ဟိန္ဒူတွေကို တိုက်ခိုက်သူတွေ ထပ်ဖမ်းခံရ

ဓာတ်ပုံ ရင်းမြစ်, BBC Bengali
ဒီတိုက်ခိုက်မှုတွေမှာ ဟိန္ဒူလူမျိုး ဒါဇင်နဲ့ချီပြီး ဒဏ်ရာရခဲ့
ဘင်္ဂလားဒစ်ရှ်နိုင်ငံက ဟိန္ဒူလူနည်းစုကိုတွေ အချိန်ကိုက် တိုက်ခိုက်မှုနဲ့ စပ်ဆက်သူတွေကို ရဲတွေက ထပ်မံ ဖမ်းဆီးနေပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေက စဖြစ်ခဲ့တဲ့ ဘင်္ဂလားဒက်ရှ် အရှေ့ပိုင်းမှာရှိတဲ့ ဟိန္ဒူဘုရားကျောင်း ၁၇ကျောင်းနဲ့ ဟိန္ဒူတွေ နေထိုင်ရာ အိမ်ခြေ ၁၀ဝကျော်ကို တိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး လူပေါင်း ၄၀ကျော်ကို ဖမ်းဆီးထားပြီး ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုတွေမှာ ဟိန္ဒူလူမျိုး ဒါဇင်နဲ့ချီပြီး ဒဏ်ရာရခဲ့ပါတယ်။
ဖေ့စ်ဘွတ်မှာ မူဆလင်တွေရဲ့ အထွတ်အမြတ်ထားရာ မက္ကာမြို့တော်ကို လှောင်ပြောင်တဲ့ ရေးသားမှုတခုကနေ စဖြစ်ခဲ့ပုံရတယ်လို့ သိရပါတယ်။
ဒီလို ရေးသားခဲ့တဲ့ ဟိန္ဒူလူမျိုး အကောင့်ပိုင်ရှင်က သူ့အကောင့် ခိုးယူရေးသားခံရတယ်လို့ ပြောဆိုခဲ့ပေမယ့် သူလည်း အဖမ်းခံရတဲ့အထဲ ပါဝင်ခဲ့ပါတယ်။