ဆားဘီးယား ဝန်ကြီးချုပ် အိမ်နားမှာ လက်နက်တွေ တွေ့

ဓာတ်ပုံ ရင်းမြစ်, EPA
ဝန်ကြီးချုပ် မစ္စတာ ဗူးချစ် ဟာ အမျိုးသားရေး ဝါဒ ကို အပြင်းအထန် ယုံကြည်သူ တစ်ယောက် ဖြစ်
ဆားဘီးယား နိုင်ငံ က ဝန်ကြီးချုပ် အလက်ဇန်းဒါး ဗူးချစ် ရဲ့ နေအိမ် အနီးမှာ လက်နက် အတော်များများ ကို ရှာဖွေ တွေ့ ရှိခဲ့ရပြီးနောက် ဝန်ကြီးချုပ် ကို ပိုမို လုံခြုံ ဘေးကင်း တဲ့ နေရာကို ရဲတပ်ဖွဲ့ဝင်တွေက ပြောင်းရွှေ့ ပေးခဲ့ရပါတယ်။
ဘဲဂရိတ် မြို့နား က ဝန်ကြီးချုပ်ရဲ့ နေအိမ်မှာ ရှာဖွေ တွေ့ ရှိခဲ့ရတဲ့ လက်နက် တွေ ထဲမှာ လောင်ချာ၊ လက်ပစ်ဗုံး နဲ့ ရိုင်ဖယ် ကျည်ဆန် တွေ ပါရှိတယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ် ရဲ့ အိမ် အနား မရောက်ခင် တစ်လမ်း ကျော် မှာ အဲဒီ လက်နက် တွေကို ရှာဖွေ တွေ့ ရှိခဲ့ရတာ ဖြစ်ကြောင်း ဆားဘီးယား ပြည်ထဲရေး ဝန်ကြီး က ပြောပါတယ်။
ဝန်ကြီးချုပ် မစ္စတာ ဗူးချစ် ဟာ အမျိုးသားရေး ဝါဒ ကို အပြင်းအထန် ယုံကြည်သူ တစ်ယောက် ဖြစ်ပြီး ဥရောပ သမဂ္ဂနဲ့ ပူးပေါင်းဖို့ အရေး အစဉ် တစိုက် တောင်းဆို နေသူလည်း ဖြစ်ပါတယ်။