ဟာရီကိန်း မက်သရူး အလွန် ဟေတီမှာ အရေးပေါ် အကူအညီ တွေ လိုအပ်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဟာရီကိန်း မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များ
ဟာရီကိန်း မက်သရူး မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွား ခံလိုက်ရတဲ့ ဟေတီမှာ လူပေါင်း ၁.၄ သန်း အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ် ဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ပြောပါတယ်။
ဟာရီကိန်း မက်သရူးကြောင့် ဟေတီမှာ မြို့ရွာ တချို့ လုံးဝ ကွယ်ပျောက် သွားခဲ့ရတယ်လို့ မစ္စတာ ဘန်က ဆိုပါတယ်။
ဟေတီကို ၃ လတာ အကူအညီပေးရေး အစီအစဉ်တွေ အတွက် ဒေါ်လာ သန်း ၁၂ဝ လိုအပ် နေပါတယ်။
ဟေတီကို ကျန်းမာရေး ဝန်ထမ်း ၂ဝဝ ကျော် စေလွှတ် ပေးမယ်လို့ ကျူးဘားနဲ့ ဗင်နီဇွဲလား နိုင်ငံတို့က ပြောပါတယ်။
မက်သရူး မုန်တိုင်းကြောင့် ဟေတီမှာ လူ ၄ဝဝ နီးပါး သေဆုံး ခဲ့ရတယ်လို့ ဟေတီ အစိုးရက ထုတ်ပြန် ထားပါတယ်။