နိုဘယ်ငြိမ်းချမ်းရေးဆုရသူ အမည် ကနေ့ ကြေညာ

ဓာတ်ပုံ ရင်းမြစ်, KARAM AL-MASRI
ငြိမ်းချမ်းရေး ဆုရှင်လောင်းတွေထဲ ဆီးရီးယားက ခမောက်ဖြူ အဖွဲ့တွေပါ
ဒီနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုရသူ အမည်ကို သောကြာနေ့ နှောင်းပိုင်းမှာ ကြေညာ လိုက်ပါပြီ။
အမည် စာရင်းသွင်းခံရသူ ၃၇၆ ယောက် ထဲကန ဆုကော်မတီဝင်တွေက ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
ကိုလံဘီယာမှာ ငြိမ်းချမ်းရေး သဘောတူညီမှု ကို ဆန္ဒခံယူပွဲမှာ ပယ်ချလိုက်ပေမယ့် ကိုလံဘီယာ သမ္မတ ဆန်းတော့စ် ကိုပဲ ရွေးချယ်ခဲ့ပါတယ်။
ကိုလံဘီယာနိုင်ငံမှာ နှစ် ၅၀ ကျော်ကြာဖြစ်နေတဲ့ ပြည်တွင်းစစ် နိဂုံးချုပ်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ သမ္မတကို ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
ဆီးရီးယားမှာ ပြည်တွင်းစစ် အပျက်အစီးတွေထဲက ထောင်သောင်းချီတဲ့ သူတွေကို ကယ်တင်နေတဲ့ ခမောက်ဖြူ စေတနာ့ဝန်ထမ်း တွေကလည်း ဆုဆန်ကာတင် စာရင်းထဲမှာ ထိပ်ဆုံးက ရှိခဲ့ပါတယ်။
အီရန် အဏုမြူရေး သဘောတူညီမှု ရအောင် ညှိနှိုင်းသူတွေနဲ့ IS တွေရဲ့ အဓမ္မ ပြုကျင့်ခံရပြီးနောက် ထွက်ပြေး လွတ်မြောက်လာတဲ့ ယာဇီဒီ အမျိုးသမီး တယောက်လည်း ဆုအတွက် သတင်းကြီး ခဲ့ပါတယ်။