ခမာ လွှတ်တော်ဖွင့်ပွဲ အတိုက်အခံ မတက်ရောက်

ဓာတ်ပုံ ရင်းမြစ်, Reuters
ကမ္ဗောဒီးယား အမျိုးသား လွှတ်တော် အဆောက်အအုံ
ကမ္ဗောဒီးယား လွှတ်တော်သစ် ဖွင့်ပွဲကို အတိုက်အခံပါတီက လူတွေ မတက်ကြပါဘူး။
သူတို့ကို ဝန်ကြီးချုပ် ဟွန်ဆင်ရဲ့ အာဏာရ ပါတီက ခြိမ်းခြောက် နေတယ် လို့ပဲ ဆိုပါတယ်။
ဒီလပိုင်း အတွင်း ကမ္ဗောဒီးယားမှာ အတိုက်အခံ နိုင်ငံရေး သမားတွေ အများကြီး ရိုက်နှက် ခံခဲ့ရပါတယ်။ အမျိုးသား ကယ်ဆယ်ရေး ပါတီ ရဲ့ ခေါင်းဆောင် ဆင်မ် ရိန်ဆီ ဆိုရင် ပြည်ပကို ထွက်ပြေး နေရပါတယ်။
သူ့လက်ထောက် ပါတီ ခေါင်းဆောင် ကတော့ တရားစွဲ ဖမ်းဆီး ခံရမှာ စိုးလို့ ပါတီ ရုံးချုပ်မှာပဲ နေပါတယ်။
သူ့ပါတီက လွှတ်တော်ကို လနဲ့ချီပြီး သပိတ်မှောက်နေတာပါ။ ဒါပေမဲ့လည်း သောကြာနေ့ မှာ ကျင်းပတဲ့ လွှတ်တော်သစ် ဖွင့်ပွဲကို သူတို့ တက်မယ်လို့ ယူဆ ခဲ့ကြပါတယ်။