နယူးဇီလန်မှာ ငလျင်လှုပ်ပြီး ဆူနာမီဝင်

ဓာတ်ပုံ မူပိုင် AFP
Image caption မြို့တော် ဝဲလင်တန်အထိ ရိုက်ခတ်မှုရှိခဲ့တဲ့ ငလျင်

နယူးဇီလန်နိုင်ငံမှာ အင်အားပြင်းထန်တဲ့ ငလျင်တခု လှုပ်ခတ်ခဲ့ပြီး မပြင်းထန်သေးတဲ့ ပထမအဆင့် ဆူနာမီလှိုင်းတွေဟာ နိုင်ငံတော်ပိုင်းက ကမ်းခြေဒေသတွေကို ရိုက်ခတ်သွားခဲ့ပါတယ်။

ဒီငလျင်ဟာ ခရိုက်စ်ချာ့ချ်မြို့ မြောက်ပိုင်းနဲ့ ကီလိုမီတာ ၉၀အကွာမှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

အခုလို ငလျင်လှုပ်အပြီး ၂နာရီအကြာမှာ ပေါ်လာတဲ့ ပထမအဆင့် ဆူနာမီလှိုင်းရိုက်ခတ်မှုဟာ နာရီ အတော်အတန် ကြာမြင့်မှာ ဖြစ်ပြီး မြို့တော် ဝယ်လင်တန်က အပါအဝင် လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာ ရွေ့ပြောင်းထားပြီး ဖြစ်ပါတယ်။

အင်အား ၇.၈ ရှိတဲ့ ဒီငလျင်ကြောင့် ပင်လယ်ပြင်မှာ ပိုမို ပြင်းထန်တဲ့ ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်နိုင်တဲ့အတွက် နိုင်ငံတောင်ပိုင်း ကမ်းခြေဘက်က ဒေသခံတွေကို ကုန်းမြင့်ဘက် ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက ဆော်သြလိုက်ပါတယ်။

ငလျင်ကြောင့် လူအန္တရာယ်ထိခိုက်မှု ရှိမရှိကိုတော့ မသိရသေးပါဘူး။

နယူးဇီလန်နိုင်ငံဟာ ပစိဖိတ်သမုဒ္ဒရာအတွင်းက မီးကွင်းလို့ခေါ်တဲ့ ငလျင်လှုပ်မှုနဲ့ မီးတောင် ပေါက်ကွဲမှု အဖြစ်များတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတာ ဖြစ်ပါတယ်။

အခု ငလျင်လှုပ်တဲ့ နေရာအနီးက ခရိုက်စ်ချာ့ချ်မြို့မှာလည်း ၂၀၁၁ခုနှစ်က ငလျင် အပြင်းအထန် လှုပ်ခဲ့ဖူးပြီး လူ၁၈၅ဦး သေဆုံးခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