အင်ဒိုနီးရှား

  1. အိဒ်ကာလ အားလပ်ရက်မှာ လေကြောင်းလိုင်းအများစုက ခရီးသွားလာမှုကို တားမြစ်ထား

    လေယာဥ်ခရီးအတွင်း သူသာ ပုံမှန် အဝတ်အစားတွေ ပြန်မလဲခဲ့ဘူးဆိုရင် သူဒီလို ဟန်ဆောင်ပြီး လိုက်ပါလာတာကို ဘယ်သူမှ သိခဲ့မှာ မဟုတ်ပါဘူး။

    အပြည့်အစုံ ဖတ်ရန်
    next
  2. အင်ဒိုနီးရှားမှာ ဆီနိုဗက် ကာကွယ်ဆေးကို အဓိက အသုံးပြုနေ

    ကာကွယ်ဆေးထိုးမှု အစီအစဥ်တွေမှာ တရုတ်ထုတ် ဆေးတွေကို အဓိက သုံးခဲ့တဲ့ အာရှနိုင်ငံတချို့က တခြား ကာကွယ်ဆေးတွေ ပြောင်းသုံးတော့မယ်လို့ အခုအခါ ကြေညာလိုက်ပြီဖြစ်ပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  3. အဆိုးရွားဆုံး ကိုဗစ်လှိုင်းကို ရင်ဆိုင်နေရတဲ့ အင်ဒိုနီးရှား

    အိမ်နီးချင်းတွေ သတင်းပို့မှ တစ်ဦးတည်းသေဆုံးနေတာကို သိရတဲ့ အဖြစ်မျိုးတွေ နေ့တိုင်းကြုံနေရတယ်လို့ ကိုဗစ်ကြောင့်သေဆုံးသူတွေရဲ့ အလောင်းတွေ သယ်ဆောင်ပေးနေသူက ပြောပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  4. ရာဂျာ လွမ်ဘန်ရောင်နဲ့ ရေဘက်ကာ ဟန်စ်ကီ

    ဘီဘီစီ အင်ဒိုနီးရှားဌာန

    အင်ဒိုနီးရှား၊ ကိုဗစ်၊ ဆီနိုဗက် ကာကွယ်ဆေး၊

    အင်ဒိုနီးရှားမှာ ဆီနိုဗက်ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေ သေဆုံးနေကြလို့ ကာကွယ်ဆေး တတိယအကြိမ် ထပ်ထိုးပေးဖို့ ကျွမ်းကျင်သူတွေက တိုက်တွန်း တောင်းဆိုနေကြပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  5. ဖမ်းထားသူတွေပြန်လွှတ်ရေး စစ်ကောင်စီကို ဂျပန် ဆက်လက်တောင်းဆိုမယ်

    G20 အစည်းအဝေးမှာ တွေ့ရတဲ့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး မိုတေးဂိ
    Image caption: G20 အစည်းအဝေးမှာ တွေ့ရတဲ့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး မိုတေးဂိ

    ဖမ်းဆီးထားသူတွေကို လွှတ်ပေးရေး အာဏာသိမ်း စစ်တပ်ကို ဂျပန်နိုင်ငံ အနေနဲ့ အပြင်းအထန် ဆက်လက် တောင်းဆိုသွားမှာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး တိုရှိမစ်ဆု မိုတေးဂိက လောလောလတ်လတ် မှာပဲ ပြောခဲ့တယ် ဆိုပြီး ဂျပန် ပြည်တွင်း သတင်းဌာနတွေက ရေးနေပါတယ်။

    စက်မှုထိပ်သီး နိုင်ငံ ၂၀ G20 ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ အီတလီနိုင်ငံ တောင်ပိုင်း၊ မတ်ထဲရာ Matera မြို့မှာ တွေ့ဆုံကြတုန်း၊ ဝန်ကြီး မိုတေးဂိဟာ အင်ဒိုနီရှား နိုင်ငံခြားရေး ဝန်ကြီး မစ္စ ရက်တနို မာဆုဒီ နဲ့ ဘရူနိူင်း ဒုနိုင်ငံခြားရေးဝန်ကြီး ဒါတို အီရဝန် ပီဟင်း ယူဆွဖ် တို့နဲ့လည်း သီးခြားဆီ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံခြားရေး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတုန်းမှာ ဂျပန်နိုင်ငံရဲ့ မြန်မာဆိုင်ရာ သဘောထားတွေကို ဝန်ကြီး မိုတေးဂိ ထည့်သွင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

