ဆမ်ဆောင်း ဂလက်စီ နုတ်ဆဲဗင်းဖုန်း ထုတ်တာ ပြန်သုံးသပ်

ဓာတ်ပုံ မူပိုင် Reuters
Image caption ဖုန်းဘက်ထရီ ပြဿနာ တက်ခဲ့တဲ့ ဆမ်ဆောင်းဖုန်း

တောင်ကိုရီးယားက ဆမ်ဆောင်း ဂလက်စီ နုတ် ဆဲဗင်း ဖုန်းတွေ အရည်အသွေး မြှင့်တင်ဖို့ ထုတ်လုပ်မှုကို သုံးသပ်သွားမယ်လို့ ကုမ္ပဏီကပြောပါတယ်။

ဖုန်းဘက်ထရီ မီးလောင်မှုတွေ ဖြစ်ပွားပြီးနောက် သန်းနဲ့ချီတဲ့ စမတ်ဖုန်းသစ်တွေကို ပြန်သိမ်းခဲ့ရတဲ့ အတွက် ဆမ်ဆောင်းက ဒီဖုန်း ထုတ်လုပ်မှုကို ရပ်ထားတော့မယ်လို့ တောင်ကိုရီးယား သတင်းစာတွေက ရေးသားပါတယ်။

အရင် မော်ဒယ် အဟောင်း ဖုန်းတွေ တုန်းကလည်း အလားတူ မီးလောင်မှုတွေ ပေါ်ပေါက်လို့ ဒါတွေနဲ့ အစားထိုးဖို့ ဒီဖုန်းသစ်ကို တီထွင်ခဲ့တာပါ ။

ဒီမီးလောင်မှု အကြောင်း သိရဖို့ အတွက် အစားထိုး ထုတ်လုပ်တဲ့ ဖုန်းတလုံးပေါ်မှာ စမ်းသပ် စစ်ဆေးနေတယ်လို့လည်း ဆမ်ဆောင်းက ပြောပါတယ်။

ဒီလို အစားထိုးတဲ့ ဖုန်းတွေ ဆက်မထုတ်နိုင်ဘူးဆိုရင် ကုမ္ပဏီ အတွက် အများကြီး နစ်နာနိုင်တယ်လို့ ဆိုးလ် မြို့တော်က ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ပန်းသီး ကုမ္ပဏီရဲ့ အိုင်ဖုန်း ဆဲဗင်းနဲ့ ယှဉ်ပြိုင်ဖို့ ဂလက်စီ နုတ် ဆဲဗင်း ဖုန်းတွေကို ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။