ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

  1. NUG ရဲ့ ကိုယ်စားလှယ်နဲ့ ပတ်သက်ပြီး အာဆီယံ တုံ့ပြန်မှု မရှိသေး

    လာမယ့် အာဆီယံ ထိပ်သီး အစည်အဝေးမှာ NUG ကိုယ်စားလှယ် တက်ရောက်နိုင်ဖို့ အကြောင်းကြားမှု အပေါ် အာဆီယံ အဖွဲ့ဘက်က တစုံတရာ တုံ့ပြန်တာမျိုး မရှိသေးဘူးလို့ NUG က ဘီဘီစီကို ပြောပါတယ်။

    အာဆီယံဆိုင်ရာ NUG ရဲ့ ကိုယ်စားလှယ် အနေနဲ့ သတ်မှတ်ထားသူ ရှိနေပြီး၊ အင်္ဂါနေ့ စတင် ကျင်းပတော့မယ့် ထိပ်သီးညီလာခံမှာ ပါဝင်ခွင့်ရှိဖို့ အာဆီယံဘက်ကို တင်ပြထားတယ်လို့ NUG ရဲ့ ဒုနိုင်ငံခြားရေး ဝန်ကြီး အဖြစ် တာဝန်ယူထားတဲ့ ဦးမိုးဇော်ဦးက ပြောပါတယ်။

    အလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံထံကိုရော၊ ဂျကာတာမြို့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးထံကိုရော NUG ဘက်က ကိုယ်စားလှယ် အကြံပြုချက် တင်ပြထားတာ ဖြစ်ပါတယ်။

    “အခု ကျင်းပမယ့် ထိပ်သီး အစည်းအဝေးမှာ မြန်မာကို နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ ဖိတ်ကြားမယ် ဆိုပြီး အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေက ဆုံးဖြတ်ထားပါတယ်။ အဲဒီလို ကိုယ်စားလှယ် နေရာနဲ့ ပတ်သက်ပြီး အကြံပြုဖို့ NUG ဘက်က အဆင်သင့်ပဲ ဆိုတာ ကျွန်တော်တို့ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ အခုလည်း NUG ဘက်က ထိပ်သီး အစည်းအဝေးမှာ ပါဝင်ဖို့ လူကို သတ်မှတ် ရွေးချယ်ထားပြီး အာဆီယံဘက်ကို အကြောင်းကြား ထားပါတယ်။ အာဆီယံက တစုံတရာ ပြန်လည် ပြောကြားတာတော့ မရှိသေးပါဘူး” လို့ ဦးမိုးဇော်ဦးက ဆိုပါတယ်။

    အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အရေးပေါ် အစည်းအဝေးကနေ နိုင်ငံရေး အရ ကိုယ်စား မပြုသူကိုသာ ဖိတ်ကြားမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ အာဏာသိမ်း စစ်ခေါင်းဆောင်ကို ထိပ်သီး အစည်းအဝေးမှာ ပါဝင်ခွင့် မပြုတာ မှန်ပေမယ့်၊ မြန်မာကို ကိုယ်စားပြုပြီး စေလွှတ်မယ့် ဝန်ထမ်း အဆင့် ကိုယ်စားလှယ်ကို စစ်ကောင်စီက ရွေးချယ်ရမယ့် အဓိပ္ပာယ်မျိုး ဖြစ်တယ်လို့ လူ့အခွင့်အရေး ဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များ အဖွဲ့ရဲ့ ဥက္ကဋ္ဌ ချားလ်စ် ဆန်တီယာဂိုက ဘီဘီစီကို ပြောပါတယ်။

    စစ်ကောင်စီဘက်ကတော့ ထိပ်သီးဆွေးနွေးပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်ခွင့်မရတဲ့ အပေါ် တုံ့ပြန် ကြေညာချက်တွေ ဆက်တိုက်ဆိုသလို ထုတ်ပြန်နေတာမှာ အဲဒီဆုံးဖြတ်ချက်ဟာ အာဆီယံ ပဋိညာဥ်နဲ့ မကိုက်ညီကြောင်း ပြောထားပြီး နောက်တစ်ရက် ဒီကနေ့မှာပဲ အာဆီယံ သဘာတူမှု ၅ ချက်ကို ဆက်လက် ပူးပေါင်း ဆောင်ရွက်မယ့် အကြောင်း ပြောလာပါတယ်။

