အီတလီ ဝန်ကြီးချုပ်ကို ရာထူးမှာ ရက် အနည်းငယ် ဆက်နေဖို့ သမ္မတ တိုက်တွန်း

Image caption ရာထူးသက်တမ်း နှစ်နှစ်ခွဲ အကြာ ဝန်ကြီးချုပ် နှုတ်ထွက်

အီတလီ ဝန်ကြီးချုပ် မက်တေးအိုး ရန်ဇီဟာ သူ့ရဲ့ နှုတ်ထွက်လွှာကို သမ္မတထံ တရားဝင် တင်သွင်း လိုက်ပြီ ဖြစ်ပါတယ်။

တနင်္ဂနွေ နေ့က ကျင်းပခဲ့တဲ့ လူထု ဆန္ဒ ခံယူပွဲမှာ သူလိုလားတဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဘက်က ရှုံးနိမ့်သွားတဲ့ နောက် ကတိ အတိုင်း ရာထူးကနေ နှုတ်ထွက်တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပါလီမန်ကနေ အစိုးရ အသုံးစားရိတ် ဘတ်ဂျက်ကို အတည်ပြု ပေးလာမယ့် အချိန် အထိတော့ ဝန်ကြီးချုပ် အဖြစ် ဆက်လက် ရှိနေပေးဖို့ မစ္စတာ ရန်ဇီကို သမ္မတ ဆာဂီယို မက်ထရဲလား က တောင်းဆို ထားပါတယ်။

ဘတ်ဂျက်ကို ပါလီမန်က လာမယ့် သောကြာ နေ့မှာ အတည်ပြုလာ နိုင်ဖွယ် ရှိပါတယ်။

အဲဒီ့နောက်မှာတော့ သမ္မတ မက်ထရဲလား အနေနဲ့ ယာယီ အစိုးရ တစ်ရပ် ခန့်ထားရမလား၊ ရွေးကောက်ပွဲ တစ်ရပ် အချိန်မတိုင်မှီ စောစီးစွာ ကျင်းပ ပေးရမလား ဆိုတာ ဆုံးဖြတ် ရတော့မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