ရွေးကောက်ပွဲ ရှုံးနိမ့်မှု FBI ဒါရိုက်တာ ကို ဟီလာရီ အပြစ်တင်

ဓာတ်ပုံ ရင်းမြစ်, AFP
မဲဆွယ် စည်းရုံးမှုတွေကို ငွေကြေး ထောက်ပံ့ ခဲ့ကြတဲ့ အလှူရှင်တွေနဲ့ ဟီလာရီ ကလင်တန် က တယ်လီဖုန်း ဆက်သွယ် ပြီး ပြောကြား
ပြီးခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲမှာ ရှုံးနိမ့် ခဲ့ရတာ ဟာ FBI ဒါရိုက်တာ ဂျိမ်းစ် ကိုမီ ကြောင့် လို့ ဟီလာရီ ကလင်တန် က ပြစ်တင် ပြောကြား လိုက် ပါတယ်။
ရွေးကောက်ပွဲ မတိုင်ခင် တပတ် အလိုမှာ နိုင်ငံခြားရေး ဝန်ကြီး ဘဝက ပို့ခဲ့ပြီး FBI က ထပ်မံ ရှာဖွေ တွေ့ရှိခဲ့တဲ့ အီးမေးလ် တွကို ပြန် စစ်ဆေး မယ်ဆိုတဲ့ ထောက်လှမ်းရေး အဖွဲ့ ဒါရိုက်တာ ရဲ့ ထုတ်ပြန်ချက်ကြောင့် ရွေးကောက်ပွဲ မဲဆွယ်မှု ထိခိုက် ခဲ့ရတယ်လို့ ဟီလာရီ ကလင် တန်က ပြောပါတယ်။
သူ့ရဲ့ မဲဆွယ် စည်းရုံးမှုတွေကို ငွေကြေး ထောက်ပံ့ ခဲ့ကြတဲ့ အလှူရှင်တွေနဲ့ ဟီလာရီ ကလင်တန် က တယ်လီဖုန်း ဆက်သွယ် ပြီး ပြောကြား ခဲ့ရာမှာ သူ့ရဲ့ ပြောကြားမှု က သတင်းဌာနတွေ ဆီကို ပေါက်ကြား ခဲ့တာ ဖြစ်ပါတယ်။
FBI ဒါရိုက်တာ က ပြန်စစ်ဆေးမယ် လို့ ပြောပြီး နောက်ထပ် ရက်အနည်းငယ် အကြာမှာပဲ ရာဇဝတ်မှု အရ အရေးယူဖို့ မရှိဘူးလို့ ပြန်လည် ကြေညာချက် ထုတ် ခဲ့ပါတယ်။
FBI ဒါရိုက်တာ ရဲ့ နောက်ဆုံး ထုတ်ပြန် ချက် ဟာ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေ ဟာ အရှိန်လျော့နည်းသွားပြီး ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ် ထရမ့် ကို အနိုင်ယူဖို့ အတွက် မဖြစ်နိုင်တော့တဲ့ အနေအထား အထိ ရောက်သွား ခဲ့တယ်လို့ ဟီလာရီ ကလင်တန် က ပြောကြား ခဲ့ပါတယ်။