သတင်းပညာ

  1. ဖရန့်တီးယား သတင်းဌာနက ဒင်နီဖဲန်စတာ ဖမ်းဆီးခံထားရတာ ရက် ၁၀၀ ရှိလာပြီ

    ဖခင် ဘာ့ဒ်ဒီ၊ မိခင်ရို့စ်နဲ့ အစ်ကို ဘရိုင်ယန် ... ဖဲန်စတာမိသားစုကိုတွေ့ရစဥ်၊ ဇွန် ၄ ရက် ၂၀၂၁။
    Image caption: ဖခင် ဘာ့ဒ်ဒီ၊ မိခင်ရို့စ်နဲ့ အစ်ကို ဘရိုင်ယန် ... ဖဲန်စတာမိသားစုကိုတွေ့ရစဉ်၊ ဇွန် ၄ ရက် ၂၀၂၁။

    ဖရန့်တီးယား သတင်းဌာနက ဒင်နီဖဲန်စတာ ဖမ်းဆီးခံထားရတာ ရက် ၁၀၀ ရှိလာပြီအမေရိကန် စာနယ်ဇင်းသမား ဒင်နီဖဲန်စတာ Danny Fenster ကို မြန်မာ အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထားတာ ရက် ၁၀၀ မြောက် ရှိလာချိန် မိသားစုဝင်တွေက သူ့လွတ်မြောက်ရေး အတွက် ထပ်လောင်း တောင်းဆိုတာတွေ ပြုလုပ်ကြပါတယ်။

    ဒင်နီဖဲန်စတာဟာ မြန်မာအကျဥ်းထောင်ထဲမှာ ကိုဗစ် ကူးစက် ခံထားရကြောင်း ယုံကြည်ရတယ်လို့ အမေရိကန်မှာ ရှိတဲ့ သူ့ရဲ့ မိသားစုဝင်တွေက ပြောကြပါတယ်။

    ဩဂုတ် ၁ ရက်နေ့ ဒင်နီနဲ့ နောက်ဆုံး စကားပြောခဲ့ရတုန်းက အနံ့ အရသာတွေ ပျောက်နေတယ်လို့ ဒင်နီက ပြောပြီး၊ အာရုံမစူးစိုက်နိုင် စိတ်ကြည်ကြည်လင်လင် အနေအထားမှာ ရှိပုံမရဘူးလို့ မိခင် ဖြစ်သူ ရို့စ်ဖဲန်စတာက ဆိုပါတယ်။

    ဒင်နီဖဲန်စတန်ကို မြန်မာ အကျဥ်းထောင် အာဏာပိုင်တွေက ကိုဗစ်ပိုး ရှိမရှိ ဆေးစစ်ထားသလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

    မြန်မာနိုင်ငံထဲ ကိုဗစ် တတိယလှိုင်း ဒဏ် အဆိုးဆုံး ခံရချိန် ကာလတွေမှာ အကျဥ်းထောင်တွေထဲက ကိုဗစ် ကူးစက်မှု အခြေအနေဟာလည်း စိုးရိမ်ရဖွယ် ဖြစ်ကြောင်း ကုလအေဂျင်စီတွေ၊ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီလို နိုင်ငံတကာ အဖွဲ့တွေက ပြောခဲ့ကြပါတယ်။

    NLD ထိပ်ပိုင်း ခေါင်းဆောင်တချို့ အပါအဝင် နိုင်ငံရေး အကျဥ်းသားတွေ ကိုဗစ် ကူးစက်ခဲ့ကြတာကို အတည်ပြုထားနိုင်ပြီး၊ ကိုဗစ် ထိန်းချုပ်ရေး အတွက် ထောင်တွင်း တောင်းဆို ဆန္ဒပြတာတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

