ကလင်တန် နိုင်ငံခြားရေး မူဝါဒ တတိယ ကမ္ဘာစစ်ကို ဉီးတည် နိုင်လို့ ထရမ့်ပြော

ဓာတ်ပုံ ရင်းမြစ်, AP
IS တွေရဲ့ ဘေးရန် ကနေ ခုခံ ကာကွယ် ဖို့ပဲ လုပ်ဆောင်သင့် တယ်လို့ သူက ဆို
ဆီးရီးယား နိုင်ငံ နဲ့ ပတ်သက်ပြီး ဟီလာရီ ကလင်တန် ရဲ့ နိုင်ငံခြားရေး ပေါ်လစီဟာ တတိယ ကမ္ဘာစစ်ကို ဦးတည် နိုင်တယ်လို့ ဒေါ်နယ် ထရမ့်က ပြောကြား လိုက်ပါတယ်။
အမေရိကန် အနေနဲ ဆီးရီးယား သမ္မတ ဘာရှာ အာဆတ် ကို ရာထူး ကနေ ဖြုတ်ချရေး ကြိုးပမ်းမယ့် အစား IS တွေရဲ့ ဘေးရန် ကနေ ခုခံ ကာကွယ် ဖို့ပဲ လုပ်ဆောင်သင့် တယ်လို့ သူက ဆိုပါတယ်။
ဟီလာရီ ကလင်တန် က ဆီးရီးယား နိုင်ငံမှာ စစ်လေယာဉ် မပျံသန်းရ နယ်နမိတ် သတ်မှတ်ဖို့ တောင်းဆိုနေတာပါ။ အဲဒါ က ရုရှ တိုက်လေယာဉ် တွေနဲ့ ပဋိပက္ခ ပိုမို ဖြစ်စေမယ်လို့ လေ့လာသူ အချို့က သုံးသပ်နေပါတယ်။
ဒေါ်နယ် ထရမ့်က မိုင်ယာမီ မှာလုပ်တဲ့ မဲဆွယ် စည်းရုံးပွဲ အတွင်းမှာ ရီပတ်ဘလီကန် ပါတီ ကိုလည်း ပြစ်တင်ပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်။
ပါတီ အနေနဲ့ စည်းလုံးမှု ရှိခဲ့မယ် ဆိုရင် အခု ရွေးကောက်ပွဲမှာ ကလင်တန် ကို အနိုင်ရမှာ ဖြစ်တယ်လို့ သူက ပြောကြား ခဲ့ပါတယ်။