တောင်ကိုရီးယား သမ္မတ နုတ်ထွက်ဖို့ ဆန္ဒရှိနေ

ဓာတ်ပုံ မူပိုင် EPA
Image caption သူ အဆင်ပြေပြေ နုတ်ထွက်နိုင်အောင် နည်းလမ်းရှာဖို့ လွှတ်တော် အမတ်တွေကို ပြောထား။

တောင်ကိုရီးယား သမ္မတ ပါ့ခ်ဂွန်ဟေးက သူ ရာထူးကနေ ဆင်းပေးမှာ ဖြစ်ပြီး အဲဒီအတွက် နည်းလမ်းရှာဖို့ ပါလီမန်ကို အကူအညီ တောင်းထားတယ်လို့ ပြောလိုက်ပါတယ်။

မစ္စက် ပါ့ခ်ရဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်တွေမှာ သူ့ရဲ့ ကာလရှည် မိတ်ဆွေတစ်ယောက်ရဲ့ လွှမ်းမိုးမှုတွေကို ခွင့်ပြုထားခဲ့တယ် ဆိုတဲ့ အရှုပ်တော်ပုံ ပေါ်ပေါက်ခဲ့ပြီးနောက် သမ္မတ ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုမှုတွေကို သူ ကြုံနေရတာပါ။

မစ္စက် ပါ့ခ်က သူ့ရဲ့ သမ္မတရာထူး သက်တမ်းကို လျှော့ချဖို့ အပါအဝင် သူ့ရဲ့ အနာဂတ်အတွက် ပါလီမန်ကို ပုံအပ်ထားတယ်လို့ သူက ပြောပါတယ်။ ဒါပေမယ့် သူ့နေရာ တာဝန်ယူမယ့်သူ မရှိဘဲတော့ နုတ်မထွက်ချင်ဘူးလို့ ဆိုပါတယ်။

သူ့ကို ပြစ်တင်စွဲဆိုမှု လုပ်မယ် မလုပ်ဘူး ဆိုတာကိုတော့ ပါလီမန်က သောကြာနေ့မှာ ဆွေးနွေးဖို့ ရှိပါတယ်။

မစ္စက် ပါ့ခ်ရဲ့ ပါတီတွင်းက တချို့ကတော့ အဲဒီ အချိန်မတိုင်မီ သိက္ခာရှိရှိနဲ့ စောစောစီးစီး နုတ်ထွက်သင့်တယ်လို့ ပြောနေကြပါတယ်။

အတိုက်အခံ ပါတီတွေကတော့ စွဲဆိုပြစ်တင် ခံရမှုကနေ လွတ်ဖို့ အခု မစ္စက် ပါ့ခ် ကြိုးစားနေတယ်လို့ ပြောဆိုနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