ထရမ့် နဲ့ မဟာမိတ် လုပ်ဖို့ အာဆတ် ပြောကြား

ဓာတ်ပုံ ရင်းမြစ်, EPA
စ္စတာ ထရမ့် ဟာ အလိုအလျောက် မဟာမိတ် ဖြစ်လာမှာ လို့လည်း ဘာရှာ အယ်လ် အာဆတ် က ပြော
ဆီးရီးယား က အကြမ်းဖက် သမားတွေကို ချေမှုန်း ရာမှာ အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့် နဲ့ မဟာမိတ် ဖွဲ့မယ်လို့ ဆီးရီးယား သမ္မတ ဘာရှာ အယ်လ် အာဆတ် က ပြောပါတယ်။
ဒါပေမယ့် သူ့ အနေနဲ့ ဒေါ်နယ် ထရမ့် နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ သတိထားပြီး စောင့်ကြည့် နေဆဲ ဖြစ်တယ်လို့လည်း သမ္မတ အာဆတ် က ပြောပါတယ်။
ရွေးကောက်ပွဲ မဲဆွယ် ကာလ မှာတုန်း က ပေးခဲ့တဲ့ ကတိ ပေးထားတဲ့ အတိုင်း ဆောင်ရွက် လာမယ်ဆိုရင် မစ္စတာ ထရမ့် ဟာ အလိုအလျောက် မဟာမိတ် ဖြစ်လာမှာ လို့လည်း ဘာရှာ အယ်လ် အာဆတ် က ပြောပါတယ်။
ဒေါ်နယ် ထရမ့် အနေနဲ့ သူ့ရဲ့ ကတိစကားတွေကို အမှန်တကယ် အကောင်အထည် ဖော်မလားဆိုတာကတော့ သူ့ အနေနဲ့ သံသယ ရှိတယ် လို့လည်း မစ္စတာ အာဆတ် က ဆိုပါတယ်။
ဆီးရီးယား အစိုးရ တပ်တွေနဲ့ IS အဖွဲ့ကို အတူတကွ တိုက်ခိုက် နေတာ က ရူးသွပ်မှု တစ်ခု လို့ ဒေါ်နယ် ထရမ့် က ပြောခဲ့ဘူးပါတယ်။
ဆီးရီးယား ကို တိုက်ခိုက် နေတာ က ရုရှ ကို တိုက်ခိုက် နေတာနဲ့ အတူတူပဲလို့လည်း သူက ပြောကြားခဲ့ပါတယ်။
ဆီးရီးယား နိုင်ငံမှာ ရုရှ က လေကြောင်း တိုက်ခိုက်မှုတွေကို နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ပြန်လည် စတင်ခဲ့ပါတယ်။
၂၀၁၁ ခုနှစ် ကတည်း က စတင် ခဲ့တဲ့ ဆီးရီးယား ပြည်တွင်း စစ်ကြောင့် လူပေါင်း သုံးသိန်းကျော် သေဆုံး ခဲ့ရပြီလည်း ဖြစ်ပါတယ်။