ဂလက်ဇီ နုတ်ဆဲဗင်း ဖုန်းတွေ ကမ္ဘာတလွှား အရောင်းရပ်ဖို့ ဆမ်ဆောင်း ကုမ္ပဏီ ပန်ကြား

Image caption ဘက်ထရီ ပြဿနာ မဖြေရှင်းနိုင်

တောင်ကိုရီးယား နိုင်ငံရဲ့ လျှပ်စစ် ပစ္စည်းတွေ ထုတ်လုပ်ရာ နာမည်ကျော် ဆမ်ဆောင်း ကုမ္ပဏီက သူတို့ ထုတ်လုပ်တဲ့ ဂလက်ဇီ နုတ်ဆဲဗင်း ဖုန်းတွေ ကို ဆက်ပြီး မရောင်းချ တော့ဖို့ ကမ္ဘာတလွှားက လုပ်ငန်း စပ်တူ လုပ်ကိုင် နေသူတွေကို ပန်ကြား လိုက်ပါတယ်။

ဂလက်ဇီ နုတ်ဆဲဗင်း ဖုန်းတွေရဲ့ ဘက်ထရီမှာ ပြဿနာ ရှိနေပြီး တချို့ ဖုန်းတွေ မီး ထ ထ လောင် နေတဲ့ အတွက် ဖုန်းသစ် တွေ အစားထိုး လဲလှယ် ခဲ့ပေမယ့်လည်း အဲဒီ့ ပြဿနာကို မဖြေရှင်းနိုင် ဖြစ်နေပါတယ်။

အဲဒီ့ စမတ်ဖုန်း အမျိုးစားတွေ ကိုင်ထားသူတွေ အနေနဲ့ ဖုန်းကို ပိတ်ထားကြဖို့ ဆမ်ဆောင်းက အကြံပြု တိုက်တွန်း နေပါတယ်။

အခုလို ဂလက်ဇီ နုတ်ဆဲဗင်း ဖုန်း အမျိုးအစားမှာ ပြဿနာ ရှိလာ ခဲ့တဲ့ အတွက် ဆမ်ဆောင်း အနေနဲ့ ပြိုင်ဘက် စမတ်ဖုန်း ကုမ္ပဏီတွေနဲ့ကြား စျေးကွက် ယှဉ်ပြိုင်ရာမှာ အင်မတန် ထိခိုက် နစ်နာသွား စေပါတယ်။

အထူးသဖြင့် အက်ပဲလ် ကုမ္ပဏီရဲ့ နောက်ဆုံးထုတ် အိုင်ဖုန်း အမျိုးအစားနဲ့ ယှဉ်ပြိုင်ဖို့ ဆမ်ဆောင်းက ဂလက်ဇီ နုတ်ဆဲဗင်းကို စျေးကွက်ထဲ ဖြန့်ချီ ထားခဲ့တာ ဖြစ်ပါတယ်။