လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့

  1. no tag

    စစ်ကိုင်းတိုင်းက ဒေသကာကွယ်ရေးတပ်တွေကို အရှိန်မြှင့် ပြီးစစ်ဆင်ရေးတွေလုပ်နေတဲ့ စစ်ကောင်စီဟာ နိုဝင်ဘာလ ၂၇ ရက်နေ့ကစပြီး အဲ့ဒီဒေသကို ရဟတ်ယာဉ်တွေသုံးပြီး တိုက်ခိုက်ခဲ့

    အပြည့်အစုံ ဖတ်ရန်
    next
  2. တာလီဘန်တွေထွက်သွားခဲ့တဲ့ အချိန်တုန်းကဆို  ဆံသဆိုင်တွေ အာဖဂန်လူငယ်တွေ ကြားမှာ ခေတ်စားလာခဲ့

    သူတို့ ဖောက်သည်တွေကို မုတ်ဆိတ်တွေ ညှပ်ပေးတာ၊ ရိတ်ပေးတာတွေ မလုပ်ဖို့ တာလီဘန်တွေက ဟယ်လမန်းခရိုင်က ဆံသဆရာတွေကို တားမြစ်နေပါတယ်။ ဒီ  တားမြစ်ချက်ကို ချိုးဖောက်တာဟာ အစ္စလာမ်ဥပဒေကို ချိုးဖောက်တာနဲ့တူတူပဲလို့ ပြောပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  3. နမ္မတူဘော်တွင်းကနေ ဩစတြေးလျ ကုမ္ပဏီ ထွက်တော့မယ်

    မြန်မာထဲကနေ လက်ကြီးကုမ္ပဏီတစ်ခု ထပ်ပြီး ထွက်ခွာ

    နမ္မတူဘော်တွင်း
    Image caption: စစ်အာဏာသိမ်းပြီးနောက် ဘော်တွင်းမှာ ငွေအရင်းအနှီးထည့်မယ့်သူတွေ ကိုယ်ရှိန်သတ်

    ရှမ်းပြည်နယ် နမ္မတူဘော်တွင်းရဲ့ ရှယ်ယာ အများစု ၅၁% ကို ပိုင်တဲ့ ဩစတြေးလျ အခြေစိုက် မြန်မာမက်တယ် Myanmar Metalsကုမ္ပဏီဟာ သူတို့ပိုင်ရှယ်ယာတွေ ရောင်းဖို့ စီစဥ်ထားတယ်လို့ ဇူလိုင် ၂၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

    မြန်မာပြည်မှာ စစ်အာဏာသိမ်းမှု ဖြစ်ခဲ့ပြီးနောက်ပိုင်း ယိုယွင်းလာတဲ့ အခြေအနေတွေ၊ မတည်ငြိမ်မှုတွေကြောင့် အမေရိကန် ဒေါ်လာ သန်း ၃၀၀ တန် ဘော်တွင်း ပရောဂျက်ကို ဆက်လုပ်ဖို့ရာ အခက် တွေ့လာရတယ်လို့ ဆိုပါတယ်။

    “ပရောဂျက်အတွက် ဘဏ္ဍာရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ လက်ငင်း အခြေအနေတွေမှာ ရလာဖို့ ဆိုရင် အင်မတန် ခက်ခဲမှာ ဖြစ်ပြီး၊ လက်တွေ့အရ မဖြစ်နိုင်ဘူးလို့ ဘုဒ်အဖွဲ့က သုံးသပ်ထားတယ်” ဆိုပြီး ထုတ်ပြန်ချက်ထဲ ရေးထားပါတယ်။

    ရှယ်ယာရှင်တွေ အတွက် အကောင်းဆုံးကတော့ ဘော်တွင်း ပရောဂျက်ထဲ ပိုင်ဆိုင်တဲ့ ရှယ်ယာတွေကို ရောင်းတာဖြစ်စေ၊ မြန်မာမက်တယ် ကုမ္ပဏီတစ်ခုလုံးကို ရောက်တာဖြစ်စေ ပြုလုပ်ဖို့လိုတယ် ဆိုပြီး ဘုဒ်အဖွဲ့က ဆုံးဖြတ်ထားတယ်လို့လည်း ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

    ဘော်တွင်း ပရောဂျက်မှာ ရင်းနှီးမြှုပ်နှံဖို့ အရင် ပြောဆိုထားသူတွေ အားလုံး ဖေဖေါ်ဝါရီ ၁ ရက်၊ စစ်အာဏာသိမ်းပြီး နောက်ပိုင်းငွေထုတ်မပေးတော့ဖို့ စိတ်ပြောင်းသွားကြတယ်လို့ နားလည်ရပါတယ်။

