အမေရိကန် နဲ့ လမ်းခွဲမယ်လို့ ဖိလစ်ပိုင် သမ္မတပြော

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဖိလစ်ပိုင် နိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒ ပြောင်းလဲ လာတာ ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူ တွေက သုံးသပ်

ဖိလစ်ပိုင် နဲ့ အမေရိကန် နိုင်ငံ တို့ ကြားက အခိုင်အမာ ရှိနေတဲ့ နှစ်နိုင်ငံ ဆက်ဆံရေး ကနေ ခွဲထွက်မယ်လို့ သမ္မတ ရိုဒရီဂို ဒူတာတေး ရဲ့ ထုတ်ဖော် ပြောကြားချက် ဟာ နားလည်ရ ခက်ခဲကြောင်း အမေရိကန် ဘက် က တုန့်ပြန် ပြောကြား ပါတယ်။

ဖိလစ်ပိုင် သမ္မတ ရဲ့ ပြောကြားချက် ရဲ့ အနက် အဓိပ္ပါယ် ကို နားလည်ဖို့ ဖြေရှင်းချက် ကို ရှာဖွေ သွား မယ်လို့လည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြောပါတယ်။

တရုတ် နိုင်ငံကို ဖိလစ်ပိုင် သမ္မတ တရားဝင် ခရီးရောက် ရှိ နေစဉ်မှာ ဖိလစ်ပိုင် အနေနဲ့ အမေရိကန်နိုင်ငံနဲ့ ကာလ ရှည်ကြာ ရှိခဲ့တဲ့ ဆက်ဆံရေး ကနေ လမ်းခွဲပြီး တရုတ် နိုင်ငံရဲ့ အကူအညီ ကို ရယူ သွားမယ်လို့ သမ္မတ ဒူတာတေး က ထုတ်ဖော် ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဒူတာတေး ဟာ ရှေ့နောက်မညီ တဲ့ ပြောဆို မှုတွေ မကြာခဏ လုပ်လေ့ ရှိပေမယ့် အမေရိကန် နဲ့ ဆက်ဆံရေး အပြီးသတ် မယ်ဆိုတဲ့ ပြောကြား ချက်ကို လက်တွေ့ ကျင့်သုံးလာ ရင် ဖိလစ်ပိုင် နိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒ ပြောင်းလဲ လာတာ ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူ တွေက သုံးသပ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