စင်္ကာပူ

  1. စင်္ကာပူ၊ နိုင်ငံခြား၊ စွက်ဖက်မှု

    ပြည်တွင်း နိုင်ငံရေး ကိစ္စတွေမှာ ပြည်ပက ဝင်စွက်တာကို တုံ့ပြန်ဖြေရှင်းရေး ဥပဒေသစ်ပါ အချက်တွေကြောင့် အကဲခတ်တွေ စိုးရိမ်နေကြပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  2. Video content

    Video caption: စင်္ကာပူက အလုပ်သမားတွေ ကိုဗစ်စည်းကမ်းနဲ့ ပိတ်ထားခံရဆဲ
  3. အောက်ဆီဂျင်ထုတ်စက် အလုံး ၂၀၀ မြန်မာကို ပေးမယ်လို့ စင်္ကာပူ ကြေညာ

    ကြက်ခြေနီ အသင်းအချင်းချင်းတွေကြား ချိတ်ဆက်မှုနဲ့ အောင်ဆီဂျင်စက်တွေ စင်္ကာပူကနေ ဝင်လာမယ်

    ကိုဗစ်နိုင်တင်း ကပ်ရောဂါကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေကို အားပေးကူညီတဲ့ အနေနဲ့ ၁၀ လီတာ အောက်ဆီဂျင်ထုတ်စက် အလုံး ၂၀၀ ပေးသွားမယ်ဆိုပြီး စင်္ကာပူ အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇူလိုင်လ ၂၈ ရက်နေ့ ရက်စွဲနဲ့ ကြေညာပါတယ်။

    စင်္ကာပူ ကြက်ခြေနီ အသင်း SRC ရဲ့ လမ်းကြောင်းကနေတဆင့် အဲဒီ အောက်စီဂျင် ကွန်ဆန်ထရိတ်တာ စက်တွေကို ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

    SRC အနေနဲ့ မြန်မာ ကြက်ခြေနီ အသင်းနဲ့ အတူ လက်တွဲပြီး စင်္ကာပူက ကူညီတဲ့ အောက်ဆီဂျင် စက်တွေကို ကိုဗစ်ဒဏ် ခံနေရတဲ့ မြန်မာ လူမှု အသိုင်းအဝိုင်းတွေထဲ ဖြန့်ဝေ ပေးသွားမယ် ဆိုပြီး စင်္ကာပူ နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်ထဲ တွေ့ရပါတယ်။

    စင်္ကာပူ အစိုးရက မြန်မာကို ကိုဗစ်ရှိမရှိ စစ်တဲ့ PCR စက်တွေ အပါအဝင် စစ်ဆေးရာမှာ လိုအပ်တဲ့ ပစ္စည်းတွေ၊ ဆေးရုံသုံး မျက်နှာအကာအကွယ်တွေ၊ လက်ကိုလိမ်းရတဲ့ ပိုးသတ်ဆေးရည်တွေနဲ့ တခြား ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေကို ပေးအပ်ထားနှင့်ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ကိုဗစ် နိုင်တင်း ကပ်ရောဂါကို ရင်ဆိုင်နေကြတဲ့ မြန်မာပြည်သူတွေနဲ့ အတူ တသားတည်း ရပ်တည်တယ်လို့လည်း စင်္ကာပူ နိုင်ငံခြားရေးဌာနက ဆိုထားပါတယ်။

    ရေကြီးရေလျှံမှုတွေ ဖြစ်လာတဲ့ အတွက် ကိုဗစ် လူနာကို နေရာရွှေ့ပေးကြစဥ်။ ဇူလိုင် ၂၆၊ မြဝတီမြို့။
    Image caption: ရေကြီးရေလျှံမှုတွေ ဖြစ်လာတဲ့ အတွက် ကိုဗစ် လူနာကို နေရာရွှေ့ပေးကြစဥ်။ ဇူလိုင် ၂၆၊ မြဝတီမြို့။
  4. စာသင်ကျောင်းကို အ၀င်အထွက်တွေ ခဏပိတ်ထားပြီးတဲ့နောက် ပြန်ထွက်လာတဲ့ ကျောင်းသား ကျောင်းသူတွေ

