တောင်ကိုရီးယား အရှုပ်အထွေး၊ မစ္စက် ချွိုင် တောင်းပန်

Protestors wear masks of South Korean President Park Geun-hye (right) and her confidante Choi Soon-sil (left) at a rally in Seoul, 27 October 2016

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ,

အရှုပ်အထွေး ဖြစ်ခဲ့တဲ့ သမ္မတ ပါ့ခ်ဂွန်ဟေးနဲ့ ချွိုင်ဆွန်းဆေလ် တို့ရဲ့ ပုံတွေနဲ့ ဆန္ဒပြကြ။

တောင်ကိုရီးယား နိုင်ငံမှာ သမ္မတ ပါ့ခ်ဂွန်ဟေး အပေါ် လွှမ်းမိုး ခြယ်လှယ်ခဲ့တယ် ဆိုတဲ့ စွဲဆိုချက်ကို ရင်ဆိုင်ရတဲ့ Choi Soon-sil ချွိုင် ဆွန်း ဆေလ် ဆိုသူ အမျိုးသမီးက သူ့ရဲ့ လုပ်ရပ်တွေအတွက် တောင်ပန်စကား ပြောဆိုခဲ့ပါတယ်။

ဂမ္ဘီရ ဆရာတစ်ယောက်ရဲ့ သမီးဖြစ်သူ မစ္စက် ချွိုင်ဟာ ဆိုးလ်မြို့က အမှုစွဲ ရှေ့နေ ရုံးခန်းဆီ လာရောက်စဉ်မှာ သတင်းထောက်တွေ၊ ဆန္ဒပြသူတွေကို တောင်းပန် ပြောဆိုသွားတာပါ။

ဒါပေမယ့် ဒီလို တောင်းပန်တာဟာ သူ့မှာ အပြစ်ရှိတယ်လို့တော့ ဝန်ခံရာ မရောက်ကြောင်း သူ့ရှေ့နေက ပြောပါတယ်။

မစ္စက်ချွိုင်ဟာ အစိုးရ လုပ်ငန်းကိစ္စတွေမှာ လုံခြုံရေး ကင်းလွတ်ခွင့်မရှိဘဲ ပါဝင် စွက်ဖက်ခဲ့တယ်လို့ သတင်းတွေက ဆိုပြီး၊ သမ္မတရဲ့ မိန့်ခွန်းတချို့ကိုလည်း ပြင်ဆင်ခဲ့ဖူးတယ်လို့ ဆိုကြပါတယ်။

သမ္မတ ပါ့ခ်ဂွန်ဟေးက ဝတ်ဆင်ဖို့ အရောင်ရွေးတာမျိုး ကနေ မူဝါဒ ရေးရာလို ကြီးမားတဲ့ ကိစ္စတွေမှာပါ မစ္စက် ချွိုင်ရဲ့ အကြံဉာဏ်ကို ရယူခဲ့တယ် ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ဒီအရှုပ်အထွေးကြောင့် သမ္မတ ပါ့ခ်ဂွန်ဟေးအပေါ် ထောက်ခံမှုတွေ လျော့နည်းလာခဲ့ပြီး၊ သူရာထူးကနေ နုတ်ထွက်ပေးဖို့ အထိ

တောင်းဆို ဆန္ဒပြမှုတွေ ပေါ်ပေါက် လာခဲ့ပါတယ်။