ဥပုသ်ရက်ရှည်စောင့်တဲ့ အိန္ဒိယကျောင်းသူသေဆုံးမှု စစ်ဆေး

ဓာတ်ပုံ မူပိုင် Uma Sudhir
Image caption ၃ လ လုံး ရေပဲ သောက်ခဲ့ရတဲ့ ကျောင်းသူကလေး

အိန္ဒိယ တောင်ပိုင်းမှာ ၁၃ နှစ် အရွယ် မိန်းကလေး တယောက် ဥပုသ် လနဲ့ချီ စောင့်ပြီးနောက် သေဆုံးခဲ့တဲ့အတွက် သူ့မိသားစုကို ရဲက စစ်ဆေးနေပါတယ်။

ဟိုက်ဒရာဘတ် ပြည်နယ်က အာရာဒါးနား ဆိုတဲ့ ကျောင်းသူ မိန်းကလေးဟာ ၃ လ ကျော်အောင် ရေပဲ သောက်ခဲ့ရတာ ဖြစ်ပါတယ်။

နောက်ပိုင်း ဒီမိန်းကလေး မူးမေ့ လဲကျပြီး နှလုံးရောဂါနဲ့ သေဆုံးခဲ့ပုံရပါတယ်။

သူ့မိသားစုတွေက ဂျိန်းဘာသာဝင်တွေပါ။ ဒီလို ဥပုသ်စောင့်ရင် ကံကောင်းတယ်လို့ ယုံကြည်ကြပါတယ်။

မိန်းကလေးကို အတင်းအကျပ် ဥပုသ်စောင့်ခိုင်းတယ်ဆိုပြီး ကလေး အခွင့်အရေး စောင့်ရှောက်တဲ့ အဖွဲ့တွေက မိသားစုကို စွပ်စွဲနေကြပေမယ့် မိဘတွေ ဘက်က ပယ်ချ ခဲ့ပါတယ်။