အင်တာနက်

  1. Video content

    Video caption: ရုရှားက လွတ်မြောက်နေဆဲ အင်တာနက် ဟက်ကာများ

    ရုရှားက လွတ်မြောက်နေဆဲ အင်တာနက် ဟက်ကာများ

  2. Video content

    Video caption: အဆက်အသွယ်ပြတ်တောက်နေတဲ့ ပင်လည်ဘူးနဲ့ ဝန်းသို ဘက်က အခြေအနေ

    စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ ပစ်ခတ်မှုတွေ၊ ပေါက်ကွဲမှုတွေဖြစ်

  3. အင်တာနက်မရှိလို့ အဆက်အသွယ်တွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ပဋိပက္ခတွေအကြား သတင်းအချက်အလက် မရတော့တာအပြင် နေ့စဉ် လူမှုစီးပွားဘဝတွေမှာပါ အခက်အခဲတွေရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  4. Video content

    Video caption: အာဏာသိမ်းပြီးနောက် ပြည်တွင်း အင်တာနက်လွတ်လပ်ခွင့် ကျဆင်း

    အင်တာနက်လွတ်လပ်ခွင့် အနိမ့်ဆုံးအဆင့်ကို ကျဆင်းသွားခဲ့

  5. Video content

    Video caption: စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းထဲက မြို့နယ်တချို့မှာ အင်တာနက်ပြတ်တောက်နေ

    စက်တင်ဘာ(၁၄)ရက်ကစပြီး အင်တာနက်ပြတ်တောက်နေ

  6. Children playing video games

    သောကြာ၊ စနေ တနင်္ဂနွေနဲ့ ပိတ်ရက်တွေမှာ တစ်နေ့ကို တစ်နာရီပဲကစားရတော့မှာ ဖြစ်ပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  7. Video content

    Video caption: လူမှုကွန်ရက်ပေါ်က ကိုဗစ်ကာကွယ်ဆေး ဘယ်လောက်အန္တရာယ်ရှိသလဲ

    လူမှုကွန်ရက်ပေါ်ကနေတဆင့် ကိုဗစ်ကာကွယ်ဆေးတွေ ရောင်းချနေမှုတွေက ဘယ်လိုကြောင့်ဖြစ်လာနေတာလဲ

  8. ဝှိုက်လစ်စာရင်းနဲ့ အင်တာနက်ကန့်သတ်ဖို့ ခြေလှမ်းလာတဲ့ စစ်ကောင်စီ

    Whitelist လို့ ခေါ်တဲ့ ကင်းလွတ် စာရင်းတွေနဲ့ ကန့်သတ်ခြင်းဟာလည်း အင်တာနက် ပိတ်ပင်တားဆီးတဲ့ လုပ်ပုံလုပ်နည်း တစ်ခုပဲလို့ ရန်ကုန် အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

    မြန်မာပြည်ထဲ အာဏာသိမ်းစစ်ကောင်စီက အများသူငါတွေ ကြည့်ရှုရန်သင့်တဲ့ အွန်လိုင်း စာမျက်နှာတွေ၊ ဒိုမိန်းအမည်တွေ ဆိုပြီး သတ်မှတ်လာတဲ့ အပေါ် ရန်ကုန် အမေရိကန် သံရုံးက တုံ့ပြန်လာတာ ဖြစ်ပါတယ်။

    စစ်ကောင်စီရဲ့ ကင်းလွတ်ခွင့် စာရင်းထဲ ဖေ့စ်ဘုတ်နဲ့ တွစ်တာတို့လို တကမ္ဘာလုံးက သူတွေနဲ့ ထိတွေ့ဆက်ဆံ နိုင်တဲ့ လူမှုကွန်ရက် စာမျက်နှာတွေ မပါဝင်တာ သိသိသာသာကြီး တွေ့မြင် နေရတယ်လို့ ပြည်တွင်း ပြည်ပ အကဲခတ်တွေက ထောက်ပြ နေကြပါတယ်။

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ သဘောထားအမြင်တွေ၊ သတင်းအချက်အလက်တွေကို စစ်ကောင်စီက ထိန်းချုပ်နိုင်ရေး အတွက် အင်တာနက် ဖြတ်တောက်တာတွေ လုပ်ခဲ့အပြီး၊ အခုအခါ သူတို့ ကြည့်စေချင်တဲ့ ခွင့်ပြုတဲ့ အွန်လိုင်း စာမျက်နှာတွေကိုပဲ မြန်မာပြည်သူတွေ ကြည့်ရှုနိုင်မယ့် အခြေအနေမျိုးရောက်အောင် ခြေလှမ်းလာတာလို့ ဝေဖန်သူတွေက ဆိုပါတယ်။