    ဒါပေမယ့် ထိပ်သီး အစည်းအဝေးမှာ ဘယ့်သူ့ကို ပါဝင် တက်ရောက်စေမှာလဲ ဆိုတာကိုတော့ အခုအချိန်ထိ ထည့်သွင်း ပြောတာမျိုး မတွေ့ရသေးပါဘူး။ အာဆီယံ ဆိုင်ရာ မြန်မာနိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ် ရှိနေသလို၊ စစ်ကောင်စီ နိုင်ငံခြားရေး ဌာနရဲ့ အမြဲတမ်း အတွင်းဝန် ဒါမှမဟုတ် ညွှန်ကြားရေးမှူးချုပ် အစရှိသဖြင့် အဆင့်မြင့် အစိုးရ အရာရှိတွေ ဖြစ်နိုင်တယ်လို့ အာဆီယံရေးရာ သုတေသီတွေက သုံးသပ်ထားပါတယ်။

    ဂျကာတာ
    Image caption: ဂျကာတာ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး (မြန်မာအရေး သဘောတူမှု မူ ၅ ချက် ရရှိခဲ့တဲ့ နေရာ)
  2. အနော်ရထာ

    ခြောက်သွေ့ရာသီ တလျှောက်လုံး မုံရွာ၊ ကလေး၊ ပခုက္ကူတို့ကို အခြေပြု လာနိုင်တဲ့ အနော်ရထာ စစ်ဆင်ရေး

    အပြည့်အစုံ ဖတ်ရန်
    next
  3. ဒဲရက်ရှိုလေး

    NUG နဲ့ ထိတွေ့ ဆွေးနွေးနေသူ အမေရိကန် နိုင်ငံခြားရေး ထိပ်တန်း အရာရှိရဲ့ အာဆီယံ ခရီးစဥ်ကနေ ဘာတွေ မျှော်လင့်နိုင်လဲ

    အပြည့်အစုံ ဖတ်ရန်
    next
  4. စစ်ကောင်စီ

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံထိပ်သီး ဆွေးနွေးပွဲမှာ နေရာမပေးပဲ ချန်ခဲ့ဖို့ ဖိအားပေးမှုတွေ တိုးမြင့်လာ

    အပြည့်အစုံ ဖတ်ရန်
    next
  5. ဒေါ်အောင်ဆန်းစုကြည်

    စီစဥ်ထားတာရော၊ ပျက်သွားတာရော ပြည်တွင်းမှာပဲ သတင်းထွက်ခဲ့တဲ့ နေပြည်တော် တွေ့ဆုံပွဲ

    အပြည့်အစုံ ဖတ်ရန်
    next
  6. Asean

    နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေး နိုင်ငံခြားရေးမူဝါဒအတိုင်း ဆက်ပြီး ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။

    Follow
    next
  7. လူ ၃ သန်းစာ အရေးပေါ် အကူအညီတွေ ပေးဖို့လိုနေ

    ကပ် ၃ ပါး ဒဏ် ထပ်ဆင့် ကြုံနေရပေမယ့် မြန်မာ အတွက် အလှူငွေ ရရှိမှု အဆမတန် နည်းနေ

    အပြည့်အစုံ ဖတ်ရန်
    next
  8. ငြိမ်းချမ်းရေးခေါင်းစဉ်တပ်ပြီး ပါတီတချို့နဲ့တွေ့ဆုံပွဲမှာ စစ်တပ်က PR စနစ်အကြောင်း ရှင်းပြ

    ဒီတွေ့ဆုံပွဲကို ပါတီ ၂၀ ကျော်ဖိတ်ကြားခဲ့ပေမယ့် ၁၈ ပါတီသာတက်ရောက်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ တတိယနဲ့ စတုတ္ထမဲအများဆုံးနိုင်ခဲ့တဲ့ SNLD နဲ့ ANP တို့မတက်ရောက်ခဲ့ပါဘူး။

    အပြည့်အစုံ ဖတ်ရန်
    next
  9. သတင်းထောက်တွေဖမ်း၊ သတင်းတိုက်တချို့ ပိတ်ခံရတဲ့ မြန်မာ့သတင်းလွတ်လပ်ခွင့် ဘယ်အခြေဆိုက်နေလဲ

    အခုနောက်ပိုင်းဖမ်းဆီးမှုတွေမှာ မီဒီယာလုပ်ငန်းလုပ်ကိုင်နေသူတွေသာမက လက်ရှိ သတင်းအလုပ်ကို မလုပ်တော့တဲ့ သတင်းထောက်ဟောင်းတွေကိုပါ ဖမ်းဆီးလာတာကို သိသိသာသာ တွေ့ရပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  10. ကယား

    စစ်ဘေးရှောင်တွေ အငတ်ဘေးကျလာတော့မယ့် အကြောင်း ဗြိတိန် ကလေးသူငယ် အခွင့်အရေးအဖွဲ့ အရေးတကြီး သတိပေး

    အပြည့်အစုံ ဖတ်ရန်
    next
စာမျက်နှာ 1 ရဲ့ 31