    ရို့စ်ဖဲန်စတာကတော့ .... “အင်မတန် ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရတဲ့ ရက် ၁၀၀ ပါ၊ အခုလို ရက်ပေါင်း ၁၀၀ တောင် ရှိသွားပြီ ဆိုတာ မယုံနိုင်လောက်အောင်ပါပဲ” ဆိုပြီး အမေရိကန် စာနယ်ဇင်းသမားတွေနဲ့ လောလောလတ်လတ် စကားပြောခဲ့တာမှာ ရင်ဖွင့်ခဲ့ပါတယ်။

    ဖရန့်တီးယား သတင်းမဂ္ဂဇင်းရဲ့ သတင်းခန်း အုပ်ချုပ်မှု အယ်ဒီတာ၊ အသက် ၃၇ နှစ် အရွယ် ဒင်နီ ဖဲန်စတာဟာ ရန်ကုန် နိုင်ငံတကာ လေဆိပ်မှာ မေလ ၂၄ ရက်နေ့ တုန်းက မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ကြိုးစားတုန်း ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။

    မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမြို့တော်ကို သွားမယ့် လေယာဥ်ပေါ်ကို အာဏာသိမ်း စစ်ကောင်စီက ဒင်နီ ဖဲန်စတာကို ပေးမတက်တော့ဘဲ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ နားလည်ရပါတယ်။

    အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာအောင် လှုံ့ဆောင်ခဲ့သူ တစ်ဦး အဖြစ် ဖဲန်စတာ့ အပေါ် အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲထားပြီး ဖဲန်စတာကတော့ အဲဒီ စွပ်စွဲချက်တွေကို ငြင်းဆို ထားပါတယ်။

    ဒင်နီ ဖဲန်စတာကို ပြန်လွှတ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဌာနက တောင်းဆို ထားပါတယ်။

    ဇွန် ၄ ရက် ၂၀၂၁။
    Image caption: မစ်ရှီဂန်ပြည်နယ် ဟန်တင်တန်ဝုဒ်စ်မှာ ဒင်နီဖဲန်စတာ လွတ်မြောက်ရေး စုဝေးလှုပ်ရှားမှု၊ ဇွန် ၄ ရက် ၂၀၂၁။
  2. ဗီဇာပေါ်လီမာ့ဂျ် နာမည်ကျော် သတင်းဓာတ်ပုံပြပွဲမှာ မြန်မာအရေး ဓာတ်ပုံတွေလည်း ခင်းကျင်းထား

    View more on facebook
  3. စည်သူအောင်မြင့်

    ဝါရင့် နိုင်ငံရေး သုံးသပ်သူ ဦးစည်သူအောင်မြင့်နဲ့ ဘီဘီစီ မီဒီယာ အက်ရှင်က မထက်ထက်ခိုင်တို့ကို သြဂုတ်လ ၁၅ ရက် ကတည်းက ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  4. သတင်းလွတ်လပ်ခွင့်ကို အလုံးစုံ ဖယ်ရှားလိုက်တဲ့ မြန်မာပြည် စစ်အာဏာသိမ်းမှု ဆိုပြီး CPJ အဖွဲ့ထုတ်ပြန်

    စစ်ကောင်စီလက်ထက် မြန်မာဟာ သတင်းသမားတွေ ရန်အပြုခံရဆုံးနေရာ ဖြစ်လာ- CPJ အစီရင်ခံစာ

    လွတ်လပ်တဲ့ သတင်းပညာရပ် အပေါ် ရာဇဝတ်မှု သဖွယ် မြန်မာ အာဏာသိမ်း စစ်ကောင်စီက သဘောထားပြီး ရန်ပြုနေတ​ယ်လို့ သတင်းသမားများကို အကာအကွယ် ပြုရေး ကော်မတီ CPJ အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

    စာနယ်ဇင်းသမားတွေကို ဖမ်းဆီးပြီး ပုဒ်မတွေတပ် တရားစွဲ ထောင်ချတာ၊ သတင်းဌာနတွေကို ပိတ်ပစ်တာ၊ နိုင်ငံတကာ သတင်းထောက်တွေကို ပြည်ဝင်ခွင့် တားဆီးတာမျိုးတွေ စစ်ကောင်စီက ကျူးလွန်နေခဲ့တယ်လို့ နယူးယောက် အခြေစိုက် CPJ အဖွဲ့က အသေးစိတ် အစီရင်ခံစာ တစ်စောင် ထုတ်ပြန်လာပါတယ်။

