ရွေးကောက်ခံ ဒု သမ္မတ ကို လှောင်ပြောင်သူတွေကို တောင်းပန်ဖို့ ထရမ့် တောင်းဆို

အမေရိကန်

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ,

ဒုတိယ သမ္မတ ကို ပရိသတ်တွေက လှောင်ပြောင် အော်ဟစ် ခဲ့

အမေရိကန် ရွေးကောက်ခံ ဒုတိယ သမ္မတ မိုက်ပန့်စ် ဟာ သောကြာ နေ့ က ကပွဲ ရုံ မှာ ပွဲကြည့် ပရိသတ် တွေရဲ့ လှောင်ပြောင်မှု ကို ခံခဲ့ရ ပြီး နောက်၊ ပြဇာတ် သရုပ်ဆောင် တွေ အနေနဲ့ မိုက်ပန့်စ် ကို ပြန်လည် တောင်းပန် ဖို့ ဒေါ်နယ် ထရမ့် က တောင်းဆို လိုက်ပါတယ်။

နယူးယောက် မြို့က ကပွဲရုံမှာ အမေရိကန် နိုင်ငံ ကို တည်ထောင် ခဲ့သူ အလက်ဇန်းဒါး ဟာမီတန် ရဲ့ အကြောင်း ကို ကပြ ဖျော်ဖြေတဲ့ ပြဇာတ်မှာ ပွဲ လာကြည့် တဲ့ ဒုတိယ သမ္မတ ကို ပရိသတ်တွေက လှောင်ပြောင် အော်ဟစ် ခဲ့တာ ဖြစ်ပါတယ်။

ပြဇာတ် ပြီးသွားတဲ့ အခါ သရုပ်ဆောင် တစ်ဦး ဖြစ်တဲ့ ဘရန်ဒန် ဗစ်တာ ဒစ်ဆင် က ကျေးဇူးတင် စကား ပြောကြားရာမှာတော့ အမေရိကန် နိုင်ငံက ကွဲပြားခြားနားတဲ့ လူ့ အသိုင်း အဝိုင်း ကို ဒေါ်နယ် ထရမ့် အစိုးရ က ကာကွယ် ပေး နိုင်မှာ မဟုတ် လို့ စိုးရိမ် သောက ရောက်နေရကြောင်း ဒုတိယ သမ္မတ ဆီကို ရည်ရွယ်ပြီး ရေး ထားတဲ့ စာကို ဖတ်ကြား သွား ခဲ့ပါတယ်။

ပြဇာတ် ရုံ က လုံခြုံ စိတ်ချ ရတဲ့ အနေအထား မျိုးမှာ ရှိ သင့် ကြောင်း ဒေါ်နယ် ထရမ့်က သူ့ရဲ့ twitter မှာ ရေးသား ဖော်ပြ ခဲ့ပါတယ်။ ပြီးတော့ အခု လုပ်ရပ်ဟာ အင်မတန်ရိုင်းတယ်လို့လည်း သူက ရေးသား ခဲ့ပါတယ်။

သရုပ်ဆောင် တစ်ဦး ဖြစ်တဲ့ ဘရန်ဒန် ဗစ်တာ ဒစ်ဆင် ကတော့ သမ္မတ ကို စကားပြောကြားခဲ့တာ သာဖြစ်ပြီး အနှောင့်အယှက် ပေးတာ မဟုတ်ဘူးလို့ ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။