    မြန်မာနိုင်ငံထဲထိ အာဆီယံ အထူးသံတမန် သွားရောက်ပြီး မြန်မာ့ အကျပ်အတည်း ပြဿနာတွေကို ကူညီဖြေရှင်းမယ် ဆိုတဲ့ အစီအစဥ်ကို ဂျပန်က ထောက်ခံကြောင်းလည်း ဝန်ကြီး မိုတေးဂိက ပြောခဲ့ပါတယ်။

    စစ်အာဏာ အသိမ်းခံရတဲ့ နောက်ပိုင်း မြန်မာအရေးဟာ နိုင်ငံတကာ တွေ့ဆုံပွဲတွေမှာ ဦးစားပေး ထည့်သွင်းဆွေးနွေး ပြောဆိုစရာ အကြောင်းအရာ ဖြစ်နေပါတယ်။

    အခု ဂျပန်နိုင်ငံခြားရေး ဝန်ကြီးတွေ့ဆုံ ခဲ့တဲ့ အာဆီယံနိုင်ငံတွေကို ကြည့်ရင်၊ ဘရူနိုင်းဟာ အာဆီယံ အလှည့်ကျ ဥက္ကဌ ဖြစ်နေသလို၊ အင်ဒိုနိုင်ငံခြားရေး ဝန်ကြီး မစ္စမာဆုဒီဟာလည်း မြန်မာအရေး အာဆီယံ အစည်းအဝေး ဖြစ်လာအောင် ကမကထလုပ် ဆော်ဩခဲ့သူ ဖြစ်ပါတယ်။

    အီတလီနိုင်ငံ တောင်ပိုင်း၊ မတ်ထဲရာ Matera မြို့ EPA၊ G20 အစည်းအဝေး
    Image caption: အီတလီနိုင်ငံ တောင်ပိုင်း၊ မတ်ထဲရာ Matera မြို့ EPA၊ G20 အစည်းအဝေး
  6. မလေးရှားကို ၂၀၁၈ တုန်းက ရောက်လာဖူးတဲ့ ရိုဟင်ဂျာလှေ

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားကနေ မလေးရှားနိုင်ငံကို ဦးတည်ပြီး ဖေဖော်ဝါရီလမှာ မိန်းမနဲ့ ကလေး အများစု ပါဝင်တဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၉၀ ကို သယ်ဆောင်ထွက်ခွာလာတဲ့ လှေ ကမ်းကပ်သွားနိုင်တာ ဖြစ်ပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  7. လေ့လာချက်အရ အပျက်အစီး အပိုင်းအစတွေဟာ တော်ပီဒို ဒါမှမဟုတ် ပြင်ပ ဖိအား မရှိပဲ ပျက်စီးသွားနိုင်တဲ့ အပိုင်းတွေ မဟုတ်ဘူးလို့လည်း အင်ဒို ကမ်းတက်တပ် အကြီးအကဲ ယူဒို မာဂိုနိုက ပြော

    ပျောက်ဆုံးသွားတဲ့ အင်ဒိုရေငုပ်သင်္ဘော ဘာလီကျွန်းအနီး ရေအနက် ပေ ၂၈၀ဝ က ပင်လယ်ကြမ်းပြင် ရောက်နေနိုင်

    အပြည့်အစုံ ဖတ်ရန်
    next
  8. အင်ဒိုနီးရှား၊ ရေငုပ်သင်္ဘော၊ ပျောက်ဆုံး

    ဘာလီကျွန်း မြောက်ပိုင်းမှာ ပျောက်ဆုံးသွားတဲ့ လူ ၅၃ ဦးပါ ရေငုပ်သင်္ဘောကို အင်ဒိုနီးရှား ရေတပ်က စတင် ရှာဖွေနေပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  9. ဘေလ် ဟေတန်

    လန်ဒန်မြို့ နိုင်ငံတကာရေးရာ အကြံပေးအဖွဲ့ Chatham House က ပညာရှင်၊ ဘီဘီစီ ဗီယက်နမ်ဌာန သတင်းထောက်ဟောင်း

    အာဆီယံ၊ ထိပ်သီးဆွေးနွေးပွဲ၊ မြန်မာ၊ စစ်အာဏာသိမ်း

    မြန်မာနိုင်ငံက သွေးချောင်းစီးမှု အခြေအနေ အဆုံးသတ်သွားဖို့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲက ဆောင်ရွက်ပေးနိုင်မလား။

    အပြည့်အစုံ ဖတ်ရန်
    next
  10. Video content

    Video caption: မြန်မာ့အရေး အာဆီယံ အရေးပေါ်စည်းဝေးမယ်

    အာဆီယံ အစည်းအဝေး ဆုံးဖြတ်ချက် ဘယ်လို ဖြစ်လာမလဲ

စာမျက်နှာ 1 ရဲ့ 5