ဟီလာရီ ကလင်တန် ဆေးသုံးထားတယ်လို့ ထရမ့် စွပ်စွဲ

ထရမ့်
ဓာတ်ပုံ ပုံစာ,

သမ္မတလောင်း နှစ် ဦး စလုံး ဆေး စစ် မှု ခံယူ သင့်တယ်လို့လည်း သူက တောင်းဆို

အမေရိကန် သမ္မတလောင်း ၂ ဦး ရဲ့ စကား စစ်ထိုး ပွဲတွေမှာ ဟီလာရီ ကလင်တန် ဟာ ဆေးဝါး တစ်မျိုးမျိုး သုံးစွဲ ထားတယ်လို့ ဒေါ်နယ် ထရမ့်က စွပ်စွဲ ပြောကြား လိုက်ပါတယ်။

စကား စစ်ထိုး ပွဲ အစပိုင်းမှာ ဟီလာရီ ကလင်တန် ဟာ အလွန် အင်မတန်မှ တက်ကြွ နေခဲ့တယ်လို့ ဒေါ်နယ် ထရမ့် က ပြောပါတယ်။

အောက်တိုဘာလ ၁၉ ရက် ဗုဒ္ဓဟူး နေ့မှာ ကျင်းပမယ့် နောက်ဆုံး စကား စစ်ထိုး ပွဲမှာ သမ္မတလောင်း နှစ် ဦး စလုံး ဆေး စစ် မှု ခံယူ သင့်တယ်လို့လည်း သူက တောင်းဆို ခဲ့ပါတယ်။

သမ္မတလောင်း ယောက်လုံးကို ဆေးစစ်ဖို့ ဆောင်ရွက် သင့်ပါတယ်။ ဟီလာရီ ဘာဖြစ် နေသလဲ ဆိုတာ ကျနော် မသိနိုင်ဘူးလို့ ထရမ့်က ပြောကြားခဲ့ပါတယ်။

နယူး ဟမ့် ရှိုင်းယားမှာ ကျင်းပတဲ့ မဲဆွယ် စည်းရုံးပွဲမှာတော့ သူက ရွေးကောက်ပွဲ မှာ သူ့ကို အရေး နိမ့်အောင် မဲ မသမာ မှုတွေ လုပ်ထား တယ်လို့ စွပ်စွဲ ပြောကြား ခဲ့ပါတယ်။

ရွေးကောက်ပွဲ အကြို စစ်တမ်း တွေမှာ ဟီလာရီ ကလင်တန် က အသာ ရနေတဲ့ အတွက် အဲဒီ ရလဒ်တွေကို ချေဖျက်ဖို့ ဒေါ်နယ် ထရမ့်က ကြိုးစား နေတာလို့ ကလင်တန်ရဲ့ မဲဆွယ် စည်းရုံးရေး မန်နေဂျာ က ပြောကြား ခဲ့ပါတယ်။