    စစ်ကောင်စီက ရန်မူတိုက်ခိုက်တာကြောင် သတင်းသမားတွေဟာ ပုန်းလျှိုးပြီး နေရတာမျိုး၊ ပြည်ပထိ ထွက်ပြေးကြရတာမျိုးတွေ ဖြစ်လာခဲ့ပြီး၊ မြန်မာ စစ်ကောင်စီဟာ ကမ္ဘာပေါ်သတင်းသမားတွေကို ရန်အမူဆုံး၊ ဖမ်းတာဆီးတာမျိုး အလုပ်ဆုံး အဖွဲ့ ဖြစ်လာတယ်လို့ အစီရင်ခံစာကို ရေးသားတဲ့ ရှောင် ဒဗယ်လျူ ခရစ္စပင်က ပြောပါတယ်။

    ဇူလိုင်လဆန်း အထိ သိထားရသမျှ စာရင်းတွေအရ အကျဥ်းထောင်ထဲ စာနယ်ဇင်းသမား ၃၂ ယောက် ဆက်လက် ရှိနေတယ်လို့ CPJ အစီရင်ခံစာထဲ ဖော်ပြထားပါတယ်။ အနည်းဆုံး ၄၅ ယောက် အဖမ်းခံထားရာကနေ ဇွန်လ အကုန် အစုလိုက် အပြုံလိုက် လွှတ်ပေးမှုထဲ သတင်းသမားတချို့ လည်း ပြန်လွတ် လာခဲ့တာ ဖြစ်ပါတယ်။

    ကမ္ဘာ့ နိုင်ငံ အသီးသီးမှာ ဖမ်းဆီးခံထားရတဲ့ သတင်းသမား အရေအတွက်နဲ့ ပတ်သက်ပြီး CPJ က ပြုစုထားတဲ့ စာရင်းဇယားတွေကို ကြည့်ရင် ၂၀၂၀ ဒီဇင်ဘာတုန်းကဆိုရင် တရုတ်မှာ ၄၈ ယောက်၊ တူရကီ ၄၇၊ ဆော်ဒီ ၂၆ နဲ့ အီဂျစ် ၂၆ ယောက် အသီးသီး ရှိချိန်မှာ မြန်မာပြည်မှာ ၁ ယောက်ပဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီ အခြေအနေကနေ စစ်အာဏာသိမ်းခံရပြီး နောက်ပိုင်း မြန်မာပြည်ဟာ သတင်းသမားတွေ အဖမ်းခံရဆုံး နိုင်ငံတစ်ခု ဖြစ်လာခဲ့တယ်လို့ CPJ အစီရင်ခံစာက ဆိုပါတယ်။

    စစ်အာဏာသိမ်းပြီးလို့ နှစ်ပတ် အတွင်းမှာပဲ စစ်ကောင်စီဟာ ဥပဒေဆိုင်ရာ ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး၊ နိုင်ငံတော် အကြည်အညီပျက်စေမှုက အစ သတင်းမှား ဖြန့်ဝေတယ် ဆိုတာအဆုံး စွပ်စွဲချက်တွေနဲ့ စာနယ်ဇင်းသမားတွေ အပေါ် အလွယ်တကူ အရေးယူ အပြစ်ပေးတာမျိူးတွေ ပြုလုပ် လာခဲ့တယ်လို့ ဆိုပါတယ်။

    CPJ အစီရင်ခံစာထဲ ပုဒ်မ ၅၀၅ (က) ကို အာရုံစိုက် ပြောထားပြီး၊ စစ်ကောင်စီက သတင်းလုပ်ငန်းကို ရာဇဝတ်မှု သဖွယ် ပြုလုပ်ရာမှာ အသုံးပြုဆုံး ပုဒ်မလို့ ဆိုထားပါတယ်။

