ဥရောပ

  1. အီးယူစည်းမျဉ်းတွေကို ချိုးဖောက်ပြီး မြန်မာသစ်တွေ ဥရောပထဲ အီတလီကနေတဆင့် အဓိကဝင်နေ

    မြန်မာနိုင်ငံထဲက သစ်တွေဟာ အီတလီကနေ တဆင့် ကျန်ဥရောပ ဒေသတွေထဲ ဝင်ရောက်နေမြဲ ဖြစ်တယ် ဆိုတာကို အထောက်အထားတွေနဲ့ ဖော်ပြထားတဲ့ အစီရင်ခံစာ တစ်စောင် ထွက်လာပါတယ်။

    ပတ်ဝန်းကျင် ထိန်းသိမ်းမှု ဆိုင်ရာ တက်ကြွ လှုပ်ရှားသူ ဗြိတိသျှနိုင်ငံသားတွေနဲ့ အဓိက ဖွဲ့ထားပြီး လန်ဒန်နဲ့ ဝါရှင်တန် ဒီစီ မြို့တော်တွေမှာ ရုံးခန်းတွေ ထားရှိတဲ့ စုံစမ်းဖော်ထုတ်ရေး အေဂျင်စီ EIA အဖွဲ့က ထုတ်ပြန်တာ ဖြစ်ပါတယ်။

    မြန်မာပြည်မှာ စစ်အာဏာ တကျော့ပြန် သိမ်းခံရပြီးတဲ့နောက် အီးယူ အဖွဲ့က တုန့်ပြန်ပြီး ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ၊ ကန့်သတ်ချက်တွေကို ချိုးဖောက်ပြီး မြန်မာ့သစ်တွေကို ဥရောပထဲ သွင်းနေကြတာ ဖြစ်တယ်လို့ EIA က ဆိုပါတယ်။

    အဲဒီလို မြန်မာသစ်တွေ ဥရောပထဲ တရားမဝင် ဆက်လက် ဝင်နေတဲ့ လမ်းကြောင်းမှာ အီတလီ ကုန်သည်တွေက အဓိက အခန်းကဏ္ဍမှာ ရှိနေပြီး ၊ ဘယ်သူဘယ်ဝါတွေ ဖြစ်ကြောင်း EIA အနေနဲ့ ထုတ်ဖော်ထားနိုင်တဲ့ အီတလီ သစ်ကုန်သည် ၂၇ ယောက် ရှိတယ်လို့လည်း EIA က ပြောပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၃ လ တာ ကာလ အတွင်းမှာကို ယူရို တစ်သန်းခွဲဖိုး ဝန်းကျင် အထိ မြန်မာ့သစ်ထုတ်ကုန်တွေ ဥရောပထဲ ဆက်လက် ဝင်နေခဲ့တယ်လို့ ဆိုပါတယ်။

    စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသမားတွေ အပေါ် စစ်တပ်က အကြမ်းဖက် ကိုင်တွယ်ခဲ့တဲ့ အတွက် လူတွေ ရာပေါင်းများစွာ အသက်ဆုံးရှုံးနေတ​​ယ် ဆိုပြီး အီးယူက မြန်မာစစ်တပ်နဲ့ ပတ်သက်ဆက်စပ်နေတာတွေနဲ့ စီးပွားရေး မလုပ်ဖို့၊ မြန်မာစစ်တပ်လက်ထဲ ငွေကြေးတွေ စီးဝင်မနေဖို့ ရည်ရွယ်ချက်နဲ့ ပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။

    “စစ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထားပြီး တိုးမြှင့် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ မဆိုင်ပဲနဲ့ EUTR လို့ခေါ်တဲ့ သစ်လုပ်ငန်းဆိုင်ရာ အီးယူရဲ့ ကန့်သတ် ထိန်းချုပ်ချက်တွေ အရကို မြန်မာနိုင်ငံထဲက ကျွန်းသစ် အပါအဝင် တခြားသစ်တွေကို ဥရောပထဲ သွင်းဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ အခုတော့ မြန်မာ့ရဲ့ တောတောင်ရေမြေတွေကို ဖျက်စီးပြီး ထုတ်ယူတဲ့ သစ်တွေ ဥရောပထဲ ကုန်သွယ်နေမှုဟာ ပိုလို့တောင်မှ ကြီးထွားလာနေတယ်” လို့EIA ရဲ့ သစ်တောများ ဆိုင်ရာ ဆော်ဩရေးမှူး ဖေ့သ်ဒိုဟတီက ပြောပါတယ်။