    ဒါ့ကြောင့် ပရောဂျက်ထဲ ဆက်ပါနေဦးမယ်ဆိုရင် မြန်မာမက်တယ် အနေနဲ့ လက်ရှိ မတည်ငွေ အမေရိကန်ဒေါ်လာ ၁၁ သန်းခွဲနီးပါးဟာ တစ်နှစ်အတွင်း ကုန်သွားနိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။

    ဘော်တွင်း ပရောဂျက်ဟာ ငွေသတ္တုတင်မက၊ ခဲနဲ့ သွပ်တို့ပါ ထုတ်မယ့် လုပ်ငန်း ဖြစ်ပါတယ်။ အဲဒီ ပရောဂျက်ရဲ့ ရှယ်ရာအများစု ၅၁%ကို ဩစတြေးလျ ကုမ္ပဏီ မြန်မာမက်တယ်က ၂၀၁၈ ခုနှစ်မှာ ဝယ်ယူခဲ့ပြီး၊ ကျန် ရှယ်ယာတွေကတော့ ပြည်တွင်း ကုမ္ပဏီတွေ ဖြစ်တဲ့ ဝင်းမြင့်မို ကုမ္ပဏီ လိမိတက် WMM နဲ့ အီးအေပီ ဂလိုဘယ် EAP တို့ တဝက်စီပိုင်တာ ဖြစ်တယ်လို့ နားလည်ရပါတယ်။

    မြန်မာမက်တယ်က နမ္မတူဘော်တွင်း ပရောဂျက် ရှယ်ယာ အများစုကို ရောင်းချဖို့ ဝယ်လက်တွေကို ရှာတဲ့အခါ၊ တရုတ်အခြေစိုက် ယင်တိုင် ဂိုးလ်ဒ် ကော်ပိုရေးရှင်း Yintai Gold Co ဆိုတဲ့ သတ္တုတွင်း ကုမ္ပဏီက စိတ်ဝင်စားပြီး အမေရိကန် ဒေါ်လာ ၆၆ သန်းခွဲ ပေးမယ် ဆိုတဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ သိရပါတယ်။

    ဘော်တွင်း
    Image caption: တရုတ်ကုမ္ပဏီက ဝ​ယ်မယ်ဆိုပြီး ကမ်းလှမ်းထား
  4. အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခုံရုံးက သေဒဏ်ချတာ ၆၅ ယောက် ရှိပြီ

    ဖေဖေါ်ဝါရီ ၁ ရက်၊ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း စစ်ခုံရုံးတွေကနေ သေဒဏ် အမိန့် ချမှတ်ထားသူ ၆၅ ယောက် ရှိတယ်လို့ လူ့အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ စောင့်ကြည့် လေ့လာရေး အဖွဲ့ ဖြစ်တဲ့ HRW က ထုတ်ပြန်ပါတယ်။

    အဲဒီ ၆၅ ယောက်အနက် စစ်ကောင်စီလက်ထဲ ဖမ်းခံထားရသူ ၂၆ ယောက်ရှိတယ်လို့ စစ်တပ် ချုပ်ကိုင်မှုအောက် ရောက်နေတဲ့ အစိုးရသတင်းဌာနတွေ၊ နိုင်ငံရေး အကျဥ်းသားများ ကူညီ စောင့်ရှောက်ရေး အဖွဲ့ AAPP တို့လို ပြည်တွင်း စောင့်ကြည့်ရေး အဖွဲ့တွေက ဆိုပါတယ်။

    ဒါ့ကြောင့် ၃၉ ယောက်ဟာ မျက်ကွယ်သေဒဏ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ မတ်လတုန်းကတည်းက စစ်အုပ်ချုပ်ရေး မာရှယ်လော ကြေညာခံထားရတဲ့ ရန်ကုန်က မြို့နယ်တွေမှာ စစ်ခုံရုံးတွေ ဖွဲ့ပြီး သေဒဏ်အမိန့်ချတာတွေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

    (မာရှယ်လော ကြေညာခံရတဲ့ နယ်မြေတွေမှာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာတွေကို အဲဒီ ဒေသမှာ ရှိတဲ့ စစ်တိုင်းမှူးက ချုပ်ကိုင်လိုက်တာ ဖြစ်ပါတယ်။ ဒ့ါကြောင့် အခု သေဒဏ်အမိန့်တွေဟာ ရန်ကုန်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေရဲ့ အမိန့်အောက်မှာ ရှိတဲ့ စစ်ခုံရုံးတွေကနေ ချမှတ်တာ ဖြစ်ပါတယ်။)

