ကန် ကုမ္ပဏီတွေ နိုင်ငံခြား ပြောင်းရင် အကျိုးဆက် ကြုံတွေ့စေမယ်လို့ ဒေါ်နယ် ထရမ့် ပြော

အမေရိကန်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ,

USA Thank you Tour 2016 အဖြစ် အမေရိကန် ပြည်နယ် တွေကို ကျေးဇူး တင်ကြောင်း ခရီး လှည့်လည် ပြောကြား

အမေရိကန် ကုမ္ပဏီ တွေ အနေနဲ့ နိုင်ငံရပ်ခြား မှာ ကုမ္ပဏီ ပြောင်းရွှေ့ဖွင့်လှစ် မယ်ဆိုရင် အကျိုးဆက် တွေကို ခံစားရ လိမ့်မယ်လို့ ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့်က သတိပေး ပြောကြား လိုက်ပါတယ်။

အင်ဒီယားနား ပြည်နယ် က လေအေး ပေးစက် တွေ ထုတ်လုပ် တဲ့ ကာရီယာ ကုမ္ပဏီ ကို အမေရိကန် နိုင်ငံမှာဘဲ ဆက်လက် ရှိနေဖို့ သွားရောက် စည်းရုံး ခဲ့ပြီး နောက်မှာ ဒေါ်နယ် ထရမ့် က အခုလို ပြောကြား လိုက်တာ ပါ။

အပြန်အလှန် အနေနဲ့ အင်ဒီယားနား ပြည်နယ် အစိုးရက ကယ်ရီယာ ကုမ္ပဏီ ကို ဒေါ်လာ ၇ သန်း အကောက်ခွန် လျော့ပေါ့ ပေးခဲ့ပြီးနောက်မှာ အမေရိကန် နိုင်ငံမှာ ဘဲ ဆက်ရှိနေဖို့ ကုမ္ပဏီ ဘက်က သဘောတူညီ ခဲ့ပါတယ်။

အင်ဒီယာနား ပြည်နယ်က အလုပ်သမား ထောင်ပေါင်း များစွာ ကိုလည်း အလုပ် အကိုင် တည်မြဲအောင် ဆောင်ရွက် ပေးခဲ့တယ်လို့ ဒေါ်နယ် ထရမ့် က ပြောကြား ခဲ့ပါတယ်။

ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့် ဟာ ရွေးကောက်ပွဲ အောင်နိုင်ခဲ့တဲ့အတွက် USA Thank you Tour 2016 အဖြစ် အမေရိကန် ပြည်နယ် တွေကို ကျေးဇူး တင်ကြောင်း ခရီး လှည့်လည် ပြောကြား နေပါတယ်။