အငြင်းပွားစရာ အိန္ဒိယနိုင်ငံရေးသမား ကျန်းမာရေးစိုးရိမ်ရ

ဓာတ်ပုံ မူပိုင် AFP
Image caption ဆေးရုံရှေ့မှာ ရွတ်ဆို ဆုတောင်း

အိန္ဒိယ နိုင်ငံရဲ့ အငြင်းပွားစရာ အကောင်းဆုံးနဲ့ နိုင်ငံရေး သြဇာ ကြီးမားသူ တစ်ယောက်ဖြစ်တဲ့ Jayalalithaa Jayaram ဟာ ရုတ်တရက် နှလုံးခုန် ရပ်သွားခဲ့ပြီးနောက် အသက်ရှူစက် တပ်ဆင်ထားရပါတယ်။

ချင်နိုင်း မြို့က ပုဂ္ဂလိက ဆေးရုံမှာ ကုသမှု ခံယူနေတဲ့ နိုင်ငံတောင်ပိုင်း တမီနာဒူး ပြည်နယ်ဝန်ကြီးချုပ် Jayalalithaa Jayaram ဟာ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေတယ်လို့ သိရပါတယ်။

ရာနဲ့ချီတဲ့ သူ့ပါတီဝင်တွေနဲ့ ပါတီကို ထောက်ခံသူတွေက ဆေးရုံရှေ့မှာ စုရုံး ရောက်နေကြပြီး ရွတ်ဆို ဆုတောင်းတာတွေ လုပ်နေကြပါတယ်။

အသက် ၆၉ နှစ် အရွယ်Jayalalithaa Jayaram ဟာ နိုင်ငံရေး လောကထဲကို မဝင်ခင် ၁၉၈ဝ ပြည့်လွန် နှစ်တွေ အတွင်းက တမီ ရုပ်ရှင်ကား ၁ဝဝ ကျော်မှာ သရုပ်ဆောင်ခဲ့ပါတယ်။