အိန္ဒိယ ငွေစက္ကူ ရုပ်သိမ်းမှု အကျိုးမများနိုင် ဟုဆို

ဓာတ်ပုံ မူပိုင် AFP
Image caption အကျင်းပျက်မှုနဲ့ ငွေမည်းစုဆောင်းမှုတွေကို ပစ်မှတ်ထားပြီး ငါးရာတန်နဲ့ တစ်ထောင်တန် တွေကို ရုပ်သိမ်းခဲ့။

အိန္ဒိယ နိုင်ငံမှာ ရူပီး ငါးရာတန်နဲ့ တစ်ထောင်တန်တွေ ရုပ်သိမ်းလိုက်တဲ့ ဆောင်ရွက်ချက်ဟာ စီးပွားရေးအတွက် အကျိုးရှိနိုင်မယ့် ဆောင်ရွက်ချက် မဟုတ်ဘူးလို့ ထိပ်တန်း ဘောဂဗေဒ ပညာရှင် တစ်ယောက်က ပြောပါတယ်။

ဒီဆောင်ရွက်ချက်ဟာ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနိုင်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေး ပါရဂူဟောင်း Kaushik Basu က ပြောတာပါ။

အကျင့်ပျက်မှုတွေနဲ့ ငွေမည်း စုဆောင်းမှုတွေကို ပစ်မှတ်ထားပြီး အစိုးရက အဲဒီ ငွေစက္ကူတွေကို ပြီးခဲ့တဲ့ သီတင်းပတ်က တရားမဝင်ကြောင်း ကြေညာခဲ့တာပါ။

ဒါပေမယ့် ငွေစက္ကူ ပြန်လဲမယ့်လူတွေ ဘဏ်တွေရှေ့မှာ တန်းစီ စောင့်ဆိုင်းပြီး ရုတ်ရုတ်သဲသဲတွေ ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ငွေသား လက်ဝယ်ပိုင်ဆိုင်မှုအပေါ် အားပြုနေရတဲ့ ဝင်ငွေနည်းတဲ့ မိသားစုတွေ၊ လက်လုပ်လက်စားတွေနဲ့ သာမန် ငွေစုဆောင်းသူတွေ အတွက် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ရပါတယ်။

တနင်္ဂနွေနေ့ကတော့ အစိုးရက ငွေလဲလှယ် ထုတ်ယူနိုင်တဲ့ ပမာဏကို တိုးမြှင့် ပေးခဲ့ပါတယ်။

လူတွေ ငွေစက္ကူ စုဆောင်းတာတွေကို သိပ်မကြာခင်မှာလည်း ထပ်လုပ်လာဦးမှာ ဖြစ်လို့ အခု အစိုးရရဲ့ ဆောင်ရွက်ချက်က သိပ်ထိရောက်မှာ မဟုတ်ဘူးလို့ တချို့ စီးပွားရေး ပညာရှင်တွေက ပြောကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