တော်လှန်ရေး ပထမဆုံး စစ် ဖြစ်ခဲ့ရာ မြို့မှာ ဖီဒယ် အနားယူပြီ

Image caption တော်လှန်ရေး စတင်ရာ မြို့မှာ ဖီဒယ် အနားယူပြီ

ကွယ်လွန်သူ ကျူးဘား တော်လှန်ရေး ခေါင်းဆောင် ဖီဒယ် ကက်စ်ထရို ရဲ့ ကြွင်းကျန်တဲ့ အရိုးပြာ အိုးကို အရှေ့ဘက်ပိုင်း စင်တီယာဂို မြို့မှာ မြှုပ်နှံ ခဲ့ပြီ ဖြစ်ပါတယ်။

ကက်စ်ထရို ဦးဆောင်တဲ့ ကျူးဘား တော်လှန်ရေးရဲ့ ပထမဆုံး တိုက်ပွဲဟာ စင်တီယာဂို မြို့မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ဝ ကျော်က ဖြစ်ခဲ့တာပါ။

အထိမ်းအမှတ် ကျောက်တုံးကြီး တစ်ခုမှာ အရိုးပြာ သေတ္တာ ထည့်ဖို့ အံပေါက် ပြုလုပ် ထားပြီး၊ ကျောက်တုံးပေါ် မှာ ဖီဒယ်လို့ ရိုးရိုးရှင်းရှင်း ရေးသား ထားပါတယ်။

အခမ်းအနားကို ဖီဒယ်ရဲ့ ကျန်ရစ်သူ ဇနီး နဲ့ သားတွေ ၊ ညီဖြစ်သူ လက်ရှိ သမ္မတ ရာအူးလ် ကက်စ်ထရို တို့လို မိသားစု ဝင် သီးသန့်နဲ့ ကျင်းပ ခဲ့တာ ဖြစ်ပါတယ်။

နီကာရားဂွား နဲ့ ဗင်နီဇွဲလား နိုင်ငံတွေ ရဲ့ သမ္မတ နှစ်ဦး အပါအဝင် ကျူးဘားရဲ့ နီးကပ်တဲ့ မဟာမိတ် တိုင်းပြည်တွေက သူတချို့ တော့ ရှိနေ ခဲ့ကြပါတယ်။

ကက်စ်ထရို အရိုးပြာအိုးကို သယ်ဆောင် လာခဲ့ရာ လမ်းတလျှောက် မှာတော့ လမ်း ဘေး ဝဲယာ တလျှောက်မှာ ဖီဒယ် ကက်စ်ထရို အပေါ် လေးစား ကြည်ညိုသူတွေ ရပ်တန့် စောင့်ဆိုင်း နေခဲ့ကြပြီး၊ တချို့က တော့ "ငါဟာ ဖီဒယ် ဖြစ်တယ်" လို့ ကြွေးကြော် ဟစ်ကြွေးသလို၊ ကျူးဘား နိုင်ငံတော် သီချင်း သီဆို ကြသူတွေ လည်း ရှိခဲ့ ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