ကန်နိုင်ငံခြားရေးဝန်ကြီး လန်ဒန်မှာ ဆီးရီးယားအရေး ဆွေးနွေး

ဆီးရီးယား

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ,

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့

ဒီကနေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက လန်ဒန်မှာ ဗြိတိန်၊ ဂျာမဏီနဲ့ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ ဆီးရီးယားမှာ အပစ်အခတ်ရပ်စဲရေးကိစ္စအတွက် ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမတိုင်ခင်မှာလည်း မစ္စတာကယ်ရီက ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွစ်ဇာလန်မှာ ဒီကိစ္စကို ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။

ဆွစ်ဇာလန်က ဆွေးနွေးပွဲမှာ ဆော်ဒီအာရေးဗီးယား၊ အီရန်နဲ့ တူရကီတို့က ကိုယ်စားလှယ်တွေ လည်း တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ အဖြေအတိအကျ မထွက်ခဲ့ပေမယ့် ဆွေးနွေးခဲ့တဲ့ ချဉ်းကပ်ပုံအသစ်တွေကနေ အဖြေရှာနိုင်မယ်လို့ မစ္စတာ ကယ်ရီနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့တို့က မျှော်လင့်နေကြပါတယ်။