အဓိက ပြည်နယ်တွေမှာ သမ္မတ လောင်းတွေ အပြိုင် မဲဆွယ်

ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတ ဖြစ်ဖို့ ရေပန်း စားနေမှု မှာတော့ တစ်ယောက်နဲ့ တစ်ယောက် အပြတ်အသတ် မကွာခြား တဲ့ အနေအထား မျိုးမှာ ရှိနေ

အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းပဲ ကျန်တော့ တဲ့ အချိန်မှာ သမ္မတလောင်း နှစ်ယောက် က အဓိက ပြည်နယ် တွေမှာ မဲဆွယ် စည်းရုံးမှု တွေကို အပြိုင် အဆိုင် လုပ်နေကြပါတယ်။

ဖလော်ရီဒါ ပြည်နယ် မှာ လုပ်တဲ့ မဲဆွယ် စည်းရုံးပွဲ တွေ အပြီးမှာ သမ္မတ ဖြစ်ဖို့ ရေပန်း စားနေမှု မှာတော့ တစ်ယောက်နဲ့ တစ်ယောက် အပြတ်အသတ် မကွာခြား တဲ့ အနေအထား မျိုးမှာ ရှိနေပါတယ်။

မြောက်ကယ်ရို လိုင်း နား က မဲဆွယ် စည်းရုံးပွဲ မှာတော့ ရီပတ်ဘလီကန် သမ္မတ လောင်း ဒေါ်နယ် ထရမ့် က လာမယ့် ရက် တွေအတွင်း မြောက် ကယ်ရိုလိုင်းနားမှာ အကြီးအကျယ် အောင်ပွဲ ခံမယ်။ ပြီးရင် အိမ်ဖြူတော် ကို ပြန်လည် အနိုင် ရရှိအောင် လုပ်ပြီးတာ နဲ့ တကယ့် အပြောင်းအလဲ တွေကို စတင် သွားမယ်လို့ ပြောကြား ခဲ့ပါတယ်။

ဆက်လက်ပြီး သမ္မတ အိုဘားမား လက်ထက် က စတင် ခဲ့တဲ့ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ် ကိုလည်း ပြောင်းလဲမှု တွေ လုပ်မယ်လို့ မစ္စတာ ထရမ့် က ပြောကြား ခဲ့ပါတယ်။

နီးဗားဒါး က မဲဆွယ်ပွဲ တစ်ခုမှာ တော့ ခြိမ်းခြောက်မှု အချို့ ကြောင့် မစ္စတာ ထရမ့် ကို လုံခြုံရေးတွေက စင်ပေါ်ကနေ ခေါ်ဆောင် သွားခဲ့ကြပါတယ်။

ဖလော်ရီဒါ နဲ့ နီဗားဒါး ပြည်နယ် တွေမှာ နေထိုင် တဲ့ စပိန် နွယ်ဖွား တွေက ကြိုတင်မဲ တွေ ထည့်ခဲ့ကြပြီး အဲဒီမှာတော့ ဟီလာရီ ကလင်တန် က အရေးသာ နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ် နေပါတယ်။

အချို့ ရွေးကောက်ပွဲ စစ်တမ်း တွေမှာတော့ ဟီလာရီ ကလင်တန် က တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ အနည်းငယ် အသာရ နေကြောင်း ဖော်ပြ ထားကြပါတယ်။

ဖလော်ရီဒါ ပြည်နယ်က မဲဆွဲစည်းရုံးပွဲ တစ်ခုမှာတော့ ဟီလာရီ ကလင်တန် က အနာဂတ် အမေရိကန် အတွက် သူ့ကို မဲပေး ကြဖို့ လှုံ့ဆော် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