ကမ္ဘာ့မြို့ကြီး ၄ ခု ၂ဝ၂၅ က စပြီး ဒီဇယ်ကားတွေ ပိတ်မယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြို့တွေရဲ့ လေထု အရည်အသွေး ညံ့ဖျင်းနေတာကို ပိုကောင်းအောင် ပြုပြင်
ကမ္ဘာ့မြို့တော်ကြီး ၄ ခုက မြို့ဝန်တွေက ၂ဝ၂၅ က စပြီး သူတို့မြို့တွေမှာ ဒီဇယ်ဆီသုံးတဲ့ လူစီးကားတွေ ကုန်တင်ကားတွေ အသုံးပြုမှု ပိတ်တော့မယ်လို့ ဆိုပါတယ်။
ပဲရစ်၊ မက္ကဆီကို စီးတီး၊ မက်ဒရစ်နဲ့ အေသင် မြို့တော်ဝန် တွေက သူတို့ မြို့တွေရဲ့ လေထု အရည်အသွေး ညံ့ဖျင်းနေတာကို ပိုကောင်းအောင် ပြုပြင်ချင်လို့ ဒီလို ပိတ်ဖို့ စီစဉ်တာလို့ ဆိုပါတယ်။
တနှစ်တနှစ် လေထုညစ်ညမ်းမှုကြောင့် သေရသူ ၃ သန်း ရှိတယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ဆိုပါတယ်။
ဒီဇယ် အင်ဂျင်က ထွက်တဲ့ အမှုန်တွေက လူတွေရဲ့ အဆုတ်ထဲ ဝင်ပြီး အသက်ရှူလမ်းကြောင်းနဲ့ နှလုံးရောဂါတွေကို ပိုဆိုးစေပါတယ်။
ဒီဇယ်ကားတွေကို လျှပ်စစ်နဲ့ ဟိုက်ဒရိုဂျင် စွမ်းအင်သုံး ကားတွေနဲ့ အစားထိုးဖို့ ဆွဲဆောင် စည်းရုံးသွားမယ်လို့လည်း ဒီမြို့ဝန်တွေက ပြောပါတယ်။
တခြားမြို့ကြီးတွေမှာလည်း မကြာခင် ဒီဇယ်ကားတွေ ပိတ်လာနိုင်တာကြောင့် ကားထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေ အမီလိုက်ပြီး ပြုပြင်ကြလိမ့်မယ်လို့ ဘီဘီစီ ပတ်ဝန်းကျင်ရေးရာ သုံးသပ်သူက ဆိုပါတယ်။