    “ကုန်သည်တွေကို မေးကြည့်ရင်လည်း သူတို့ အနေနဲ့ ဥရောပ အကောက်ခွန် အာဏာပိုင်တွေထံက လိုအပ်တဲ့ စာရွက်စာတမ်းတွေ ရလို့သာ အခုလို မြန်မာသစ်တွေကို သွင်းနိုင်တာ ဖြစ်တယ်၊ စာရွက်စာတမ်း မရှိပဲ ဘယ်လိုလုပ် အကောက်ခွန်ကို ဖြတ်နိုင်မလဲလို့ တုန့်ပြန် ဖြေကြားကြတယ်” ဆိုပြီး ဒိုဟတီက ဆိုပါတယ်။

    အဓိပ္ပာယ်ကတော့ အီးယူဘက်က သူတို့ ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေ အတိုင်း တကယ်လက်တွေ့ အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတာ ဖြစ်တယ်လို့ EIA က ထောက်ပြ ဝေဖန်နေတာ ဖြစ်ပါတယ်။

    ရံဖန်ရံခါ သစ်ကုန်သည်တွေကို ဒဏ်ကြေး အနည်းအကျဥ်းလောက်သာ ဆောင်ခိုင်းတာမျိုးလောက်နဲ့ပဲ ပြီးသွားတဲ့ အတွက် မြန်မာသစ်တွေ ဥရောပထဲ တင်သွင်းမှု ပိုကြီးထွားနေတာ ဖြစ်တယ်လို့လည်း EIA က ဆိုပါတယ်။

    အီတလီ သစ်ကုန်သည် ၂၇ ယောက်ကို EIA ဖော်ထုတ်
    Image caption: အီတလီ သစ်ကုန်သည် ၂၇ ယောက်ကို EIA ဖော်ထုတ်
  2. Video content

    Video caption: လစ်ဗျား ပြည်တွင်းစစ်မှာ ရုရှားကြေးစားတွေ ပါဝင်တိုက်ခိုက်နေ

    လစ်ဗျား ပြည်တွင်းစစ်မှာ ရုရှားက ကြေးစားအဖွဲ့တွေ ပါဝင် တိုက်ခိုက်နေတာကို ဘီဘီစီက စုံစမ်း ဖော်ထုတ် သိရှိခဲ့ရ

  3. ဆူရန်ဂျာနာ တီဝါရီ

    ဘီဘီစီ သတင်းဌာန

    ဒါတွေဟာ သတင်းမှားတွေဆိုတာကို တရုတ်ပြည်သူတွေကို အသိပေးတာ ဖြစ်တယ်လို့ ဆွစ်ဇာလန်သံရုံးက ပြော

    ဝဲလ်ဆင် အက်ဝပ်အမည်နဲ့ ဆွစ်ဇာလန် နိုင်ငံသားလည်း တယောက်မှ မရှိသလို၊ အဲဒီ နာမည်နဲ့ ပညာရှင်ဆိုင်ရာဆောင်းပါးတွေရေးတာမျိုး တခါမှ မရှိဖူးဘူးလို့ ဆွစ်ဇာလန်သံရုံးက ပြောပါတယ်

    အပြည့်အစုံ ဖတ်ရန်
    next
  4. မြန်မာ ကိုဗစ်ရောဂါ ထိန်းချုပ်ရေး အရေးပေါ် အကူအညီ ယူရို ၂ သန်း အီးယူပေး

    မြန်မာ နိုင်ငံမှာ ကိုဗစ် နိုင်တင်း ကူးစက်မှု များပြား နေတဲ့အပေါ် တုန့်ပြန် ကိုင်တွယ်ဖို့ရာ အရေးပေါ် အကူအညီ အနေနဲ့ ယူရို ၂ သန်း ထောက်ပံ့မယ်ဆိုပြီး ဥရောပသမဂ္ဂအဖွဲ့ အီးယူက သတင်းထုတ်ပြန်ပါတယ်။

    “အခုလို ခက်ခဲတဲ့ အချိန်မှာ မြန်မာပြည်သူတွေနဲ့ အတူ အီးယူ အဖွဲ့ ရပ်တည်ပါတယ်။ မြန်မာနိုင်ငံထဲ ကျန်းမာရေး စောင့်ရှောက်မှု စနစ် ချိနဲ့နေတဲ့ အတွက် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင် နေရချိန် ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်သူတွေကို ကိုဗစ် ရောဂါ ကုသ ပေးနိုင်ရေးမှာ အခု အီးယူရဲ့ ထောက်ပံ့ငွေတွေကို သုံးစွဲမှာ ဖြစ်တယ်” လို့ အီးယူ အဖွဲ့ရဲ့ အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေးဌာန အကြီးအကဲ ယဲန်းနက်စ် လဲန်နားချစ်ချ် Janez Lenarčičက ပြောပါတယ်။

