ဆီးရီးယား ဒါဘစ်ဒေသကို သူပုန်အဖွဲ့ ထိုးစစ်ဆင်

ဆီးရီးယား

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

အဲဒီ ဒေသ ကို အစ္စလာမ်ဝါဒ ဖြန့်ချီရေး အနေနဲ့ IS အဖွဲ့ က အသုံးချ နေ

တူရကီ နဲ့ နယ်စပ် ဆီးရီးယား နိုင်ငံ ထဲက အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ ထိန်းချုပ် ထားတဲ့ ဒါဘစ် ဒေသ ကို ဆီးရီးယား သူပုန် အဖွဲ့ တွေက တူရကီ လေတပ် ရဲ့ လေကြောင်း ပစ်ကူ နဲ့ အတူ ထိုးစစ်ဆင် တိုက်ခိုက် နေပါတယ်။

ဒါဘစ် ဒေသဟာ ခရစ်ယန် ဘာသာမှာ ကမ္ဘာပျက်ကိန်း ကြုံတဲ့ အခါ ခံတပ် အဖြစ် ကျန်ရှိနေမယ်လို့ သမ္မာကျမ်းစာမှာ ပါရှိပြီး အဲဒီ ဒေသ ကို အစ္စလာမ်ဝါဒ ဖြန့်ချီရေး အနေနဲ့ IS အဖွဲ့ က အသုံးချ နေတာပါ။

ဒါဘစ် ဒေသ က IS အဖွဲ့ရဲ့ ထောက်ပံ့ရေး လမ်းကြောင်း တွေကို ဆီးရီးယား သူပုန် အဖွဲ့ က ပြန်လည် သိမ်းပိုက် နိုင်ခဲ့ပါတယ်။

ဆီးရီးယား နိုင်ငံ က ဒါဘစ် ဒေသ ကို IS အဖွဲ့ က သိမ်းပိုက် ထားတာ ၂ နှစ် ကျော် ခဲ့ပြီလည်း ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ဆီးရီးယား နိုင်ငံ ငြိမ်းချမ်းရေး အတွက် အဓိက အရေးပါ တဲ့ နိုင်ငံတွေ ဖြစ်တဲ့ ရုရှ နဲ့ အမေရိကန် တို့ ဆွစ်ဇာလန် နိုင်ငံမှာ တွေ့ဆုံ ဆွေးနွေး ခဲ့ကြပေမယ့် အပစ်အခတ် ရပ်စဲ ရေး အတွက် အဖြေထုတ် နိုင်ခြင်း မရှိခဲ့ပါဘူး။

ဆီးရီးယား အရေး အတွက် နှစ် နိုင်ငံအကြားမှာ သဘောထား ကွဲလွဲမှုတွေ ပြင်းထန် နေပေမယ့် ငြိမ်းချမ်းရေး အတွက် အကြံအစည် သစ်တွေကို ပွင့်ပွင်လင်းလင်း ဆွေး နွေး နိုင်ခဲ့ကြောင်း အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က ပြောပါတယ်။

အောက်တိုဘာလ ၁၇ ရက် တနင်္လာ နေ့မှာ နှစ်နိုင်ငံကြား ဆွေးနွေး ပွဲကို ထပ်မံ ကျင်းပမှာ ဖြစ်ပြီး ဆီးရီးယား ငြိမ်းချမ်းရေး အတွက် အဖြေ တခုခု ရဖို့ မျှော်လင့် ထားတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ဆိုပါတယ်။

ဆီးရီးယား ငြိမ်းချမ်းရေး အတွက် အမေရိကန် ဘက်က တင်ပြတဲ့ အကြံအစည် သစ်တွေ ဟာ စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ရုရှ နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လဗ်ရော့ဗ် က ပြန်လည် တုန့်ပြန် ခဲ့ပါတယ်။