ထရမ့်ကို ကမ္ဘာ့အန္တရာယ်လို့ အိုဘားမား သတိပေး

trump

ဓာတ်ပုံ ရင်းမြစ်, EDUARDO MUNOZ ALVAREZ

ဓာတ်ပုံ ပုံစာ,

ထရမ့်နဲ့ ကလင်တန် ပုံတူ ရုပ်ပြောင်များ

ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို နိုင်ငံနဲ့ ကမ္ဘာ့အန္တရာယ်အဖြစ် အိုဘားမားက သတိပေးလိုက်ပါတယ်။

မစ္စတာ ထရမ့်တက်လာရင် သူ့လက်ထက်မှာ အောင်မြင်ခဲ့တာတွေ အားလုံး ပြောင်းပြန် ဖြစ်သွားလိမ့်မယ်လို့ အိုဘားမားက ဆိုပါတယ်။

ထရမ့်မှာ စစ်သေနာပတိဖြစ်နိုင်တဲ့ အရည်အချင်းမရှိသလို သူတက်လာရင်လည်း လူနည်းစု တွေရဲ့ ပြည်သူ့ အခွင့်အရေးတွေကို ဖိနှိပ်ပိတ်ပင်လိမ့်မယ်လို့လည်း ဆိုပါတယ်။

ရွေးကောက်ပွဲ အတွက် အရေးကြီးတဲ့ ပြည်နယ်တခု ဖြစ်တဲ့ မြောက်ကယ်ရိုလိုင်းနားမှာ ဟီလာရီ ကလင်တန် အတွက် မဲဆွယ်စည်းရုံးရေး လုပ်နေရင်း အိုဘားမားက ဒီလို ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

ထရမ့်ကလည်း တကယ်လို့ ဟီလာရီသာ နိုင်ခဲ့ရင် တနိုင်ငံလုံး အခြေခံ ဥပဒေ အကျပ်အတည်းထဲ ဆိုက်ရောက်လိမ့်မယ်လို့ ဖလော်ရီဒါက မဲဆွယ်ပွဲတခုမှာ ပြောကြား ခဲ့ပါတယ်။