အခုနှစ် စာပေနိုဘယ်ဆုကို ဘော့ဒိုင်လန် ရရှိ

ဓာတ်ပုံ ရင်းမြစ်, AFP
သီချင်းရေး ဆရာတွေထဲမှာ အရင်က စာပေနိုဘယ်ဆု ရဖူးသူ မရှိသေး။
ဒီနှစ်အတွက် စာပေနိုဘယ်ဆုကို အသက် ၇၅ နှစ်အရွယ် အမေရိကန် အဆိုတော်နဲ့ သီချင်းရေးဆရာ ဘော့ဒိုင်လန်က ရရှိသွားပါတယ်။
အမေရိကန် ရိုးရာသီချင်းတွေကို ကဗျာဆန်ဆန် ဆန်းသစ်နိုင်ခဲ့လို ဖြစ်တယ်လို့ ဆုကြေညာတဲ့ ဆွီဒင် အကယ်ဒမီက ဆိုပါတယ်။
ဘော့ဒိုင်လန်ရဲ့ အကောင်းဆုံး သီချင်း နှစ်ပုဒ်က 'Blowin' in the Wind နဲ့ 'The Times They are A-Changin' တွေပါ။
အဲဒီ သီချင်းတွေကို စစ်ပွဲဆန့်ကျင်ရေးနဲ့ ပြည့်သူ့အခွင့်အရေး လုပ်ရှားမှုတွေမှာ ကြွေးကြော်သံအဖြစ် သီဆိုခဲ့ကြတာ ဖြစ်ပါတယ်။
စာပေ နိုဘယ်ဆုကို သီချင်းရေးဆရာ တစ်ယောက်ကို ချီးမြှင့်တာဟာ အခုက ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

နိုဘယ်ဆုရှင် ဒတ်စမွန် တူးတူး အကူအညီနဲ့ သေလို
တောင်အာဖရိက နိုဘယ်ဆုရှင် ဒတ်စမွန်တူးတူး အကူအညီနဲ့ သေရတာကို လိုလားတယ်လို့ဆို