ဖလော်ရီဒါက လူသိန်းပေါင်းများစွာ မုန်တိုင်းလွတ်ရာ ရွှေ့ပြောင်း

မက်သယူးမုန်တိုင်း ကျရောက်တော့မှာဖြစ်လို့ သန်းပေါင်းများစွာသောလူတွေ ရွှေ့ပြောင်းနေ

ဓာတ်ပုံ ရင်းမြစ်, MATTHEW HINTON

ဓာတ်ပုံ ပုံစာ,

မက်သယူးမုန်တိုင်း ကျရောက်တော့မှာဖြစ်လို့ သန်းပေါင်းများစွာသောလူတွေ ရွှေ့ပြောင်းနေ

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ ဆယ်စုနှစ်တစ်ခုအတွင်းအပြင်းထန်ဆုံး ဟာရီကိန်း မက်သယူးမုန်တိုင်း ကျရောက်တော့မှာဖြစ်လို့ သိန်းပေါင်းများစွာသောလူတွေ ရွှေ့ပြောင်းနေရတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အရှေ့ဘက်ကမ်းရိုးတန်းတလွှား ဖလော်ရီဒါကနေ တောင်ကာရိုလိုင်းနား ပြည်နယ်ကြားဆက်သွယ်ထားတဲ့ ကားလမ်းတွေပေါ်မှာ မုန်တိုင်းလွတ်ရာ ပြေးကြသူတွေရဲ့ ကားတန်းတွေနဲ့ ပြည့်ကြပ်နေပါတယ်။

ကြာသပတေးနေ့နှောင်းပိုင်းအချိန်မှာ ဟာရီကိန်းမက်သယူး ဖလော်ရီဒါပြည်နယ်ထဲ ဝင်ရောက် လာမယ်လို့ခန့်မှန်းထားပါတယ်။

မုန်တိုင်းတိုက်ခတ်ခဲ့ပြီးဖြစ်တဲ့ဟေတီနိုင်ငံမှာတော့ အနည်းဆုံး လူ ၂၃ ယောက် အသက်ဆုံးရှုံးခဲ့ပြီး လူ တစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ အကူအညီပေးရေးအဖွဲ့ ကဆိုပါတယ်။

လာမယ့်တနင်္ဂနွေနေ့မှာကျင်းပဖို့စီစဉ်ထားတဲ့ ဟေတီသမ္မတရွေးကောက်ပွဲကိုလည်း ရွှေ့ဆိုင်းလိုက်ရပါတယ်။

ကျူးဘားမှာလည်းမုန်တိုင်းဒဏ်ကြောင့် အိမ်ခြေများစွာပျက်စီးခဲ့ပြီး အကူအညီပေးရေးအဖွဲ့တွေက လူပေါင်း ၃ သိန်းကျော် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။