    သတင်းတွေကို ရရှိပိုင်ခွင့်ဆိုတာ အခြေခံလူ့အခွင့်အရေး အဖြစ် နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းထဲမှာ ထည့်သွင်းကာကွယ်ထားတဲ့ အရာ ဖြစ်တယ်လို့ အမေရိကန် အစိုးရက ပြောထားပါတယ်။

    ဒါ့အပြင်၊ အင်တာနက် ပိတ်ပင်မှုကြောင့် မြန်မာပြည်ထဲ ရိုက်ခတ်ခံစားရတဲ့ ဆိုးကျိုးတွေ အကြောင်းလဲ အမေရိကန် အစိုးရ နိုင်ငံခြားရေး ဌာနရဲ့ ဝက်ဘ်ဆိုက် စာမျက်နှာ တစ်ခုဖြစ်တဲ့ ShareAmerica မှာ ရေးသားထားပါတယ်။

    အင်တာနက် ပိတ်ပင် ကန့်သတ်တာဟာ နိုင်ငံရေး သက်သက် အပေါ်မှာသာမက ကိုဗစ် ကမ္ဘာ့ကပ်ရောဂါ ကာလ၊ လူတွေ သိသင့်သိထိုက်တဲ့ သတင်း အချက်အလက်တွေ မရနိုင်တော့တဲ့ အန္တရာယ်မျိုးလည်း ဖြစ်လာစေခဲ့တယ်လို့ ထောက်ပြကြသူတွေ ရှိပါတယ်။

    ဒါ့အပြင်၊ မိုဘိုင်း အင်တာနက်တွေကို စစ်ကောင်စီက ဖြတ်တောက်ခဲ့ချိန်မှာ ဒစ်ဂျစ်တယ် စီးပွားရေး တစ်ခုလုံး ပြိုလဲသွားကြောင်း ရန်ကုန် အခြေစိုက် စီးပွားရေး အသိုင်းအဝိုင်းက ပြောကြပါတယ်။

    အဓိပ္ပာယ်ကတော့ မြန်မာပြည် စီးပွားရေးမှာ တစ်နေ့ကို အမေရိကန် ဒေါ်လာ ၂၄ သန်းကျော် ထိခိုက် နစ်နာသွားစေခဲ့တာ ဖြစ်တယ်လို့ အင်တာနက် သုံးစွဲမှုနဲ့ လုံခြုံရေးဆိုင်ရာ စောင့်ကြည့် လေ့လာရေး အဖွဲ့ NetBlocks က ဆိုထားပါတယ်။

    စစ်ကောင်စီ ကင်းလွတ်စာရင်းထဲ ဖေ့စ်ဘုတ်၊ တွစ်တာမပါဝင်
    Image caption: စစ်ကောင်စီ ကင်းလွတ်စာရင်းထဲ ဖေ့စ်ဘုတ်၊ တွစ်တာမပါဝင်
  9. Takahiro Shiraishi

    သေဆုံးသွားသူတွေဟာ သူတို့ကို သတ်ဖို့ သဘောတူခဲ့ပုံရတဲ့အတွက် သူ့အပေါ် ချမှတ်မယ့်ပြစ်မှုတွေကို လျှော့ပေါ့ပေးသင့်တယ်လို့ သူ့ရဲ့ ရှေ့နေတွေက စောဒက တက်နေကြပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  10. စင်္ကာပူ စီမံခန့်ခွဲရေးတက္ကသိုလ်က စီးပွားရေးကျောင်းသား ယူဂျင်း ချီယောင်း

    စင်္ကာပူကျောင်းသား ယူဂျင်း ချီယောင်းဟာ ခက်ခဲတဲ့ စာမေးပွဲတစ်ခုကို အောင်မြင်ခဲ့အပြီးမှာ သူ့စာကျက်နည်းတွေကို အွန်လိုင်းပေါ်မှာ ပြန်ရောင်းတဲ့ စီးပွားရေးလုပ်ငန်းနဲ့ ဒေါ်လာထောင်ချီ ဝင်ခဲ့ပါတယ်

    အပြည့်အစုံ ဖတ်ရန်
    next
စာမျက်နှာ 1 ရဲ့ 3