Chapecoense ကို ဘောလုံးသမား ငှားမယ်လို့ ဘရာဇီး ဘောလုံး ၁၁ သင်း က ပြော

ဓာတ်ပုံ ရင်းမြစ်, AFP
Chapecoense အသင်း ရဲ့ တန်းဆင်း ရမယ့် အရေး ကနေ ၃ နှစ် တိတိ ကာကွယ် ပေးဖို့ ကိုလည်း ဘရာဇီး ဘောလုံး အသင်း တွေက တောင်းဆို ခဲ့
ဘရာဇီး က Chapecoense အသင်းသား တွေ စီးနင်း လိုက်ပါလာတဲ့ လေယာဉ်ပျံ ကိုလံဘီယာ နိုင်ငံမှာ ပျက်ကျ ခဲ့ပြီးနောက် ကမ္ဘာ တစ်ဝှန်း က အားကစား သမား တွေက ဝမ်းနည်း ကြောင်း အသီးသီး တုန့်ပြန် ခဲ့ကြပါတယ်။
ဘောလုံး လောက အတွက် ကြေကွဲဖွယ် နေ့ရက် တစ်ရက် ဖြစ်တယ်လို့လည်း ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် FIFA က ထုတ်ပြန် ခဲ့ပါတယ်။
Chapecoense အသင်း ဟာ ကိုပါတောင်အမေရိက ဖလား နောက်ဆုံး ဗိုလ်လု ပွဲစဉ် ယှဉ်ပြိုင် ဖို့ အတွက် ကိုလံဘီယာ နိုင်ငံ ကို ခရီးထွက်ခွာ လာခဲ့တာ ဖြစ်ပါတယ်။
ဘရာဇီး နိုင်ငံက ကလပ်အသင်း ရဲ့ ဘောလုံး ကွင်းမှာ ပရိသတ် တွေက စုဝေး ခဲ့ကြပြီး သေဆုံး ခဲ့သူ တွေ အတွက် ဝိုင်းဝန်း ဆုတောင်း ပေး ခဲ့ ကြ ပါတယ်။
ဘရာဇီး ဘောလုံး လောက အတွက် ကြေကွဲ စရာ နေ့ တစ်နေ့ ဖြစ်ပြီး ဝမ်းနည်း ပူဆွေး ဖွယ် ကာလ ၃ ရက် သတ်မှတ် ထားပါတယ်။
Chapecoense ဘောလုံး အသင်း က အဓိက ကစားသမား အတော်များများ ဟာ လေယာဉ် ပျက်ကျ တဲ့ အထဲ ပါဝင် သွားတဲ့ အတွက် ဘရာဇီး နိုင်ငံ အတွင်း က ဘောလုံး အသင်း ၁၁ ဟာ သူတို့ ရဲ့ ကစားသမားတွေကို အခကြေးငွေ မယူဘဲ အငှား ချ ထား ပေးမယ် လို့ ဆိုပါတယ်။
Chapecoense ဘောလုံး အသင်းမှာ ကစားသမား ငါးယောက်ပဲ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ အသင်း ကို ပြန်လည် တည်ဆောက် ဖို့ ဘောလုံး သမား တွေကို ငှားမယ် ဆိုတဲ့ အတွက် ကျေးဇူး တင်ကြောင်း အသင်း ရဲ့ ဒုတိယ ဥက္ကဋ္ဌ အီဗန် တော်ဇို က ပြော ပါတယ်။
ဘရာဇီးဘောလုံး အဖွဲ့ချုပ် အနေနဲ့ Chapecoense အသင်း ရဲ့ တန်းဆင်း ရမယ့် အရေး ကနေ ၃ နှစ် တိတိ ကာကွယ် ပေးဖို့ ကိုလည်း ဘရာဇီး ဘောလုံး အသင်း တွေက တောင်းဆို ခဲ့ကြပါတယ်။
ကွယ်လွန် သွားကြတဲ့ ဘောလုံး သမားတွေရဲ့ အလောင်း တွေကို ဘရာဇီး နိုင်ငံကို ပြန်လည် သယ်ယူ ပြီး အသင်းရဲ့ အားကစား ကွင်းမှာ အသုဘ အခမ်းအနား ကို ကျင်းပ သွားမယ်လို့လည်း အသင်း တာဝန် ရှိသူတွေက သတင်း ထုတ်ပြန် ခဲ့ပါတယ်။
ဘရာဇီး ဘောလုံးအသင်းရဲ့ လေယာဉ် ပျက်ကျ၊ ၆ ဦးသာ အသက်ရှင်
ဘရာဇီး ထိပ်တန်း ဘောလုံးအသင်း တစ်သင်းရဲ့ ကစားသမားတွေ အပါအဝင် လူ ၈၁ ဦး လိုက်ပါသွားတဲ့ လေယာဉ် တစ်စီးဟာ ကိုလံဘီယာ နိုင်ငံ၊ မက်ဒယ်ဂျင်းမြို့ အနီးမှာ ပျက်ကျခဲ့။