IS လက်အောက်က ဘက်ရှီကာ မြို့ထဲကို ကာ့ဒ်တွေ ဝင်ရောက်

ကာ့ဒ်တပ်ဖွဲ့

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ,

ဘက်ရှီကာမြို့ကို စစ်မျက်နှာ သုံးခုဖွင့်ပြီး ကာဒစ်ရှ်တွေ ဝင်ရောက်ခဲ့။

အီရတ် နိုင်ငံမှာ မိုဆူးလ်မြို့ အရှေ့မြောက်ဘက်မှာ ရှိတဲ့ IS အစ္စလာမ္မစ် စစ်သွေးကြွတွေ လက်အောက်က ဘက်ရှီကာ မြို့ထဲကို ကာဒစ်ရှ် တပ်ဖွဲ့တွေ ဝင်ရောက်နိုင်ခဲ့ပြီး စစ်သွေးကြွတွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ကာဒစ်ရှ် တပ်သားတွေဟာ အမေရိကန် လေကြောင်း အကူအညီနဲ့ တနင်္လာနေ့ မနက်ပိုင်းက ဘက်ရှီကာ မြို့ထဲကို ဝင်ရောက် နိုင်ခဲ့တာ ဖြစ်ပြီး ညနေပိုင်းမှာ မြို့တဝက်လောက်ကို ထိန်းချုပ်နိုင်ခဲ့ပြီလို့ သတင်းတွေက ဆိုပါတယ်။

IS တွေရဲ့ဌာနချုပ် ဖြစ်တဲ့ မိုဆူးလ်မြို့ကို ပြန်သိမ်းတဲ့ စစ်ဆင်ရေး တစိတ်တပိုင်း အဖြစ် ဘက်ရှီကာ မြို့ကိုပါ လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက ဝိုင်းရံ ထားခဲ့တာပါ။

မိုဆူးလ် မြို့ထဲကိုတော့ လွန်ခဲ့တဲ့ ၆ ရက် လောက်က အီရတ် အထူးတပ်ဖွဲ့တွေ ဝင်ရောက် နိုင်ခဲ့ပြီး မြို့အရှေ့ပိုင်းက ဆင်ခြေဖုံး ရပ်ကွက်တွေကို တိုက်ခိုက် သိမ်းယူနိုင်နေပါပြီ။

မိုဆူးလ်မြို့ဟာ ၂၀၁၄ ခုနှစ်မှာ IS တွေ လက်ထဲ ကျရောက်ခဲ့ပြီးနောက် သူတို့ရဲ့ ခြေကုပ်မြို့ ဖြစ်လာခဲ့တာပါ။