န်ကြီး ဌာနက ထိန်းချုပ်လိုက်ပါတယ်။

    အဲဒီ မြန်မာ စစ်တပ်ကုမ္ပဏီတွေနဲ့ အမေရိကန် နိုင်ငံသားတွေ စီးပွားရေး မလုပ်ရဆိုပြီးတော့လည်း ကန့်သတ်ပိတ်ပင်ပါတယ်။

    စစ်တပ်ပိုင် အဲဒီ ကုမ္ပဏီတွေရဲ့ အောက်မှာ သတ္တုတွင်း တူးတာကစလို့၊ ခရီးသွားလုပ်ငန်း အထိ စီးပွားရေး လုပ်ငန်း အမျိုးမျိုးကို စစ်တပ်က လက်၀ါးကြီး အုပ်ထားပြီး၊ အဲဒီ လုပ်ငန်းတွေ ကြောင့်ပဲ စစ်ဗိုလ်ချုပ်တွေ ချမ်းသာကြွယ်၀ နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    “အခုအရေးယူမှုဟာ၊ အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့စီးပွားရေး အကျိုးအမြတ်တွေပေါ် ပစ်မှတ်ထားတာ ဖြစ်တယ်။ အဲဒီက ရတဲ့ ငွေကြေးတွေကို သုံးပြီး ပြည်သူတွေအပေါ် စစ်တပ်က ကြမ်းကြုတ်ရက်စက်စွာ ဖိနှိပ်နေတာ ဖြစ်တယ်” လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး အန်တိုနီ ဘလင်ကင်က ထုတ်ပြန်ပါတယ်။

    အမေရိကန်နဲ့ ချိန်ကိုက်ပြီးတော့ ဗြိတိန်လည်းပဲ၊ MEC အပေါ် ပစ်မှတ်ထားတဲ့ အရေးယူမှုတွေ ချမှတ်ကြောင်း ကြေညာပါတယ်။

    အပြစ်မဲ့ အရပ်သားတွေ အပေါ် အင်မတန် ကျုးလွန်နေတဲ့ မြန်မာစစ်တပ်အပေါ် အရေးယူဖို့ ဗြိတိန် အပါအ၀င် မဟာမိတ်တွေ တုံ့နှေးနေမှာ မဟုတ်ဘူးလို့လည်း ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီး ဒေါမနစ်ရပ်ဘ်က ပြောပါတယ်။

    စစ်တပ်ရဲ့လက်ကြီးစီးပွားရေး ဦးပိုင်
    Image caption: စစ်တပ်ရဲ့လက်ကြီးစီးပွားရေး ဦးပိုင်
    MEC
    Image caption: စစ်တပ်ပိုင် MEC ကို အမေရိကန်ရော ဗြိတိန်ပါ ပိတ်ဆို့အရေးယူ
  7. Video content

    Video caption: ဒေါ်နယ်ထရမ့်ကို ဒုတိယအကြိမ် စွပ်စွဲပြစ်တင်မှု စတင်

    အမေရိကန်သမိုင်းမှာ ပထမဆုံးအကြိမ် ၂ ကြိမ် စွပ်စွဲ ပြစ်တင်ခြင်းဖြစ်

  8. President-elect Joe Biden

    ဂျိုးဘိုင်ဒန် သမ္မတအဖြစ် စတာဝန်ယူတဲ့ ရက်ပေါင်း ၁၀၀ အတွင်း ဦးစားပေး ဆောင်ရွက်စရာတွေ စာရင်းအပြည့် ရှိနေပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  9. ကာမလာဟဲရစ်က ဒုသမ္မတအဖြစ် ကျမ်းကျိန်

    သူ့ရဲ့ သွင်ပြင်လက္ခဏာနဲ့ ပတ်သက်လို့လည်း ဘယ်တော့မှ စိတ်ကသိကအောက် မဖြစ်ခဲ့ဘဲ သူဟာ "အမေရိကန်တစ်ဦး" လို့ပဲ သူ့ကိုယ်သူ ယူဆကြောင်း ပြော

    အပြည့်အစုံ ဖတ်ရန်
    next
  10. ရိုစာ ပတ်ခ်နဲ့ အီဗရာဟင် လင်ကွန်းကြေးရုပ်တွေလည်း သမ္မတ ဘိုင်ဒန်ရဲ့ ရုံးခန်းထဲမှာရှိ

    အမေရိကန် သမ္မတသစ် ဂျိုးဘိုင်ဒန်ရဲ့ ကိုယ်ပိုင်စိတ်ကူးစိတ်သန်းနဲ့ တန်ဖိုးထားမှုတွေကို သူ့ရုံးခန်း အပြင်အဆင်ကနေတဆင့် သိနိုင်မလား။

    အပြည့်အစုံ ဖတ်ရန်
    next
စာမျက်နှာ 1 ရဲ့ 14