ရက္ကာမြို့သိမ်းတိုက်ပွဲ အမေရိကန်ကူမယ်

ဓာတ်ပုံ ရင်းမြစ်, Reuters
သူပုန်အဖွဲ့ ဗိုလ်ချုပ်တွေက အရပ်သားတွေကို တပ်စွဲထားမယ့် နေရာတွေက ထွက်ခွာဖို့ကြေငြာခဲ့
အမေရိကန်နောက်ခံပြုထားတဲ့ ဆီးရီးယားနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ သူပုန်တွေက အစ္စလမ္မစ်နိုင်ငံအုပ်စုရဲ့ အဓိက ခြေကုပ်စခန်းတခုဖြစ်တဲ့ ရက္ကာမြို့ကို သိမ်းပိုက်ဖို့ အစီအစဉ်စမယ်လို့ ကြေညာလိုက်ပါတယ်။
ဆီးရီးယား ဒီမိုကရက်တစ်တပ်ဦးလို့ အမည်ရတဲ့ ဒီအဖွဲ့ကို အမေရိကန် လေယာဉ်တွေက ပစ်ကူ ပေးမှာ ဖြစ်ပါတယ်။
ဒီတပ်ဖွဲ့ထဲမှာ အာရပ်လူမျိုးတွေလည်း ပါပေမယ့် ကာဒ့်လူမျိုးအများစု ပါဝင်နေပါတယ်။
ကာဒ့်တွေဟာ အာရပ်တွေနဲ့ ပြဿနာရှိတဲ့အတွက် ရက္ကာဒေသက အာရပ်အများစုနဲ့ ဝင်လာမယ့် တပ်ဖွဲ့ဝင်တွေ အကြား အမြင်မကြည်တာတွေ ဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။
ဒါ့အပြင် ဒီတပ်ဖွဲ့ထဲမှာ ပါဝင်နေတဲ့ ကာ့ဒ်တပ်သားတွေဟာ တူရကီက အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ ကာ့ဒ်ပြည်သူ့ကာကွယ်ရေးတပ်စု ဝိုင်ပီဂျီထဲမှာ ပါဝင်နေတဲ့ အတွက် ရက္ကာမြို့သိမ်း တိုက်ပွဲမှာ ဒီအဖွဲ့ရဲ့ အခန်းကဏ္ဍကို အသိအမှတ် မပြုနိုင်ဘူးလို့ တူရကီဘက်က ပြောဆိုထားပါတယ်။