အလက်ပ်ပို ဗုံးကြဲမှုတွေ ကြာသပတေးနေ့မှာ ၈ နာရီကြာ ရပ်မယ်

Aleppo
ဓာတ်ပုံ ပုံစာ,

စစ်ဘေးသင့် အလက်ပိုမြို့

ဆီးရီးယား နိုင်ငံထဲ အလက်ပ်ပိုမြို့ကို ဗုံးကြဲနေတာတွေ လာမယ့် ကြာသပတေး နေ့မှာ ၈ နာရီကြာ ရပ်ပေး ထားမယ်လို့ ရုရှားက ပြောလာပါတယ်။

အဲဒီ့ ကာလ အတွင်း အလက်ပ်ပို မှာ ရှိနေတဲ့ အရပ်သားတွေ အနေနဲ့ မြို့ကနေ ထွက်သွားဖို့ အခွင့်အလမ်း ရှိလာမှာ ဖြစ်သလို၊ ဆေးကုသဖို့ လိုအပ် နေသူတွေကို လည်း ကယ်ထုတ်ခွင့် ရနိုင် လိမ့်မယ်လို့ ရုရှား စစ်ဘက် က ဆိုပါတယ်။

အလက်ပ်ပိုမြို့မှာ ရုရှားရဲ့ ပယောဂကြောင့် မဖော်ပြ နိုင်လောက်အောင် ဆိုးဆိုးရွားရွား တွေ့ကြုံ ခံစား နေရတယ် ဆိုပြီး ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီး တွေက ပြစ်တင် ရှုတ်ချ နေပါတယ်။

အလက်ပ်ပိုကို ကြဲနေတဲ့ ဗုံးတွေဟာ မြို့နဲ့ မမျှလောက်အောင် ပမာဏများပြား ပြင်းထန် လွန်းလှတယ် ဆိုပြီး အီးယူ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ လာ့ဂ်ဆင်းဘာ့ဂ် တွေ့ဆုံပွဲကနေ ထုတ်ပြန် ထားပါတယ်။