    စစ်ခုံရုံး ကြားနာစီရင်မှုတွေဟာ စွပ်စွဲခံရသူတွေအတွက် ဥပဒေကြောင်းအရ ခုခံချေပပိုင်ခွင့်၊ အယူခံတက်ပိုင်ခွင့် စတဲ့ အခြေခံ အခွင့်အရေးတွေ ကန့်သတ်ခံရပြီး၊ နိုင်ငံတကာ အသိုင်းအဝိုင်း၊ သတင်းမီဒီယာနဲ့ အများပြည်သူအနေနဲ့ စောင့်ကြည့်ခွင့် မရှိတော့ဘူးလို့ ဥပဒေ ပညာရှင်တွေက ပြောကြပါတယ်။

    ဒါ့ကြောင့် တရားစီရင်ရေးမှာ အရေးကြီးဆုံးဖြစ်တဲ့ မျှတတဲ့ ကြားနာစီရင်မှု ရရှိပိုင်ခွင့်ကို ကန့်သတ်ခံရတဲ့ စစ်ခုံရုံးတွေရဲ့ သေဒဏ် အမိန့်တွေဟာ အင်မတန်ကို တုန်လှုပ်ဖွယ်ရာ ကောင်းပြီး၊ တရားမျှတမှု ကင်းမဲ့တယ်လို့ HRW အဖွဲ့ရဲ့ အာရှဒေသဆိုင်ရာ သုတေသီ တစ်ယောက်ဖြစ်တဲ့ ရှေးနာ ဘာ့ကနာ Shayna Bauchner က ဆိုပါတယ်။

    သေဒဏ်ချမှတ်မှု အားလုံးကို အာဏာသိမ်း စစ်ခေါင်းဆောင် ဖြစ်တဲ့ စစ်ကောင်စီ ဥက္ကဌက အတည်ပြုဖို့ လိုတယ်လို့ နားလည်ရပါတယ်။ သေဒဏ်အမိန့်ချပြီး ၁၅ ရက် အတွင်း အာဏာသိမ်း စစ်ခေါင်းဆောင်ထံ အမိန့်ကို ပယ်ဖျက်ပေးဖို့ လျှောက်ထားနိုင်တယ်လို့ ဆိုပေမယ့် ရှေ့နေတွေကနေ တဆင့် လျှောက်ထားခွင့် ရတာမဟုတ်ပဲ၊ အကျဥ်းထောင် အရာရှိတွေကနေ တဆင့် လျှောက်ရတာဖြစ်တယ်လို့ စောင့်ကြည့် လေ့လာသူတချို့က ပြောပါတယ်။

    စစ်ကောင်စီလက်ထဲ လက်ရှိ ဖမ်းခံထားရတဲ့သူတွေထဲက ဘယ်နှစ်ဦး စစ်ခေါင်းဆောင်ထံ အယူခံတင်ခဲ့လဲ၊ ဘယ်လိုရလဒ်မျိုးတွေရှိလဲ ဆိုတဲ့ အချက်အလက်တွေကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

    လှိုင်သာယာ၊ မတ်လ ၁၄။ မာရှယ်လောကြေညာဖို့ ရက်ပိုင်းအလို။
    Image caption: လှိုင်သာယာ၊ မတ်လ ၁၄။ မာရှယ်လောကြေညာဖို့ ရက်ပိုင်းအလို။
  5. Video content

    Video caption: ကနီမှာ စစ်ဘေးရှောင်တွေ သတ်ဖြတ်ခံရ

    ကချင်ပြည်နယ်ဘက်မှာတော့ တိုက်ပွဲတွေ အတော်ဖြစ်နေ

  6. ဂက်ဝစ်မှာ ဖမ်းဆီး

    မြန်မာပြည်ထဲ ကလေးငယ်တွေကို စော်ကားခဲ့သူ ပင်စင်စားကို ယူကေတရားရုံး ထောင် ၆ နှစ်ချ

    အပြည့်အစုံ ဖတ်ရန်
    next
  7. Video content

    Video caption: စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း NUG ကုလကို တင်ပြထား

    ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေး ကို စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအကြောင်း NUG ဘက်ကနေ ကြိုတင်ပေးပို့ထား

  8. Video content

    Video caption: ရန်ကုန်နဲ့ မြို့ကြီးတချို့မှာ ပစ်ခတ်မှုတွေရှိ

    စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လို့ အရပ် သား ထိခိုက်သေဆုံးမှုတွေကလည်းဆက်ရှိနေ

  9. Video content

    Video caption: မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတာ ရက် ၁၀၀

    မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ဒီနေ့ ရက် ၁၀၀ ရှိပြီ

  10. Video content

    Video caption: ပုံမှန်မလည်နိုင်တဲ့ ဘဏ်စနစ်ကြောင့် ပြည်သူတွေ အခက်တွေ့နေကြ

    ဘဏ်တွေနဲ့ ATM စက်တွေမှာ လူတန်းက ပိုရှည်နေပါတယ်

စာမျက်နှာ 1 ရဲ့ 3