    သံသယတရားခံဟာ အသက် ၁၈ နှစ်အောက်ဖြစ်တာကြောင့် သေဒဏ်အစား ထောင်တသက် ပြစ်ဒဏ်ကျနိုင်ဖွယ်ရှိပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  5. စင်္ကာပူရဲ့ ညဖျော်ဖြေရေး လုပ်ငန်းတွေမှာ ကိုဗစ် အစုလိုက်ကူးစက်မှုတွေ ဖြစ်ခဲ့ (ပုံဟောင်း)

    စင်္ကာပူမှာ ဗိုင်းရပ်စ်အတွက် ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကို တစစနဲ့ ဖြေလျှော့ပေးလာနေတာ ဖြစ်ပြီး လူတွေကိုလည်း အစုအဖွဲ့လိုက် တွေ့ဆုံခွင့်ပြုသလို ဆိုင်တွေမှာ ထိုင်စားခွင့်တွေလည်း ပြုလာရာမှာ အခုလို ကူးစက်မှု အများအပြားတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  6. Young woman cleaning window

    ပိုင်နဂါဒွန် ဆိုတဲ့ မြန်မာ အမျိုးသမီး အိမ်အကူ ၂၀၁၆ ခုနှစ် က သေဆုံးသွားခဲ့ပြီး၊ သေဆုံးချိန်မှာ ကိုယ်အလေးချိန် ၂၄ ကီလိုပဲ ကျန်တဲ့ အထိ နှိပ်စက် ခံထားရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  7. ဓါတ်ပုံ ၁ ။ ။ ထိုင်ဝမ်နိုင်ငံဟာ တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ အရေးပေါ် အခြေအနေကြေညာလိုက်ချိန် ကတည်းက စပြီး အစောဆုံး နိုင်ငံခြားသား ဝင်ရောက်မှုကို ပိတ်ပင်ခဲ့တဲ့ တနိုင်ငံဖြစ်

    ပြည်ဝင်ခွင့် တင်းကြပ်မှုနဲ့ ကူးနှုန်းကျလို့ ပေါ့ဆသွားတဲ့ ထိုင်ဝမ် အခြေအနေနဲ့ ပြည်တွင်စည်းကမ်း တင်းကြပ်မှုရဲ့ ဟာကွက်တွေကို ဖြည့်နေရတဲ့ စင်္ကာပူ

    အပြည့်အစုံ ဖတ်ရန်
    next
  8. ဘေလ် ဟေတန်

    လန်ဒန်မြို့ နိုင်ငံတကာရေးရာ အကြံပေးအဖွဲ့ Chatham House က ပညာရှင်၊ ဘီဘီစီ ဗီယက်နမ်ဌာန သတင်းထောက်ဟောင်း

    အာဆီယံ၊ ထိပ်သီးဆွေးနွေးပွဲ၊ မြန်မာ၊ စစ်အာဏာသိမ်း

    မြန်မာနိုင်ငံက သွေးချောင်းစီးမှု အခြေအနေ အဆုံးသတ်သွားဖို့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲက ဆောင်ရွက်ပေးနိုင်မလား။

    အပြည့်အစုံ ဖတ်ရန်
    next
  9. ကိုဗစ်၊ ကာကွယ်ဆေး၊ အာရှနိုင်ငံ

    အာရှနိုင်ငံတွေမှာ ကိုဗစ်ကာကွယ်ဆေး ထိုးရေး စီမံကိန်းတွေကို တချို့ စတောင် မစရသေးသလို တချို့လည်း အခုမှ ကနဦးအဆင့်မှာပဲ ရှိနေပါသေးတယ်။

    အပြည့်အစုံ ဖတ်ရန်
    next
  10. ဘယ်အာဆီယံနိုင်ငံတွေက ဘယ်လိုသဘောထား ရှိနေလဲ

    အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ အစည်းအ၀ေး အတွင်းမှာ အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူနဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေး ၀န်ကြီးတွေက မြန်မာ အာဏာသိမ်း စစ်ကောင်စီ အပေါ် နိုင်ငံရေး အရ တောင်းဆို တိုက်တွန်းတာတွေ ပြုလုပ်ပါတယ်။

    အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဖမ်းဆီးထားတဲ့ သူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတာ ဖြစ်ပြီး၊ ဆန္ဒပြသူတွေ အပေါ်အကြမ်းမဖက်ဖို့လည်း ပြောကြပါတယ်။

