ရူပီး ၅ဝဝ တန်နဲ့ ၁ဝဝဝ တန် အိန္ဒိယမှာ သုံးခွင့် မရှိတော့

ငွေမည်း ကိုင်ဆောင် သူတွေကို ရည်ရွယ်ပြီး အိန္ဒိယ အစိုးရက လုပ်ဆောင်
အိန္ဒိယ နိုင်ငံမှာ တန်ဖိုးအကြီးဆုံး ငွေကြေးစက္ကူ ဖြစ်တဲ့ ရူပီး ငါးရာတန်နဲ့ တစ်ထောင်တန် တွေကို သုံးစွဲနေတာ ကနေ ရပ်တန့် လိုက်ပြီ ဖြစ်ပါတယ်။
အိန္ဒိယ အာဏာပိုင်တွေ ဘက်က အခုလို အံ့အားသင့်စရာ ခြေလှမ်း လုပ်ဆောင်မယ့် အကြောင်း ဝန်ကြီးချုပ် နရိန္ဒြာ မိုဒီက ကြေညာခဲ့ အပြီး၊ နာရီ တချို့ပဲ အချိန်ယူလို့ စတင် သက်ဝင် လာစေ တာ ဖြစ်ပါတယ်။
အကျင့်ပျက် ခြစားမှုတွေနဲ့ ငွေသားတွေ တရားမဝင် ကိုင်ဆောင်မှုကို တိုက်ဖျက် နိုင်ဖို့ ရည်ရွယ် လုပ်ဆောင်တာ ဖြစ်ကြောင်း ဝန်ကြီးချုပ် မိုဒီက ရုပ်မြင်သံကြား ကနေ ကြေညာပါတယ်။
ပယ်ဖျက် လိုက်တဲ့ ငွေစက္ကူတွေကို နောက် ရက်ပေါင်း ၅ဝ အတွင်းမှာပဲ လဲလှယ် ပေးရမယ်လို့ အစိုးရက ဘဏ်တွေကို ညွှန်ကြား ထားပါတယ်။
ရူပီး ၅ဝဝ တန် အသစ်နဲ့ ၂ဝဝဝ တန် အသစ်တွေ အစားထိုး ထုတ်ဝေ လာဖို့ ရှိနေပါတယ်။
လာဘ်စားလို့ ဖြစ်စေ၊ အခွန် ရှောင်လို့ ဖြစ်စေ တရားဝင် မကြေညာ နိုင်တဲ့ ငွေမည်း ကိုင်ဆောင် သူတွေကို ရည်ရွယ်ပြီး အိန္ဒိယ အစိုးရက အခုလို လုပ်ဆောင် လာတာ ဖြစ်ပါတယ်။