    ၅၀၅ (က) ဟာ မူလတုန်းကတော့ လက်နက်ကိုင်တပ်တွေထဲက သူတွေ အမိန့်မနာခံပဲ တာဝန်တွေကနေ ပျက်ကွက်အောင်၊ ပုန်ကန်အောင် ရည်ရွယ်ပြီး ရေးသားတာ၊ သတင်းမှားတွေ ဖြန့်တာမျိုးကို အရေးယူတဲ့ ပုဒ်မဖြစ်ပါတယ်။

    အာဏာသိမ်း စစ်ကောင်စီက အဲဒီ ပုဒ်မကိုပဲ စာသားတွေ ပြင်ဆင် ပြောင်းလဲပြီး တရားစွဲ အရေးယူတာတွေ ပို ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ဖို့ အသုံးချလာခဲ့တယ်လို့ ဥပဒေရေးရော ကျွမ်းကျင်သူတွေ၊ လေ့လာစောင့်ကြည့်သူတွေကလည်း ပြောကြပါတယ်။

    မြန်မာနောင်းသတင်းထောက် ဖမ်းဆီးခံရစဥ်၊ ဖေဖေါ်ဝါရီ ၂၇၊ ရန်ကုန်။
    Image caption: မြန်မာနောင်းသတင်းထောက် ဖမ်းဆီးခံရစဉ်၊ ဖေဖေါ်ဝါရီ ၂၇၊ ရန်ကုန်။
  5. ဖရန့်တီးယား အုပ်ချုပ်မှု အယ်ဒီတာ မြန်မာအကျဥ်းထောင်ထဲ ကိုဗစ် လက္ခဏာတွေ ပြနေပေမယ့် ဘယ်လိုကုသ စစ်ဆေးမှုမျိုးမှ မရဘူးလို့ မိသားစုကပြော

    မြန်မာပြည်ထဲ အာဏာသိမ်း စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အမေရိကန် စာနယ်ဇင်းသမား ဒင်နီ ဖဲန်စတာ Danny Fenster မှာ ကိုဗစ်ရောဂါ ကူးစက် ထားနိုင်တဲ့ လက္ခဏာတွေ ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်း ကတည်းက ပြသလာခဲ့ပေမယ့် ကိုဗစ်နဲ့ ပတ်သက်ပြီး ဘယ်လို ကျန်းမာရေး စောင့်ရှောက်မှုမျိုးမှ ရရှိမနေဘူးဆိုပြီး သူ့ရဲ့ မိသားစုဝင်တွေက အမေရိကန် မီဒီယာတွေကို ပြောနေပါတယ်။

    “သူဟာ ဘယ်လိုကုသမှုမျိုး၊ စမ်းသပ်မှုမျိုးမှ ရမနေဘူး။ ကျွန်တော်တို့ အင်မတန် စိတ်ပျက်ရပြီး၊ တော်တော်လေးလည်း စိုးရိမ်နေကြပါတယ်” ဆိုပြီး အစ်ကို တော်စပ်သူ ဘရိုင်ယန် ဖဲန်စတာက အမေရိကန် ရုပ်သံသတင်းဌာန CNBC ကို ပြောပါတယ်။

    အသက် ၃၇ နှစ် အရွယ် ဒင်နီ ဖဲန်စတာဟာ ဖရန့်တီးယား သတင်းမဂ္ဂဇင်းရဲ့ သတင်းခန်း အုပ်ချုပ်မှု အယ်ဒီတာ ဖြစ်ပြီး၊ ရန်ကုန် နိုင်ငံတကာ လေဆိပ်မှာ မေလ ၂၄ ရက်နေ့ တုန်းက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