    မြန်မာနိုင်ငံနဲ့ စီးပွားရေး အဆက်အစပ် အပတ်အသက်များတဲ့ စင်္ကာပူအနေနဲ့ စစ်အာဏာသိမ်းတဲ့ လုပ်ရပ်အပေါ်၀ေဖန်တာမျိုး လုပ်ဖို့ ခဲယဥ်းလိမ့်မယ် ဆိုတဲ့ သုံးသပ်ချက်မျိုးတွေ ရှိပေမယ့်၊ စင်္ကာပူ နိုင်ငံခြားရေး ၀န်ကြီး ဗီဗီယန် ဘာလာခရစ်ရှန်ရော၊ ၀န်ကြီးချုပ်လီရှန်လွန်းရော ဒီမိုကရေစီ စံတန်ဖိုးတွေပေါ်မှာ ရပ်ပြီး ပြောလာတာ တွေ့ရပါတယ်။

    -မြန်မာ့ဒီမိုကရေစီနဲ့ ပထဝီနိုင်ငံရေ

    -မြန်မာ စစ်အာဏာသိမ်းအစိုးရ ဘာဆက်လုပ်နိုင်သလဲ

    အနောက်အုပ်စု နိုင်ငံတွေ ပြုလုပ်နေတဲ့ ပိတ်ဆို့ အရေးယူမှုတွေက အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ဘူး ဆိုပြီး စင်္ကာပူ အစိုးရက ရှုမြင်ထားပေမယ့်၊ နိုင်ငံရေး အရ ရှေ့တိုးဖို့ ဆိုရင်တော့ ဖမ်းထားတဲ့ ခေါင်းဆောင်တွေကို ပြန်လွှတ်၊ ဆန္ဒပြသူတွေကို လက်နက်နဲ့ အကြမ်းမဖက်နဲ့ ဆိုတဲ့ သဘောထားမျိုးကို စင်္ကာပူက ထုတ်ဖော် ပြောနေပါတယ်။

    စင်္ကာပူ၀န်ကြီးချုပ် လီရှန်လွန်းနဲ့ ဘီဘီစီ သီးသန့် အင်တာဗျုးမှာ မြန်မာအရေး ၀န်ကြီးချုပ်လီ ပြောတာက

    “စစ်အာဏာသိမ်းတာဟာ၊ ဖွဲ့စည်းပုံနဲ့ ညီသည်ဖြစ်စေ၊ မညီသည်ဖြစ်စေ၊ မြန်မာပြည်အတွက် အင်မတန် ၀မ်းနည်းစရာကောင်းတဲ့ နောက်ကြောင်းပြန် လှည့်မှု ဖြစ်တယ်။ ဒီလိုနည်းလမ်းမှာ အနာဂတ်ဆိုတာ မရှိပါဘူး။

    ဒါကို သိခဲ့ကြလို့လည်း ရွေးကောက်ပွဲတွေ ကျင်းပ၊ အရပ်သားအစိုးရ ထူထောင်တာမျိုး ရှေ့တိုး လုပ်ဆောင်ခဲ့ကြတာ မဟုတ်လား။

    နောက်ပြီး၊ လက်နက်မဲ့ ဆန္ဒပြသမားတွေကို သေစေလောက်အောင် အင်အားသုံးတာမျိုးက ဘယ်လိုမှ လက်သင့်ခံနိုင်ဖွယ် မရှိပါဘူး” ဆိုပြီး ၀န်ကြီးချုပ် လီရှန်လွန်း ပြောသွားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပြီး ဆွေးနွေးညှိနှိုင်း အဖြေရှာပါလို့လည်း ၀န်ကြီးချုပ်လီက မြန်မာ စစ်ကောင်စီကို တိုက်တွန်းပါတယ်။

    စင်္ကာပူ၀န်ကြီးချုပ် လီရှန်လွန်
    Image caption: ဆန္ဒပြသမားတွေအပေါ် သေစေလောက်အောင် အင်အားသုံးတာမျိုးက ဘယ်လိုမှ လက်သင့်ခံနိုင်ဖွယ် မရှိဘူး - စင်္ကာပူ၀န်ကြီးချုပ် လီရှန်လွန်
စာမျက်နှာ 1 ရဲ့ 6