မိုဆူးလ်မြို့ ဆင်ခြေဖုံးမှာ အီရတ်တပ်တွေ ထိုးစစ်ဆင်

Iraq-I Golden Battalion advances towards Mosul. Picture: Feras Kilani
ဓာတ်ပုံ ပုံစာ,

IS ခံစစ်စည်းကို ကျော်ဖြတ်ခဲ့ပြီးနောက် အီရတ်တပ်တွေ ရှေ့တိုး ဝင်ရောက်နိုင်။

အီရတ် နိုင်ငံ၊ မိုဆူးလ်မြို့မှာ အစိုးရ တပ်ဖွဲ့တွေက နောက်ထပ် ဆင်ခြေဖုံး နယ်မြေ တစ်ခု အတွင်းကို ထပ်မံ ထိုးစစ်ဆင် ဝင်ရောက် နိုင်ခဲ့တယ်လို့ သိရပါတယ်။

IS အစ္စလာမ္မစ် စစ်သွေးကြွတွေရဲ့ ခံစစ်ကြောင်းကို ချိုးဖျက်ကာ မြို့အရှေ့ပိုင်းက နောက်ထပ် နယ်မြေတစ်ခုထဲကို ဝင်ရောက်နိုင်ခဲ့တာ ဖြစ်ပြီး နယ်မြေရဲ့ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ် ထားနိုင်ပြီလို့ ဆိုပါတယ်။

အီရတ် အထူးတပ်ဖွဲ့တွေဟာ ရပ်ကွက်တွေထဲက လမ်းကြိုလမ်းကြားတွေမှာ IS စစ်သွေးကြွတွေနဲ့ တိုက်ခိုက် နေခဲ့တာပါ။

မိုဆူးလ်မြို့ကို ၂ နှစ်ကြာ သိမ်းပိုက်ထားတဲ့ IS တွေကို တိုက်ထုတ်ဖို့ စစ်ဆင်ရေးကို အီရတ် အစိုးရ တပ်တွေနဲ့ ကာဒစ်ရှ် တပ်ဖွဲ့တွေက အမေရိကန်ရဲ့ အကူအညီနဲ့ အောက်တိုဘာ ၁၇ ရက်နေ့က စတင် ခဲ့ကြတာ ဖြစ်ပါတယ်။

မြို့ ပတ်ပတ်လည်က ကျေးရွာတွေ၊ မြို့နယ်တွေကို သိမ်းပိုက်ခဲ့ပြီးနောက် မြို့အရှေ့ပိုင်း ဆင်ခြေဖုံး ဒေသကို ပြီးခဲ့တဲ့ အင်္ဂါနေ့က ဝင်ရောက် နိုင်ခဲ့ကြတာပါ။

မြို့ထဲမှာ အရပ်သန်း တစ်သန်းခွဲလောက် ရှိနေမယ်လို့ ခန့်မှန်းရပြီး အဲဒီ လူတွေအတွက် အလွန် စိုးရိမ်ပူပန်ရတယ်လို့ ကုလ သမဂ္ဂက ပြောထားပါတယ်။