အီရတ် မိုဆူးလ်မှာ IS က အရပ်သားတွေ သတ်ဖြတ်နေလို့ ကုလဆို

mosul

ဓာတ်ပုံ ရင်းမြစ်, BULENT KILIC

ဓာတ်ပုံ ပုံစာ,

စစ်ဘေးတွေကြားက ပြည်သူတွေ ပြေးလွှားနေရ

အီရတ် နိုင်ငံ မိုဆူးလ် မြို့တဝိုက်မှာ IS အစ္စလာမ္မစ် လက်နက်ကိုင်တွေက အရပ်သားတွေကို သတ်ဖြတ်နေတယ်လို့ အတည်မပြုနိုင်တဲ့ သတင်းတွေ ရကြောင်း ကုလ သမဂ္ဂက ဆိုပါတယ်။

တနေရာမှာ လူတွေ ကြောက်လန့် ခြောက်ခြားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ လူ ၁၅ ယောက်ကို သတ်ပြတယ်လို့ သတင်းရတယ်လို့ ဆိုပါတယ်။

အမျိုးသမီး ၃ ယောက်နဲ့ မိန်းကလေး ၃ ယောက်ကို IS တွေ သတ်တယ်လို့လည်း သတင်းထွက်နေပါတယ်။

ဒီအမျိုးသမီးတွေက အတင်းအကျပ် ရွှေ့ပြောင်းခံရတဲ့ ကျေးရွာ တရွာက ဖြစ်ပြီး နောက်မှာ ကျန်ခဲ့ရမလားဆိုပြီး အသတ်ခံရတယ်လို့ ဆိုပါတယ်။

ဖမ်းထားတဲ့ ရဲ အရာရှိ ၅ဝ ကျော်ကိုလည်း IS တွေက လွန်ခဲ့တဲ့ ၂ ရက်က သတ်ပစ်တယ်လို့ ယူဆ ရပါတယ်။