    ဒါ့အပြင်၊ မြန်မာပြည်မှာ စစ်အာဏာသိမ်းခံခဲ့ရပြီးတဲ့ နောက်ပိုင်း ပြည်သူတွေဟာ အကြမ်းဖက်မှုတွေကို ခံစားနေကြရတဲ့ အခြေအနေနဲ့၊ ကျန်းမာရေး ကဏ္ဍက သူတွေအပေါ် ပစ်မှတ်ထား နေတာကိုလည်း အီးယူအနေနဲ့ အင်မတန် စိုးရိမ်နေတယ် ဆိုပြီးတော့ မစ္စတာ လဲန်နားချစ်ချ်က ဆိုပါတယ်။

    ကျန်းမာရေး ဝန်ထမ်းတွေ တိုက်ခိုက်ခံရမှုတွေကို အီးယူက ရှုတ်ချလိုက်ပြီး၊ သူတို့ကို နိုင်ငံတကာ ဥပဒေနဲ့ အညီ အကာအကွယ်တွေ ပြုပေးဖို့ကိုလည်း တောင်းဆိုတယ်လို့ မစ္စတာ လဲန်နားချစ်ချ်ရဲ့ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

    အီးယူက အခု ပေးတဲ့ ထောက်ပံ့ငွေတွေကို ယုံကြည်စိတ်ချရပြီး၊ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေထံ ခွဲဝေပေးထားတယ်လို့ ဆိုပါတယ်။

    အခု ကြေညာတဲ့ ကိုဗစ် ရောဂါ ကိုင်တွယ်ရေး အရေးပေါ် ငွေ ယူရို ၂ သန်း အပြင်၊ မြန်မာ နိုင်ငံထဲက စစ်ဘေးရှောင် ပြည်သူတွေ အတွက် ယူရို ၂၀.၅ သန်း ပေးဖို့ အီးယူက ခွဲဝေ သတ်မှတ်ထားနှင့်ပြီး ဖြစ်ပါတယ်။

    အီးယူ အဖွဲ့ရဲ့ အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေးဌာန အကြီးအကဲ ယဲန်းနက်စ် လဲန်နားချစ်ချ် Janez Lenarčič
    Image caption: အီးယူ အဖွဲ့ရဲ့ အရေးပေါ် အခြေအနေ စီမံခန့်ခွဲရေးဌာန အကြီးအကဲ ယဲန်းနက်စ် လဲန်နားချစ်ချ် Janez Lenarčič
  5. Nike ၊ တရုတ်၊ ဝိဂါ

    ရှင်ကျန်းပြည်နယ်အကြောင်း ဝေဖန်ခဲ့လို့ Nike ထုတ်ပစ္စည်းတွေကို တရုတ်ပြည်သူတွေမသုံးဘဲ သပိတ်မှောက်ထားကြပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  6. Video content

    Video caption: ယူရို ၂၀၂၀ ဘောလုံးပြိုင်ပွဲ စတင်

    ယူရို ၂၀၂၀ ဘောလုံးပြိုင်ပွဲ စတင်

  7. Video content

    Video caption: နိုင်ငံတကာက အသိအမှတ်ပြုလိုက်တဲ့ NUG ကိုယ်စားလှယ်နဲ့ ဘီဘီစီ

    နိုင်ငံရပ်ခြား အစိုးရ တစ်ရပ်က NUG ကိုယ်စားလှယ် တစ်ယောက်ကို ပထမဆုံး အသိအမှတ်ပြုလိုက်တာ ဖြစ

  8. ဥရောပ ဆူပါလိဂ်၊ အင်္ဂလိပ်ဘောလုံးအသင်း

    ဥရောပဆူပါလိဂ် ထဲကနေ ပရီမီယာလိဂ် ဘောလုံးအသင်း ၆ သင်းစလုံး တရားဝင် နုတ်ထွက်လိုက်ပါပြီ။

    အပြည့်အစုံ ဖတ်ရန်
    next
  9. NUG ရဲ့ ရပ်တည်မှုကို ကြိုဆိုတယ်လို့ ယူကေ၀န်ကြီးပြော

    ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ ဒီမိုကရေစီ အတွက် ရပ်တည်ချက်ကို ကြိုဆိုတယ်လို့ ဗြိတိန်ရဲ့ အာရှ ဒေသဆိုင်ရာ နိုင်ငံခြားရေး မူ၀ါဒကို အဓိက တာ၀န်ယူထားတဲ့ နိုင်ဂျယ်အဒမ်စ်က ပြောပါတယ်။

    မစ္စတာ အဒမ်စ်ဟာ ဗြိတိသျှ နိုင်ငံခြားရေး၊ ဓနသဟာယနဲ့ ဖွံဖြိုးတိုးတက်ရေးရုံးရဲ့ ၀န်ကြီး ဖြစ်ပါတယ်။

    NUG ရဲ့အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ၀န်ကြီး ဒေါက်တာဆာဆာနဲ့ ဆွေးနွေးခဲ့အပြီး ၀န်ကြီး အဒမ်စ်ဘက်က အခုလို ပြောလာဖြစ်ပါတယ်။

    NUG က သူတို့ ကြားဖြတ် အစိုးရ ဖွဲ့ကြောင်း ပြီးခဲ့တဲ့ သောကြာနေ့က ကြေညာခဲ့ပြီး သူတို့နဲ့ ပူးပေါင်း ဆောင်ရွက်မယ့် အကြောင်း အနောက်နိုင်ငံကြီး တချို့ မကြာခင် ပြောလာဖို့ရှိတယ်လို့ ဆိုထားပါတယ်။

    အခု ဗြိတိန်ရဲ့ နိုင်ငံခြားရေး ထိပ်တန်း တာ၀န် ရှိသူတစ်ဦးက NUG အကြောင်း ပြောလာတာ ဖြစ်ပါတယ်။ ဒါပေမယ့် ၀န်ကြီး အဒမ်စ် ရဲ့ ပြောဆိုချက်ဟာ “NUG ကိုပဲ မြန်မာပြည်ရဲ့ တရား၀င် အစိုးရ အဖြစ်သတ်မှတ်တယ်၊ စစ်ကောင်စီကို အသိအမှတ် မပြုဘူး” ဆိုတဲ့ စကားလုံးမျိုးတွေ မပါ၀င်ပါဘူး။

    CRPH ရဲ့ အရေးကြီးတဲ့ လုပ်ဆောင်ချက်တွေကို ကြိုဆိုတယ်လို့ တော့ ၀န်ကြီး အဒမ်စ်က ဆိုပါတယ်။ NUG ကို ဖွဲ့စည်းကြေညာတာလည်းပဲ CRPH ရဲ့ လုပ်ဆောင်ချက် တစ်ရပ် ဖြစ်ပါတယ်။

    NUG အကြောင်း ဗြိတိန်၀န်ကြီး တိုက်ရိုက် ပြောတဲ့ အထဲ၊ NUG ထဲမှာ တိုင်းရင်းသား ပေါင်းစုံ ပါ၀င်တဲ့ အတွက် ချီးကျုးတယ်ဆိုတဲ့ အချက် ပါ၀င်ပါတယ်။

    နောက်တစ်ချက်အနေနဲ့ NUG အစိုးရကို လေးစားလိုက်နာဖို့နဲ့၊ ဒီမိုကရေစီ လမ်းကြောင်း ပြန်လည်ဖော်ဆောင်ဖို့ စစ်အာဏာရှင် တွေကို ယူကေအစိုးရ ဆက်လက် တိုက်တွန်းသွားမယ်လို့ ဆိုထားပါတယ်။

    နိုင်ဂျယ်အဒမ်စ်
    Image caption: ဗြိတိသျှ နိုင်ငံခြားရေး၊ ဓနသဟာယနဲ့ ဖွံဖြိုးတိုးတက်ရေးရုံးရဲ့ ၀န်ကြီး နိုင်ဂျယ်အဒမ်စ်
  10. ဆူပါလိဂ် ဝင်ပြိုင်ဖို့ သဘောတူထားတဲ့ ပရီးမီးယားလိဂ်၆သင်းမှာ လီဗာပူးနဲ့ ချဲလ်ဆီးပါဝင်နေ

    ဥရောဆူပါလိဂ် ပြိုင်ပွဲသစ်မှာ ဝင်ရောက်ယှဥ်ပြိုင်ဖို့ သဘောတူထားတဲ့ ကလပ်အသင်း ၁၂သင်း ထဲမှာ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်၊ချဲလ်ဆီး၊ လီဗာပူး၊မန်စီတီးနဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့ ပါဝင်လာတာကို‌ တွေ့ရပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
စာမျက်နှာ 1 ရဲ့ 12