ဝေဒနာ ခံစားနေရတဲ့ နိုင်ငံခြားရေး ၀န်ကြီး အတွက် လွှတ်တော်အမတ် ကျောက်ကပ် လှူမယ်

အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီး Sushma Swaraj
အိန္ဒိယမှာ ကျောက်ကပ် ဝေဒနာ ခံစားနေရတဲ့ နိုင်ငံခြားရေး ၀န်ကြီး Sushma Swaraj အတွက် လွှတ်တော်အမတ် Rayapati Sambasiva Rao က ကျောက်ကပ် လှူဒါန်းမယ်လို့ လူသိရှင်ကြား ကမ်းလှမ်းခဲ့ပါတယ်။
မစ္စတာ ရောင်ယိုက The Hindu သတင်းစာကို ပြောကြားရာမှာ သူဟာ မစ္စက် ဆွာရက်ဂျ် နဲ့ သိတာ ဆယ်နှစ်လောက် ရှိပြီး သူ့အနေနဲ့ တက်နိုင်တာ အကူအညီ ပေးချင်တယ်လို့ ဆိုပါတယ်။
မစ္စက် ဆွာရက်ဂျ် ဟာ သူကျောက်ကပ် ဆေးနေရတဲ့ အကြောင်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အသိပေးခဲ့ပြီး နောက်ပိုင်းမှာ အိန္ဒိယက လူအများအပြားက သူ့အတွက် ကျောက်ကပ်လှူဖို့ ပြောလာကြတဲ့ အတွက် အတိုင်းမသိ ကျေးဇူးတင်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။