နောက်ဆုံး အချိန်အထိ အကြိတ်အနယ် ရှိတဲ့ အမေရိကန် မဲဆွယ်ပွဲ

ဓာတ်ပုံ မူပိုင် Reuters
Image caption ရွေးကောက်ပွဲ အကြို စစ်တမ်း တွေမှာတော့ ဒေါ်နယ် ထရမ့် ထက် ဟီလာရီ ကလင်တန် က ၄ ရာခိုင်နှုန်း ခန့် အသာ ရနေ

အမေရိကန် သမ္မတလောင်း နှစ်ဦး ဟာ ရွေးကောက်ပွဲ နောက် ဆုံး မဲဆွယ် စည်းရုံး မှု တွေ အသီးသီး လုပ်ခဲ့ကြပြီး မတူညီ တဲ့ သဘော ထား တွေကို ထုတ်ဖော် ပြောခဲ့ကြပါတယ်။

ရွေးကောက်ပွဲ အကြို စစ်တမ်း တွေမှာတော့ ဒေါ်နယ် ထရမ့် ထက် ဟီလာရီ ကလင်တန် က ၄ ရာခိုင်နှုန်း ခန့် အသာ ရနေတယ်လို့ ဖော်ပြနေပါတယ်။

ဟီလာရီ ကလင်တန် အတွက် မဲဆွယ် စည်းရုံးပေးနေတဲ့ သမ္မတ အိုဘားမား က ဒေါ်နယ် ထရမ့် ဟာ သမ္မတ ဖြစ်ဖို့ မထိုက်တန်ဘူးလို့ ဆိုပါတယ်။ ဒါဟာ သူ့ရဲ့ ရဲ့ အမြင် တစ်ခုတည်း မဟုတ်ပါဘဲ ရီပတ်ဘလီကန် ပါတီခေါင်းဆောင် အချို့ကလည်း ဒီအတိုင်းပဲ ယုံကြည့်နေပါတယ်လို့ ပြောခဲ့ပါတယ်။

ဖလော်ရီဒါ ပြည်နယ် မှာ လုပ်တဲ့ မဲဆွယ် စည်းရုံးမှု တစ်ခု မှာ အကျင့်ပျက် ချစား နေတဲ့ အမေရိကန် နိုင်ငံရေး ကို ပြုပြင်ပြောင်းလဲ ဖို့ အတွက် သူ့ကို မဲပေး ကြဖို့ ဒေါ်နယ် ထရမ့် က လှုံ့ဆော် ခဲ့ပါတယ်။

ဟီလာရီ ကလင်တန် ကတော့ ဒီမိုကရက်တစ် ပါတီ ကို ထောက်ခံ ကြသူ တွေ အနေနဲ့ မတူကွဲပြား တာတွေ ကို ပေါင်းစည်း နိုင်ဖို့ နဲ့ စုစည်း ညီညွှတ် တဲ့ နိုင်ငံ တစ်ခု ဖြစ်ဖို့ အတွက် မဖြစ် မနေ မဲပေးကြဖို့ ပစ်စ်ဘတ်ဂျ် မြို့က မဲဆွယ် စည်းရုံး ပွဲမှာ တိုက်တွန်း သွားခဲ့ပါတယ်။

ဟီလာရီ ကလင်တန် ရဲ့ ကိုယ်ပိုင် အီးမေးလ် ဆာဗာ အသုံးပြုမှု နဲ့ ပတ်သက်ပြီး အရေးယူဖို့ မရှိဘူးလို့ ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့မှာ FBI ဘက်က ထုတ်ဖော် ပြောကြား ခဲ့ပြီးနောက်၊ ကမ္ဘာ တစ်ဝှမ်း က စတော့ ရှယ်ယာ ဈေးနှုန်းတွေ အနည်း ငယ် မြင့်တက် ခဲ့ပါတယ်။

အမေရိကန် ဝေါလ်စထရိ မှာတော့ ရှယ်ယာ ဈေးနှုန်း တွေ ၂ ရာခိုင်နှုန်း အထိ မြင့် တက် ခဲ့ပြီး အာရှ နဲ့ ဥရောပ က ရှယ်ယာ ဈေးတွေလည်း အနည်းငယ် မြင့်တက် ခဲ့ပါတယ်။

ထောက်လှမ်းရေး ဗျူရို ရဲ့ ဆုံးဖြတ်ချက်ကြောင့် ရှယ်ယာ ဈေးနှုန်း တွေ မြင့်တက် ခဲ့တာ လို့ ဈေးကွက် ကျွမ်းကျင်သူတွေ က သုံးသပ် နေပါတယ်။

FBI ရဲ့ ဆုံးဖြတ်ချက် ကြောင့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဟီလာရီ ကလင်တန် က သမ္မတ ဖြစ်ဖို့ ရေပန်းစားမှု မှာ အနည်းငယ် အသာရ နေပါတယ်။

ရီတ်ဘလီကန် သမတေလာင်း ဒေးနယ် ထရမ့် ကတော့ ရွေးကောက်ပွဲ မှာ မသမာ မှု တွေ ရှိနေကြောင်း ထပ်လောင်း ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