ဟော်တယ်က ကွန်ပြူတာတွေမှာ ထောက်လှမ်းဖို့ ဆော့ဖ်ဝဲ ထည့်ခဲ့

malware ကနေ ကွန်ပြူတာ ထဲက အချက်အလက်တွေ ခိုးယူနိုင်
မနှစ်တုန်းက အီရန်နဲ့ နျူကလီးယား ဆွေးနွေးပွဲ ကျင်းပခဲ့တဲ့ ဂျီနီဗာ မြို့ President Wilson ဟော်တယ် က ကွန်ပြူတာတွေမှာ အချက်အလက်တွေကို ခိုးယူ ၊ ဖျက်ဆီး ၊ ထပ်ဖြည့်တာတွေ လုပ်နိုင်တဲ့ malicious software တွေ့ရှိရတယ်လို့ ဆွစ်ဇာလန် ရှေ့နေချုပ်က ဆိုပါတယ်။
ဒါပေမယ့် ဒီလုပ်ရပ်ရဲ့ နောက်ကွယ်မှာ လက်သည် ဘယ်သူလဲ ဆိုတာကိုတော့ သူ ကပြောမသွားခဲ့ပါဘူး ။
ထောက်လှမ်းရေးနဲ့ သတင်းအချက်အလက်တွေ ရယူဖို့ ရည်ရွယ်ချက်နဲ့ ဒီဆော့ဖ်ဝဲတွေ ထည့်သွင်းခဲ့တာ ဖြစ်နိုင်တယ်လို့တရားလို ရှေ့နေရုံးက အန်ဒရီ မာတီက ပြောသွားတာ ဖြစ်ပါတယ်။
အခုတော့ ဒီကိစ္စအပေါ် ရာဇဝတ်ကြောင်း အရ စုံစမ်း စစ်ဆေးနေမှုကို ရပ်ဆိုင်းထားပါတယ်။
ဒါဟာ အမေရိကန်နဲ့ အီရန်ကြား နျူကလီးယား ကိစ္စအပေါ် အပေးအယူ လုပ်မှုတွေကို ဆန့်ကျင်နေတဲ့ အစ္စရေးရဲ့ လက်ချက် ဖြစ်ပြီး ဒီဆွေးနွေးပွဲမှာ လျှို့ဝှက် ပြောဆို ညှိနှိုင်း တာတွေကို သိလိုတဲ့ အတွက် လုပ်တာလို့ အမေရိကန် အရာရှိတွေက သံသယ ရှိနေပါတယ်။