    မလေးရှား နိုင်ငံ၊ ကွာလာလမ်ပူမြို့တော်ကို သွားမယ့် လေယာဥ်ပေါ်ကို အာဏာသိမ်း စစ်ကောင်စီက ဒင်နီ ဖဲန်စတာကို ပေးမတက်တော့ဘဲ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

    အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာအောင် လှုံ့ဆောင်ခဲ့သူ တစ်ဦး အဖြစ် ဖဲန်စတာ့ အပေါ် အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲထားပြီး ဖဲန်စတာကတော့ အဲဒီ စွပ်စွဲချက်တွေကို ငြင်းဆို ထားပါတယ်။

    ဒင်နီ ဖဲန်စတာကို ပြန်လွှတ်ပေးဖို့ အမေရိကန် နိုင်ငံခြားရေးဌာနက တောင်းဆို ထားပါတယ်။

    ပြီးခဲ့တဲ့ လတုန်းက ဖဲန်စတာ့ကို ရုံးထုတ်ခဲ့ပြီး၊ နောက်ရုံးချိန်းကတော့ မနက်ဖြန် ဇူလိုင် ၁၅ ရက်၊ ကြာသပတေးနေ့လို့ နားလည်ထားပါတယ်။

    ဒင်နီဖဲန်စတာ
    Image caption: ဒင်နီဖဲန်စတာရဲ့ မိဘနှစ်ပါးနဲ့ အစ်ကိုဖြစ်သူ။ အမေရိကန် မစ်ရှီဂန်ပြည်နယ်၊ ဟန်တင်တန်ဝုဒ်စ်မှာ လုပ်ခဲ့တဲ့ ဒင်နီဖဲန်စတာ လွတ်မြောက်ရေး လှုပ်ရှားမှု၊ ဇွန်လဆန်း ၂၀၂၁။
  6. Video content

    Video caption: ကမာရွတ်မီဒီယာတည်ထောင်သူတစ်ဦးဖြစ်တဲ့ ကိုနေသန်မောင်ရဲ့ စစ်ကြောရေး အတွေ့အကြုံများ

    ကိုယ်ထိလက်ရောက် ညှင်းပမ်း နှိပ်စက်တာတွေ တွေ့ကြုံခံစားခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

  7. အိဗက်တန်

    ဘီဘီစီသတင်း

    ဟောင်ကောင်၊ Apple Daily၊ သတင်းစာ

    တရုတ်အစိုးရကို မကြောက်မရွံ့ ဝေဖန်ခဲ့တဲ့ Apple Daily သတင်းစာ ၂၆ နှစ်အကြာမှာ ပိတ်လိုက်ရပါပြီ။

    အပြည့်အစုံ ဖတ်ရန်
    next
  8. Myine-June 29

    ရန်ကုန်၊ တာမွေမြို့နယ်ထဲက မေတ္တာညွန့်ရပ်ကွက်ထဲမှာ အရပ်ဝတ်တချို့ပါ ပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီနေ့ ဇွန်လ ၂၉ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ပစ်ခတ်မှုတချို့လုပ်ပြီး ရှာဖွေမှုတွေလုပ်နေတယ်လို့ ရပ်ကွက်ထဲမှာနေထိုင်သူတွေက ပြောပါတယ်။

    Catch up
    next
  9. ဘိုဘို

    ဘီဘီစီမြန်မာပိုင်း

    burma

    စစ်ဗိုလ်နဲ့ လက်နက်ချတွေ သတင်းစာထုတ်တဲ့ခေတ်၊ သတင်းစာအားလုံး တသံတည်းထွက်တဲ့ခေတ်

    အပြည့်အစုံ ဖတ်ရန်
    next
  10. Video content

    Video caption: သတင်းမီဒီယာတွေကို စစ်ကောင်စီတားဆီးဖို့ ကြိုးစား

    ပုဂ္ဂလိက သတင်းမီဒီယာကြီး ၅ ခုကို ထုတ်ဝေခွင့် လိုင်စင်ရုပ်သိမ်းခဲ့

စာမျက်နှာ 1 ရဲ့ 4