အီရတ်မှာ ရှီအာမူဆလင်တွေ ဗုံးခွဲတိုက်ခိုက်ခံရ

အီရတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

အနည်းဆုံး ၃၀ သေဆုံးပြီး ၆၀ကျော် ဒဏ်ရာရ

အီရတ်မြို့တော် ဘဂ္ဂဒတ်က ဈေးတခုအနီးမှာ စုဝေးနေတဲ့ ရှီအာ မူဆလင်တွေကို အသေခံဗုံးခွဲသမားတယောက်က တိုက်ခိုက်လိုက်တဲ့အတွက် အနည်းဆုံး ၃၀ သေဆုံးပြီး ၆၀ကျော် ဒဏ်ရာရသွားပါတယ်။

ရှီအာမူဆလင်တွေက တမန်တော် မိုဟာမက်ရဲ့ မြေး ဟူစိန်အသတ်ခံရတဲ့ အထိန်းအမှတ်အနေနဲ့ စုဝေးနေကြတာ ဖြစ်ပါတယ်။

ဒီအထိန်းအမှတ်ပွဲမှာ ဂါရဝပြုဖို့ လာကြသူတွေ အပြည့်ရှိနေတဲ့ နေ့လည်စာ စားချိန်မှာ ဗုံးတပ်စွပ်ကျယ်ကို ဝတ်ထားတဲ့ စစ်သွေးကြွတယောက်က ယာယီတဲတခုထဲမှာ ဖောက်ခွဲလိုက်တာ ဖြစ်ပါတယ်။

လတ်တလောကာလမှာ ဒီဗုံးခွဲမှုအပါအဝင် ဘဂ္ဂဒတ်မြို့တွင်းတိုက်ခိုက်မှုတွေကို အီရတ်တဝှမ်း ခြေကုပ်နယ်မြေ နည်းလာတဲ့ အစ္စလမ်မစ် နိုင်ငံအဖွဲ့ အိုင်အက်စ်က ပြုလုပ်နေတာ ဖြစ်ပါတယ်။